ဝက်စုတ်လေး
ကျွန်တော်သည် ၀က်စုတ်လေးကို သိပါသည်။
ဝက်စုတ်လေးကလည်း ကျွန်တော့်ကို သိပါသည်။ သိသည် ဆိုသည်မှာကို
အနည်းငယ်တွေးကြည့်ချင်ပါသည်။ အငြိမ့်မင်းသမီးတစ်ဦးက မျက်နှာချေမှုန့်ကို
သိသော သိခြင်းမျိုးလော။ မုဆိုးက သားကောင်၏ သေကွင်းသေကွက်ကို
သိခြင်းမျိုးလော။ ရော်ဂျာဖက်ဒါးရား က သူ့ဆီလာနေသည့် တင်းနစ်ဘောလုံး၏
လည်အား၊ အပျော့အပြင်းကို သိနေခြင်းမျိုးလော။ ပင့်ကူ တစ်ကောင်သည်
သူ၏မွေးရာပါ ပိသုကာပညာရပ်ကို သိနေခြင်းမျိုးလော။ ချိန်ခွင်လျှာတစ်ခုသည်
သူမည်သည့် ဘက်ကိုတိမ်းစောင်းရမည်ကို အာရုံခံသိနေခြင်းမျိုးလော။
အမျိုးမျိုးဖြစ်နိုင်ပါသည်။ သေချာတာကတော့ ကျွန်တော်တို့ သိကြပါသည်။
ဝက်စုတ်လေးသည် ၀က်စုတ်လေးသာ ဖြစ်ပါသည်။ ထိုထပ်ပိုပြီး
မမြင်စေချင်ပါ။ ၀က်စုတ်လေးသည် ပါးဖောင်းတတ်၏။ ၀က်စုတ်လေးသည်
မျက်လုံးအနည်းငယ်စွေ၏။ ၀က်စုတ်လေးသည် အ၀တ်ဖိနပ်လေးနှင့် လိုက်မည်ဟု ထင်၏။
ဝက်စုတ်လေးသည် ဆေးသောက်ရမှာကြောက်၏။ ၀က်စုတ်လေးသည် တံမြက်စည်းလှည်းရသည်ကို
ကျွမ်းကျင်ဝါသနာပါ၏။ ၀က်စုတ်လေးသည် ကြင်နာသနား တတ်သူဖြစ်၏။ ၀က်စုတ်လေးသည်
ပုခုံးပေါ်သစ်ရွက်လေးရုတ်တရက်ကြွေကျလာသည်ကိုပင် ထိတ်လန့်တတ်၏။ ၀က်စုတ်လေးသည်
အငိုလွယ်သည်။ ၀က်စုတ်လေးသည် အရယ်လွယ်သည်။ ၀က်စုတ်လေးတွင် ထူးခြားသော
ကိုယ်ခန္ဓာအမူအရာရှိ၏။ ၀က်စုတ်လေးသည် အလွန်ဘာသိဘာသာ နေတတ်သူဖြစ်၏။
ဝက်စုတ်လေးသည် စပ်စုလွန်းသူလည်းဖြစ်၏။ ၀က်စုတ်လေးသည် “သြော်” ဟု
အသံရှည်ဆွဲကာပြောတတ်၏။ (ထိုအသံတွင်ရိုးသားမှုများသာ ပါသည်။) ၀က်စုတ်လေးသည်
ကလေးဆန်၏။ ထို့ကြောင့် ၀က်စုတ်လေးကို လူကြီးဖြစ်ပြီဟုလည်း ဆိုနိုင်၏။
ဝက်စုတ်လေးသည် ပွင့်လင်းသင့်သည့်အခါတွင် မပွင့်လင်းတတ်။ ၀က်စုတ်လေးသည်
မပြောသင့်သည့်အချိန်တွင်မူ တုတ်ထိုးအိုးပေါက်ပြောတတ်၏။ ၀က်စုတ်လေးကြောင့်
ခက်ခဲရ၏။ ၀က်စုတ်လေးကြောင့်လွယ်ကူရ၏။ ၀က်စုတ်လေးကို ကျွန်တော်နားမလည်။
ထို့ကြောင့် ၀က်စုတ်လေးကို ကျွန်တော်နားလည်လာသည်။
နားလည်မှု
ငါပြောတာ မင်းယုံဖို့မလိုပါ
မင်းပြောတာလည်း ငါမယုံပါ
ငါတို့ခင်မင်နေကြမြဲသာ။
နေမျိုး
ဆရာနေမျိုး၏ ကဗျာတစ်ပုဒ်ဖြစ်သည်။ ၀က်စုတ်လေးနှင့်ကျွန်တော့် အတွက်မှာမူ ထိုကဗျာကို ပြောင်းပြန် လုပ်ပစ်ရမည်ဖြစ်သည်။
ယုံကြည်မှု
သူ့ကိုလည်း ငါနားမလည်ပါ
ငါ့ကိုလည်း သူနားမလည်ပါ
ငါတို့လက်တွဲကြမြဲသာ ။
ထိုသို့ပြောင်းပစ်ရမည်ဖြစ်၏။
ဝက်စုတ်လေးသည် တောင်တန်းတစ်ခုမဟုတ်ကြောင်းသိစေလိုပါသည်။ သူ့ကို
ကျော်လွှားအောင်နိုင် ခြင်းဖြင့် ကျွန်တော်ဂုဏ်မယူလိုပါ။ ၀က်စုတ်လေးသည်
ရေတွင်းပျက်တစ်ခုမဟုတ်ကြောင်း သိစေလိုပါသည်။ မိုက်ရူးရဲစွာ
ခုန်ဆင်းခြင်းဖြင့် ကျွန်တော်အသက်အသေမခံနိုင်ပါ။ ၀က်စုတ်လေးသည်
မြန်မာအငြိမ့်ဗီစီဒီ တစ်ချပ် မဟုတ်ကြောင်းသိစေလိုပါသည်။
မကြည့်ချင်သည့်နေရာကို အမြန်ရစ်ပစ်လိုက်ခြင်းဖြင့် သူ့ကို ကျွန်တော်
မထီမဲ့မြင်မလုပ်လိုပါ။ ၀က်စုတ်လေးသည် စက္ကူစွန်မဟုတ်ကြောင်း သိစေလိုပါသည်။
လေစီးအဟုန် ထဲမှာ လွင့်လိုရာမျောနေခြင်းကို ကျွန်တော်လက်မခံလိုပါ။
ဝက်စုတ်လေးသည် စုဗူးတစ်ခုမဟုတ်ကြောင်း သိစေလိုပါသည်။ သေးငယ်သောဆန္ဒကို
ချိုးနှိမ်ခြင်းဖြင့် ကြီးမားသောမျှော်လင့်ချက်ကို ထားခြင်း၊ ထိုမျှော်လင့်
ချက်ပြည့်ဝသောအခါ မျက်နှာလွဲခဲပစ် ရိုက်ခွဲဖောက်ထုတ်ခြင်းဖြင့်
သူ့အပေါ်ကျွန်တော်မရက်စက်နိုင်ပါ။ ၀က်စုတ်လေးသည် မှန်တစ်ချပ်မဟုတ်ကြောင်း
သိစေလိုပါသည်။ မိမိကိုယ်တိုင်မဆုံးဖြတ်ရဘဲ သူများပြုံးတိုင်း လိုက်ပြုံး ၊
သူများမဲ့တိုင်း လိုက်မဲ့သော ဘ၀မျိုး သူ့ကိုကျွန်တော်မဖြစ်စေလိုပါ။
ဒုတိယအကြိမ်ထပ်ဆိုပါမည်။ ၀က်စုတ်လေးသည် ၀က်စုတ်လေးသာ ဖြစ်ပါသည်။
“ဒီနေ့ ကောင်းကင်ကြီး ပိုလှနေသလိုပဲ” ဟုမပြောမိစေဖို့ ၀က်စုတ်လေးသည်
ဝက်စုတ်လေးသာ ဖြစ်နေရပါမည်။ “Why me? Why me?” ဟု အော်ဟစ်မနေမိအောင်လည်း
ဝက်စုတ်လေးသည် ၀က်စုတ်လေးသာ ဖြစ်နေသင့် ပါသည်။ “အဓိပတိလမ်းကခြေရာများ”
သီချင်းကို Over-expression နှင့်မဆိုမိအောင်လည်း ၀က်စုတ်လေး သည်
ဝက်စုတ်လေးသာ ဖြစ်နေရပါမည်။ “ရှုံးနိမ့်ခြင်းဟာ ၀ီစကီခွက်ရဲ့
နှုတ်ခမ်းဖျားမှာ” ကဲ့သို့သော စာသားများ မရေးဖွဲ့မိအောင်လည်း ၀က်စုတ်လေးသည်
ဝက်စုတ်လေးသာ ဖြစ်နေရသင့်ပါသည်။ ကောက်ရိုးမီး ဆန္ဒများအတွက်
ထွက်ပြေးလွတ်မြောက်ချင်စိတ်များမဖြစ်ပေါ်စေရန်လည်း ၀က်စုတ်လေးသည် ၀က်စုတ်လေး
သာဖြစ်ရပါမည်။ ကျွန်တော်တို့တတွေ ရှပ်အင်္ကျီကြယ်သီးကိုအပြည့်တပ်နိုင်ဖို့၊
ဟုတ်ကဲ့ပါဆရာမဟု ချက်ခြင်း ပြန်ပြောနိုင်ဖို့ ၊ Br.bean ၏ ဟာသာကားသစ်ကို
သူငယ်ချင်းများနှင့်အတူ ရယ်မောနိုင်ဖို့ ၊ အိမ်ရှေ့ မှာ လာလာနားတတ်သည့်
“ချိုးလည်ပြောက်”လေးအချို့ကို ဆန်ကလေးများ ပက်ကျဲကျွေးမွေးနိုင်ဖို့ ၊
ခလုတ် တိုက်ချော်လဲသွားသော ကလေးတစ်ယောက်ကို မြန်မြန်ဆန်ဆန်ထူမ,
ပေးလိုက်နိုင်ဖို့ ၊ စသည်စသည် တို့အတွက် ၀က်စုတ်လေးသည် ၀က်စုတ်လေးဖြစ်နေမှ
ရပါလိမ့်မည်။ ကျွန်တော်သည် ၀က်စုတ်လေးကို သိရုံ သာ သိသည်မဟုတ်၊ ၀က်စုတ်လေး၏
ရှိခြင်း ၊ ဖြစ်ခြင်းကိုလည်း တန်ဖိုးထားပေးရပါမည်။
သို့သော် လက်အိတ်ကိုချွတ်ပြီးမှ မနက်ခင်းကို ကိုင်တွယ်သင့်ကြောင်း
ဝက်စုတ်လေး သဘော ပေါက်သင့်သည်။ “ညအခါ လသာသာ ၊ ကစားမလား ၊ နားမလား” ဟု
အလွတ်ရရုံနှင့်မပြီး ၊ ကစားမလား နားမလားဆိုတာကို
ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချသင့်ကြောင်း ၀က်စုတ်လေး နားလည်သင့်သည်။
အချို့သော အခြေအနေများတွင် အခန်းထောင့်မှာကပ်ပြီး ပုန်းနေမည့်အစား
အခန်းတံခါးကိုဆွဲဖွင့်ပြီး မျက်စိရဲရဲ ဖွင့်ကြည့်ဖို့ ၀က်စုတ်လေး
သတ္တိမွေးသင့်သည်။ ပစ္စပ္ပန်တည့်တည့်မှာ တကယ်မနေနိုင်သေးသ၍ အနာဂတ်ကို
မေ့လျော့ထားလို့မဖြစ်ကြောင်း ၀က်စုတ်လေး သတိထားသင့်သည်။ ရေစုန်မှာ
မျှောလိုက်ခြင်းဟာ ရေစီးကို ဆန်တက်ခြင်းထက် အန္တရာယ်များကြောင်း
ဝက်စုတ်လေးလေ့လာသင့်သည်။ မောစရာပန်းစရာများကို ဟာသ လုပ်ပစ်ခြင်းဖြင့်
ဘ၀ကိုရင်ဆိုင်သင့်သည်မှာ မှန်သော်လည်း
အရာတိုင်းကိုပေါ့ပေါ့ပါးပါးရယ်မောလိုက်ခြင်းဟာ လူသားတစ်ဦး၏
ဖြစ်တည်ခြင်းကိုယုတ်လျော့သွားစေနိုင်ကြောင်း ၀က်စုတ်လေး တွေးတောသင့်သည်။
ရောမကိုရောက်လျှင် ရောမလိုကျင့်ရမည် ဟူသော စကားရှိ၏။
ရေခဲတုံးလေးသည် ရေနွေးကို သိချင် သောကြောင့် ရေနွေးအိုးထဲခုန်ဆင်းရင်း
ရေနွေးဖြစ်သွား၏။ မြစ်များသည် ပင်လယ်ကိုသိချင်သောကြောင့်
ပင်လယ်ရှိရာကိုလာရင်း ပင်လယ်ဖြစ်ကုန်ကြ၏။ သစ်ရွက်ဝါသည်
မြေကြီးကိုသိချင်သောကြောင့် မြေကြီးပေါ် လဲလျောင်းရင်း ကြာသော်
မြေကြီးဖြစ်သွား၏။ အမှောင်သည် နေရောင်ကိုသိချင်သောကြောင့် အိမ်တံခါးကို
ဆွဲဖွင့်လိုက်ရာ သူသည်လည်း အလင်းဖြစ်သွား၏။ ကျွန်တော်သည်လည်း ၀က်စုတ်လေးကို
သိပါသည်။ ၀က်စုတ်လေးသည်လည်း ကျွန်တော့်ကို သိပါသည်။ သို့သော်
အထက်ပါအကြောင်းအရာများနှင့်ကွဲလွဲစွာ ကျွန်တော်သည်လည်း
ဝက်စုတ်လေးဖြစ်မသွားသလို ၊ ၀က်စုတ်လေးသည်လည်း ကျွန်တော်ဖြစ်မသွားခဲ့ပါ။
ကျွန်တော်သည် ကျွန်တော်ပင်ဖြစ်သလို၊ ၀က်စုတ်လေးသည်လည်း
ဝက်စုတ်လေးဖြစ်မြဲဖြစ်လျက်ပင်ရှိပါသည်။ ကျွန်တော်တို့သည်
တစ်ယောက်နှင့်တစ်ယောက်ဆွဲငင်ခြင်းကို ၀ါသနာမပါကြပါ။ ထို့အတူ တွန်းကန်ခြင်း
လည်းမပြုလုပ်လိုပါ။ လွတ်လပ်စွာသီးခြားဖြစ်တည်ခြင်းဖြင့်
ကျွန်တော်နှင့်ဝက်စုတ်လေးတို့ သိကြပါသည်။ ၀က်စုတ်လေး၏ ဖြစ်တည်မှုသည်
မည်သူတစ်ဦးတစ်ယောက်၏ လက်အောက်ခံမဟုတ်သော ဖြစ်တည်မှုသာ ဖြစ်သင့်သလို
ကျွန်တော်၏ လွတ်လပ်ခွင့်သည်လည်း ၀က်စုတ်လေးကအနှောက်အယှက်ပေးခြင်းဖြင့်
ပျက်စီး မသွားသင့်ဟု ကျွန်တော်ထင်ပါသည်။ မလှုပ်ရှားနိုင်အောင်
တုတ်ထားသောကြိုးများအလိုမရှိပါ။ မယိမ်းယိုင် သွားအောင်
ထိန်းကိုင်ထားသောကြိုးများကိုသာ အလိုရှိပါသည်။ ၀က်စုတ်လေးလည်း
ထိုအတိုင်းပင်ဖြစ်မည် ထင်ပါသည်။ ဤသို့ဖြင့် ၀က်စုတ်လေးနှင့်ကျွန်တော်သည်
တစ်ယောက်တည်းဖြစ်သွားပါတော့သည်။
ခန်းစီးကိုဆွဲမလိုက်သည့်အခါ လေညှင်းသည် လူးလွန့်တိုးဝှေ့လာ၏။
ထိုလေညှင်းတွင် ၀က်စုတ်လေး ပါလာပါသည်။ ညဘက်တွင်တစ်ယောက်တည်းလမ်းလျှောက်ရင်း
ညီညီညာညာလင်းနေသောလမ်းဘေးမီးများ ကို ငေးမောမိ၏။
ထိုအလင်းရောင်မှိန်ပျပျထဲတွင် ၀က်စုတ်လေးရှိပါသည်။
ရေချိုးခေါင်းလျှော်ပြီးသောအခါ ဆံပင်မှ ရေများကိုခါထုတ်လိုက်၏။
ထွက်လာသောရေမှုန်ရေမွှားလေးများထဲတွင် ၀က်စုတ်လေးလွင့်ဝဲနေသည်။
ဘောပင်အဖုံးလေးကို နှုတ်ခမ်းမှာတေ့ရင်း တရွှီရွှီမှုတ်ကြည့်လိုက်သည်။
ထိုအသံထဲတွင် ၀က်စုတ်လေးစီးဆင်း လာပါသည်။ အရာရာတိုင်းထဲတွင်
ဝက်စုတ်လေးရှိနေ၏။ သို့သော်အရာရာတိုင်းသည် ၀က်စုတ်လေးမဟုတ်။
ဝက်စုတ်လေးသည်သာလျှင် ၀က်စုတ်လေးဖြစ်ပါသည်။ ၀က်စုတ်လေးသည်ယခုအချိန်အထိ
အိပ်ချင်လာပြီ ဆိုလျှင် မျက်လုံးနှစ်ဖက်ကို လက်ခုံနှစ်ခုနှင့်
ပွတ်တတ်တုန်းဖြစ်ပါသည်။ ၀က်စုတ်လေးသည်ယခုအချိန်အထိ “လာသေးတယ်” ဟု
ကျွန်တော်က ဆိုလျှင် “သာအေးရယ်” ဟုပြန်ပြောတတ်တုန်းပင်ဖြစ်ပါသည်။
ဝက်စုတ်လေးသည် ယခုအချိန်အထိ နှုတ်ခမ်းလေးထော်ကာ စကားပြောတတ်တုန်းဖြစ်ပါသည်။
ရိုးသားစွာ ၀န်ခံရလျှင် ၀က်စုတ်လေးပြောင်းလဲသွားမည်ကို ကျွန်တော်မလိုလားပါ။
သို့သော် ၀က်စုတ်လေးကို ပို၍ သစ်လွင်လာစေချင်သည်။ ပို၍ခိုင်မာလာစေချင်သည်။
ပို၍ ပျော့ပျောင်းလာစေချင်သည်။ ပို၍ရှင်းလင်း လာစေချင်သည်။
သစ်လွင်ခြင်း၊ခိုင်မာခြင်း၊ပျော့ပျောင်းခြင်း၊ရှင်းလင်းခြင်းတို့သည်ကား
ပြောင်းလဲခြင်းမဟုတ် တုံလော။ ဟုတ်ပေ၏။
ယင်းတို့သည်လည်းပြောင်းလဲခြင်းများသာဖြစ်ပါသည်။ သို့ဆိုလျှင် ၀က်စုတ်လေးကို
မပြောင်းလဲစေလိုပါဟူသော ကျွန်တော့်အဆိုသည် မှားယွင်းသွားပေပြီ။
ထိုသို့ဆိုလျှင် ရိုသားစွာဝန်ခံရလျှင် ဟူသော အသုံးအနှုန်းသည်လည်း
မှားယွင်းသွားပေပြီ။ ဖြစ်နိုင်ပါသည်။ ကျွန်တော် မရိုးသားပါ။ ၀က်စုတ်လေး
အပေါ်တွင် ရိုးသားစွာပင် မရိုးသားလိုပါ။
ဝက်စုတ်လေးကိုကျွန်တော်သိကြောင်း၊ ၀က်စုတ်လေးက ကျွန်တော့်ကိုသိကြောင်း
အထပ်ထပ်အခါခါ ဆိုခဲ့ပြီးပါပြီ။ စိတ်ဝင်စားစရာကောင်းသောအချက်တစ်ခုရှိပါသည်။
တစ်ခါတစ်ရံတွင် သိခြင်းတရားသည် ချစ်ခြင်း တရားနှင့် ထပ်တူထပ်မျှနီးပါး
ခွဲခြားမရတတ်ခြင်းပင်ဖြစ်ပါသည်။ To know all is to forgive all ,
အားလုံးသိခြင်းဟာ အားလုံးခွင့်လွှတ်ဖို့ ဟူသောစကားတစ်ခွန်းရှိပါသည်။
ဝက်စုတ်လေးသည်လည်းကောင်း၊ ကျွန်တော်သည်လည်းကောင်း အပြန်အလှန်
အားလုံး(နီးပါး)ကိုသိဖို့ ကြိုးစားသွားကြလိမ့်မည်ဟု
မျှော်လင့်နေမိပါတော့သည်။ ။
မှူးနေ၀န်း
Tuesday, December 22, 2015
ဖြစ်စဉ်ပြအရေးအသား
ဖြစ်စဉ်ပြအရေးအသား
တံခါးကိုဆွဲပိတ်။ အခန်းထဲမှာသော့မေ့ကျန်။ ပြူတင်းပေါက်ကနေ ကျော်တက်။ အထဲကို ပြန်ဝင်သော့ကိုယူ။ ပြူတင်းတံခါးကို ပြန်ပိတ်။
တံခါးကိုဖွင့်ပြီးထွက်။ အထဲမှာ လက်ဆွဲအိတ်က ကျန်ခဲ့။ တံခါးကိုသော့နဲ့ပြန်ဖွင့်။ ပြန်ဝင်ပြီး လဲကျနေတဲ့ လက်ဆွဲအိတ်ကို ကုန်းကောက်ယူ အင်္ကျီအိတ်ထဲက ဖုန်းက လျှောပြီးထွက်ကျ။ ခွက်ခနဲပဲ။ အလန့်တကြားစမ်းသပ်ကြည့်။ power ကမလာတော့။ လက်ပတ်နာရီကို တစ်ချက်ကြည့်ရင်း စားပွဲပေါ်ပြန်ထိုင်။ မှောင်နေ ။ မီးအုပ်ဆောင်းဖွင့်ပြီး ဖုန်းကာဗာကိုဆွဲဖွင့်။ ဘက်ထရီကို ဖြုတ်။
ဟိုကလိ ဒီကလိလုပ်။ ပြန်တပ်။ power ဖွင့်တော့ပြန်လာ။ အိုကေပြီ။ လက်ဆွဲအိတ်ကို မမေ့မလျော့ ဆွဲပြီး အပြင်ထွက်။ ဟော မီးအုပ်ဆောင်းကို ပိတ်ဖို့မေ့ပြန်ပြီ။ အကြာကြီးထွန်းမထားခဲ့ချင်ဘူး။ အထဲပြန်ဝင်။ မီးပိတ်။ စိတ်ထဲသေချာသွားအောင် မီးဖိုထဲဝင်ပြီး အကုန်ပြန်စစ်။ ရေပိုက်ခေါင်းတွေကို သေချာကြပ်။ မီးခံသေတ္တာကို ဆောင့်ဆွဲကြည့်။ စိတ်ကျေနပ်စွာ သက်ပြင်းမှုတ်ထုတ်ရင်း အပြင်ပြန်ထွက်။ ထွက်မလို့ဆဲဆဲမှာ မှန်ကြည့်ဖို့စိတ်ကူးရ။ ခေါင်းကို ပိရိနေအောင်ပြန်ဖြီး။ နက်ကတိုင်ကို သေချာစည်း။ ပါးစပ်ကို လက်ဝါးနဲ့ ကာပြီး ဟား .. ဟား .. လို့လုပ်ကြည့်။ စပရေးနည်းနည်းထပ်ဖြန်း ။ ခြေဖျားဆတ်ခနဲထောက်ပြီး ရင်ကော့ပြုံး။ တံခါးကို ဖြေးညှင်းစွာပိတ်။ အပေါ်က CCTV ကင်မရာမှန်ကို အ၀တ်စနဲ့ ဖုန်သုတ်လိုက်။ လက်ဆွဲအိတ်ကို ဘယ်လက်မှာကိုင် ညာလက်ကို ဟန်ပါပါလွှဲပြီး လမ်းလျှောက်။ ရာသီဥတု သာယာ။ အပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်။ ကမ်းနားလမ်းကိုဖြတ်လျှောက်။ ရွက်သင်္ဘောတွေကို ငေးမော။ ဟိုးမှာ တံတားဟောင်းကြီး။ တံတားဟောင်းပေါ်မှာ တိတ်ဆိတ်စွာ စီးကရက်ဖွာရှိုက်။ တစ်လိပ်ကုန်သွား။ ပြုံး။ နောက်တစ်လိပ်ထပ်ကုန်။ ပိုပြုံးလာ။ သွေးကြောတွေဟာ မီးခိုးငွေ့တွေလိုပျော့ပျောင်းလာ။ တတိယ စီးကရက်ကို ဖွာရှိုက်။ စီးကရက်မီးဟာ တိုဝင်လာ။ အစီခံကို ရောက်လာ။ အစီခံဟာလောင်ကျွမ်းသွား။ သူကဖွာရှိုက်တုန်း။ အစီခံ ကုန်သွား။ သူ့နှုတ်ခမ်းကိုမီးစွဲကာ ကျွမ်းလောင်။ နှုတ်ခမ်းကိုလောင်ပြီး နှာခေါင်း။ ပြီးတော့မျက်စိ။ မျက်နှာပြင်တစ်ခုလုံး တငွေ့ငွေ့လောင်။ ပြီးတော့ တစ်ကိုယ်လုံးလောင်။ သူ့တစ်ကိုယ်လုံးပြာတွေဖြစ်သွား။သူ့ကိုယ်သူ ပြာတွေတောက်ချလိုက်။
လေတစ်ချက် ဝေ့တိုက်။ ပြာတွေ မြစ်ထဲကိုလွင့်ပါသွား။ မြစ်ရေနဲ့စီးမျောသွား။ မြစ်ရေဟာ နောက်ကျိစွာ စီးဆင်းသွား။ မြစ်အဆုံးမှာ ..
မြစ်အဆုံးမှာ .. ပင်လယ်မရှိဘူး။ ပြာပုံကြီး။

နှင်း (၁ - ၁၈ )
နှင်း
- ၁
ဆောင်းရာသီကပြောတယ်
-နေထိုးတိုင်းသာအရည်ပျော်စတမ်းဆို
ငါ့ရင်ထဲမှာ နင်မရှိတာကြာခဲ့ပြီ- တဲ့။
နှင်း -၂
နှင်းမှာ နာ့ဗ်ကြောတွေရှိတယ်
အဲဒီ့အမျှင်တွေနဲ့
သူ့အသားစတွေကို ဆွဲကုပ်ထုပ်ပိုးထားတာ။
နှင်းခဲအထုံးတစ်ခုကိုယူပြီး
မြေခွေးတွေကို ပစ်ပေါက်တာမျိုးမလုပ်နဲ့။
မြေခွေးနာ မနာ တော့မသိ
နှင်းက နာတယ်။
နှင်း-၃
သူငိုတယ်
ဒီတောင်ကိုမကျော်နိုင်တော့ဘူး - သူပြောတယ်
အနွေးထည်ထူထူဝတ်ပါတော့ - သူမှာတယ်
1°C အပူချိန်နဲ့
နှင်းဟာဖျားခဲ့ပါပြီ။
နှင်း -၎
နှင်းဟာအပြာရောင်ရှိပါတယ်
နှင်းဟာအပြာရောင်ရှိပါတယ်
ကင်းဗက်စ,ပေါ် ဆေးပြာတွေသုတ်လိမ်းရင်း
ပန်းချီဆရာလေးကပြောနေတယ်။
ယုံပေးလိုက်ကြပါ
ယုံပေးသင့်ပါတယ်
သူ့နှုတ်ခမ်းတွေလည်းပြာနေတယ်။
နှင်း -၅
မိုးပျံပူဖောင်းထဲ
ဟိုက်ဒရိုဂျင်နဲ့အတူ
နှင်းမှုန်အနည်းငယ်ထည့်လွှတ်ပေးလိုက်တယ်။
ဤကုသိုလ်ကြောင့်
အိမ်အမြန်ပြန်ရောက်ချင်ပါပြီ။
နှင်း -၆
ခလုပ်နှိပ်ရင် နှင်းတွေကျလာမယ်။
သွားမထိနဲ့
သောက်ရူးမထနဲ့
ရိုမန်းတစ်မဆန်ချင်နဲ့
ဓာတ်လိုက်တတ်တယ်။
နှင်း -၇
တံခါးဟဟကြားထဲက
နှင်းတွေကျနေတာမြင်ရတယ်။
သော့မခတ်ထားပေမယ့်
ဖွင့်ဖို့သော့ကိုရှာနေမိပါတယ်။
နှင်း -၈
ပုံပြင်ထဲက ယုန်မင်းကပြောတယ်
-ဗိုက်ဆာနေလား။ ငါ့အသားကိုစားပါ-
မီးပုံထဲခုန်ဆင်းတယ်။
ပုံပြင်ထဲကနှင်းကပြောတယ်
-သိပ်ချမ်းနေလား။ ငါ့ကိုလောင်စာလုပ်ပါ-
မီးပုံထဲခုန်ဆင်းတယ်။
နှင်း -၉
နှင်းတွေဟာလည်း
ဆောင်းခိုကြတယ်ထင်ရဲ့။
နွေဦးရောက်ပြီ လို့ ခေါင်းလောင်းထိုးလိုက်မှ
တုန်ယင်မှုနဲ့အတူ နှင်းကြွင်းများကြွေကျ။
နှင်း -၁၀
အနွေးထည်ဝတ်ထားသူတစ်ယောက်
အင်္ကျီမရှိသူတစ်ယောက်။
အံ့သြဖွယ်
စိတ်ပျက်ဖွယ်
အနွေးထည်ပေါ်မှာပဲ
နှင်းများတင်ကျန်နေခဲ့တယ်။
နှင်း - ၁၁
ဖန်မီးအိမ်ကား
မျက်နှာနီမြန်းလျှက်
ချွေးစို့တုန်ရီစွာ
နှင်းလား ဟု နူးညံ့စွာမေးသောအခါ . .
. .
သူမသည် မျက်လွှာကိုချလိုက်၏။
နှင်း - ၁၂
မနက်က နှင်းလမ်းခြေရာများ
ညနေတွင်ပျောက်သွားပြီ
စမ်းချောင်းသည် ကြည်မြဲကြည်လျှက်
လမ်းများသည် နီမြဲနီလျှက်။
နှင်း - ၁၃
ယုံလားဟု မေးသော်လည်း
ချမ်းတယ်ဟုသာ ဖြေလိုက်မိ၏။
ဖြူရဲ့လားဟု မေးသောအခါတွင်မူ
ချစ်တယ်ဟုသာ ဖြေဖြစ်ပါလိမ့်မည်။
နှင်း - ၁၄
ဖာရိုးဘုရင်၏နှင်းများရောက်လာသည်
ပိရမစ်လို နှင်းတွေပုံနေ၏။
နီရိုးဘုရင်၏ နှင်းများကြွချီလာပြီ
မီးပုံများအလိုလျောက်ငြိမ်းသွား၏။
အညတရနှင်းလေးကား မြက်ဖျားတွင်ငြိမ်နေသည်
သင်တို့တွေအရည်မပျော်တတ်သေးဘူးလားဟုမေးရင်း
နေရောင်အောက်တွင် ၀င်းလက်သွားတော့၏။
နှင်း - ၁၅
နှင်းသည်
ထူးခြားစွာပင် ဆူညံနေသည်။
ဟိုတစ်ဖက်မှာပွဲတော်ရှိမည်အထင်ဖြင့်
ရှေ့ကိုခြေတစ်လှမ်းတိုးသောအခါ
နှင်းသည် ခပ်စိမ်းစိမ်းပြုံးပြလိုက်သည်။
နှင်း - ၁၆
ချမ်းလွန်း၍ထင်သ ည်
သံလျက်ဓားသွားလည်းကွေးပြီ
သေနတ်ပြောင်းဝလည်းအေးပြီ
CCTV ကင်မရာကိုနှင်းများဖုံးနေတုန်း
ရာဇဝင်သတ်မှတ်ချ က်တွေခဏမေ့ပြီး
မရှက်မကြောက်ပွေ့ ဖက်နမ်းရှုတ်နို င်ကြပြီ။
နှင်း - ၁၇
ဒန်ဖလားထဲ အကြွေစေ့တွေများ လားကွယ်
- ကျေးဇူးပါခင်ဗျာ ကျေးဇူးပါခင်ဗျာ -
မျက်မမြင်အဘိုြး ကီးရေရွတ်တယ်
ကျီစားသန်သူ နှင်းစက်ရယ်။
နှင်း - ၁၈
- အိမ်ပြင်မှာအိပ် နေတဲ့ ခွေးလေးတွေပေါ်ခု န်မဆင်းရဘူး
ပန်းပွင့်လေးတွေ ပေါ် ညင်ညင်သာသာဆင်း -
ဟု နှင်းမေမေ က နှင်းသမီးလေးကို ပြော၏။
- စိတ်ထားကောင်းရင် နောင်ဘဝကျ
ပဲရစ်မြို့မှာဝေ တဲ့နှင်းတွေ ဖြစ်ရလိမ့်မယ် -
နှင်းမေမေက နှင်းတောသူမလေးကို အားပေးလေသည်။
မှူးနေဝန်း
ဆောင်းရာသီကပြောတယ်
-နေထိုးတိုင်းသာအရည်ပျော်စတမ်းဆို
ငါ့ရင်ထဲမှာ နင်မရှိတာကြာခဲ့ပြီ- တဲ့။
နှင်း -၂
နှင်းမှာ နာ့ဗ်ကြောတွေရှိတယ်
အဲဒီ့အမျှင်တွေနဲ့
သူ့အသားစတွေကို ဆွဲကုပ်ထုပ်ပိုးထားတာ။
နှင်းခဲအထုံးတစ်ခုကိုယူပြီး
မြေခွေးတွေကို ပစ်ပေါက်တာမျိုးမလုပ်နဲ့။
မြေခွေးနာ မနာ တော့မသိ
နှင်းက နာတယ်။
နှင်း-၃
သူငိုတယ်
ဒီတောင်ကိုမကျော်နိုင်တော့ဘူး - သူပြောတယ်
အနွေးထည်ထူထူဝတ်ပါတော့ - သူမှာတယ်
1°C အပူချိန်နဲ့
နှင်းဟာဖျားခဲ့ပါပြီ။
နှင်း -၎
နှင်းဟာအပြာရောင်ရှိပါတယ်
နှင်းဟာအပြာရောင်ရှိပါတယ်
ကင်းဗက်စ,ပေါ် ဆေးပြာတွေသုတ်လိမ်းရင်း
ပန်းချီဆရာလေးကပြောနေတယ်။
ယုံပေးလိုက်ကြပါ
ယုံပေးသင့်ပါတယ်
သူ့နှုတ်ခမ်းတွေလည်းပြာနေတယ်။
နှင်း -၅
မိုးပျံပူဖောင်းထဲ
ဟိုက်ဒရိုဂျင်နဲ့အတူ
နှင်းမှုန်အနည်းငယ်ထည့်လွှတ်ပေးလိုက်တယ်။
ဤကုသိုလ်ကြောင့်
အိမ်အမြန်ပြန်ရောက်ချင်ပါပြီ။
နှင်း -၆
ခလုပ်နှိပ်ရင် နှင်းတွေကျလာမယ်။
သွားမထိနဲ့
သောက်ရူးမထနဲ့
ရိုမန်းတစ်မဆန်ချင်နဲ့
ဓာတ်လိုက်တတ်တယ်။
နှင်း -၇
တံခါးဟဟကြားထဲက
နှင်းတွေကျနေတာမြင်ရတယ်။
သော့မခတ်ထားပေမယ့်
ဖွင့်ဖို့သော့ကိုရှာနေမိပါတယ်။
နှင်း -၈
ပုံပြင်ထဲက ယုန်မင်းကပြောတယ်
-ဗိုက်ဆာနေလား။ ငါ့အသားကိုစားပါ-
မီးပုံထဲခုန်ဆင်းတယ်။
ပုံပြင်ထဲကနှင်းကပြောတယ်
-သိပ်ချမ်းနေလား။ ငါ့ကိုလောင်စာလုပ်ပါ-
မီးပုံထဲခုန်ဆင်းတယ်။
နှင်း -၉
နှင်းတွေဟာလည်း
ဆောင်းခိုကြတယ်ထင်ရဲ့။
နွေဦးရောက်ပြီ လို့ ခေါင်းလောင်းထိုးလိုက်မှ
တုန်ယင်မှုနဲ့အတူ နှင်းကြွင်းများကြွေကျ။
နှင်း -၁၀
အနွေးထည်ဝတ်ထားသူတစ်ယောက်
အင်္ကျီမရှိသူတစ်ယောက်။
အံ့သြဖွယ်
စိတ်ပျက်ဖွယ်
အနွေးထည်ပေါ်မှာပဲ
နှင်းများတင်ကျန်နေခဲ့တယ်။
နှင်း - ၁၁
ဖန်မီးအိမ်ကား
မျက်နှာနီမြန်းလျှက်
ချွေးစို့တုန်ရီစွာ
နှင်းလား ဟု နူးညံ့စွာမေးသောအခါ . .
. .
သူမသည် မျက်လွှာကိုချလိုက်၏။
နှင်း - ၁၂
မနက်က နှင်းလမ်းခြေရာများ
ညနေတွင်ပျောက်သွားပြီ
စမ်းချောင်းသည် ကြည်မြဲကြည်လျှက်
လမ်းများသည် နီမြဲနီလျှက်။
နှင်း - ၁၃
ယုံလားဟု မေးသော်လည်း
ချမ်းတယ်ဟုသာ ဖြေလိုက်မိ၏။
ဖြူရဲ့လားဟု မေးသောအခါတွင်မူ
ချစ်တယ်ဟုသာ ဖြေဖြစ်ပါလိမ့်မည်။
နှင်း - ၁၄
ဖာရိုးဘုရင်၏နှင်းများရောက်လာသည်
ပိရမစ်လို နှင်းတွေပုံနေ၏။
နီရိုးဘုရင်၏ နှင်းများကြွချီလာပြီ
မီးပုံများအလိုလျောက်ငြိမ်းသွား၏။
အညတရနှင်းလေးကား မြက်ဖျားတွင်ငြိမ်နေသည်
သင်တို့တွေအရည်မပျော်တတ်သေးဘူးလားဟုမေးရင်း
နေရောင်အောက်တွင် ၀င်းလက်သွားတော့၏။
နှင်း - ၁၅
နှင်းသည်
ထူးခြားစွာပင် ဆူညံနေသည်။
ဟိုတစ်ဖက်မှာပွဲတော်ရှိမည်အထင်ဖြင့်
ရှေ့ကိုခြေတစ်လှမ်းတိုးသောအခါ
နှင်းသည် ခပ်စိမ်းစိမ်းပြုံးပြလိုက်သည်။
နှင်း - ၁၆
ချမ်းလွန်း၍ထင်သ
သံလျက်ဓားသွားလည
သေနတ်ပြောင်းဝလည
CCTV ကင်မရာကိုနှင်းမ
ရာဇဝင်သတ်မှတ်ချ
မရှက်မကြောက်ပွေ
နှင်း - ၁၇
ဒန်ဖလားထဲ အကြွေစေ့တွေများ
- ကျေးဇူးပါခင်ဗျာ
မျက်မမြင်အဘိုြး
ကျီစားသန်သူ နှင်းစက်ရယ်။
နှင်း - ၁၈
- အိမ်ပြင်မှာအိပ်
ပန်းပွင့်လေးတွေ
ဟု နှင်းမေမေ က နှင်းသမီးလေးကို
- စိတ်ထားကောင်းရင
ပဲရစ်မြို့မှာဝေ
နှင်းမေမေက နှင်းတောသူမလေးက
မှူးနေဝန်း
ည (၁ - ၁၀ )
ည - ၁
....... ည
အငြိုးတကြီး ညှိုးရော်သွားခဲ့ရ
ညစ်ညစ်ညမ်းညမ်းနဲ့ ညှင်သာလာခဲ့ရ
နူးညံ့ခြင်းတွေ ဆူညံလာခဲ့ကြ
ညောင်စောင်းထက်မှာ ငြိတွယ်ခြင်းတွေစ
ငြင်းရင်း ငြင်းရင်းနဲ့
ငြိမ်ငြိမ်သက်သက် ညပ်ပါသွားခဲ့ရ
ကိုင်းညွှတ်လာတဲ့ည။
ည - ၂
လမ်းမကြီးတွေ အလန့်တကြားချိုးကွေ့သွားပုံ
လည်ပတ်နေတဲ့ချိန်းကြိုးပေါ်မှာ
ဓာတ်တိုင်အဟောင်းတွေ သမ်းဝေပုံ
ဂျင်းဘောင်းဘီတွေ ကြေမွခဲ့ပုံ
ပြီးတော့
အဲဒီ့ဂျင်းဘောင်းဘီရဲ့ ခေါက်ထားတဲ့အောက်အနားထဲက
သဲမှုန့်များ ပုရွက်ဆိတ်များ ထွက်ကျလာခဲ့ပုံ။
ည - ၃
သိုးဖြူများလည်း အိပ်ကြ
သိုးမည်းများလည်း အိပ်ကြ
နိုးထလာသော မြေခွေးတစ်ကောင်
သက်ပြင်းချ ၊ ခေါင်းတဆတ်ဆတ်ညိတ်
တောနက်ထဲ တိတ်ဆိတ်စွာပြန်ဝင်သွား ။
ည - ၎
တံခါးကိုဂျက်ချ
အိပ်ယာထဲဝင် မျက်လုံးမှိတ်
မျက်လုံးပြန်ဖွင့်
တံခါးဂျက်ကိုဖွင့်ပြီး အပြင်ဘက်ကိုချောင်းကြည့်
တံခါးဂျက်ကိုပြန်ချ။
ည -၅
အဘွား
အိပ်နေတာ အရမ်းငြိမ်
အိမ်မြောင်စုတ်ထိုးသံကျယ်လောင်စွာ
ငါက အခန်းထောင့်မှာ။
ည - ၆
အားးးး!!
အိပ်မက်ဆိုးက လန့်နိုးလာ
မျက်လုံးစည်းအ၀တ်နက်ကို ဆွဲခွာ
ဟော
ထုတ်တန်းပေါ်မှာ လျှာတစ်လစ်နဲ့မြွေတစ်ကောင်။
ည - ၇
လက်သန်း
ဟုတ်ပြီ လှုပ်ကြည့်စမ်း
လှုပ်ပြီ ဒါဆို လက်ငါးချောင်းလုံးလှုပ်ကြည့်
အင်း တံတောင်ဆစ်ကိုကွေးကြည့်
အားစိုက်ပြီးလက်ကိုဆွဲ,မ ကြည့်
ဘုန်းခနဲပြန်ကျလာ
ကြောက်တယ် ကြောက်တယ်
ပြန်မ လက်တစ်ခုလုံးကိုပြန်မ
ရပြီ
နိုးပြီ
ရေ .. ရေ ။
ည - ၈
မီဒူဆာ
ဒီဘက်လှည့်ပြီး ကိုယ့်ကိုကြည့်စမ်းကွာ
မင်းဆံနွယ်လေးတွေ ပျော့ပျောင်းနေလိုက်တာ ။
ည- ၉
ဗုဒ္ဒမျက်နှာတော် အေးချမ်းငြိမ်သက်
ဆီမီးလျှံညွန့် လူးလွန့်ထိုးလျှက်
ငါတို့တွေက ယပ်တဖျတ်ဖျတ်။
ည -၁၀
ကုတ်အင်္ကျီက အ၀တ်တန်းပေါ်မှာ ချိတ်နဲ့ဆွဲထားတယ်
ညာဘက်အောက်အိတ်ထဲမှာ ပိုက်ဆံအိတ်ရှိတယ်
ဘယ်ဘက် အောက်အိတ်ထဲမှာ ကြွက်ထောင်ချောက်ရှိတယ်
အတွင်းအိတ်ကပ်ထဲမှာ နှင်းဆီတစ်ပွင့်ရှိတယ်
အခန်းမီးခလုပ်က ဗီရိုဘေးမှာ
ဓာတ်မီးသေးသေးလေးက ဗီရိုအံဆွဲထဲမှာ
ဒါနဲ့
တံခါးအကွယ်မှာ ပုန်းနေတဲ့မိတ်တွေ
နာမည် ဘယ်လိုခေါ်ပါသလဲ ။
မှူးနေ၀န်း
မီးပွိုင့်
မီးပွိုင့်
ကျွန်တော်သည် ကားဟွန်းကို စိတ်မရှည်စွာအကြာကြီးဖိထားလိုက်
ပါသည်။ ဘေးမှာထိုင်နေသော သမီးလေး ကတော့ သူ၏ Tablet ကိုထုတ်ကာ ဂိမ်းကစားနေသည်။ ကျယ်လောင်ရှည်လျားစွာထွက်ပေါ်နေေ သာ ကားဟွန်းသံကို ကြားမိပုံမပေါ်ပါ။ ကျွန်တော်ပင် ကိုယ့်အသံနှင့်ကိုယ်နားအူလာသြ ဖင့် ဟွန်းကိုဖိထားသောလက်ကိုပြန်ကြွ လိုက်ရသည်။ ကျွန်တော့်ရှေ့မှာ ပိတ်နေသောကားတန်းကြီးကို ဟွန်းသံနှင့်တွန်းထုတ်၍မရမှန်း ကျွန်တော်သိပြီးသားဖြစ်ပါသည်။
ဤမီးပွိုင့်သည် ယာဉ်ပိတ်ဆို့မှုမကြာခဏဖြစ်လေ့ရှိ သော
နေရာတစ်ခုဖြစ်ပါသည်။ မြို့တော်၏ဗဟိုချက်ပိုင်းတွင် တည်ရှိနေသည့်အပြင်
လမ်းတည်ဆောက်ပုံများမှာလည်း လမ်းသွယ်များလမ်းခွဲများဖြင့်
အလွန်ရှုပ်ထွေးလှသည်။ အရင် က သည်နေရာကိုဖြတ်သန်းသွားလာဖူးခဲ့ သော်လည်း သည်နေ့ကျမှ ပိုမိုရှုပ်ထွေးပိတ်ဆို့နေသလားဟု ပင်
ထင်မိသည်။ သမီးလေးကတော့ ကားတွေဘယ်လိုပဲပိတ်ဆို့ပိတ်ဆို့
ဘယ်လောက်ပဲအချိန်ကြာကြာ သိပ်ဂရုစိုက်နေဟန်မရှိဘဲ သူ့ဂိမ်းကို သာ
သည်းသည်းမည်းမည်းဆော့နေသည်။ သမီးလေးဆော့နေသောဂိမ်းမှာ
ကားမောင်းသည့်ဂိမ်းဖြစ်ပါသည်။ ကျယ်ပြန့် ခမ်းနားသောလမ်းမကြီးပေါ်မှာ
သမီးလေး၏ကားသည် အခြားကားများကိုကျော်တက်ပြေးလွှားနေပါသည်။ တခါတလေ
အနောက်မှကပ်ပါလာပြီး ဟန့်တားရန်ကြိုးစားသော ရဲကားများကိုလည်း
သေနတ်နှင့်ပစ်၍ဖြစ်စေ ကားဘော်ဒီချင်းယှဉ်ကာ လမ်းဘေးသို့တိုက်ချ၍ဖြစ်စေ
ကျန်ရစ်နေခဲ့အောင်လုပ်ရပါသေးသည် ။ သမီးလေးသည် အချိုးအကွေ့များကိုအလျင်အမြန် ကွေ့ရခြင်း၊ ကျော်တက်ရခြင်း၊ အတားအဆီးများကိုရှောင်တိမ်းရြ ခင်း၊ ရဲကားများကိုတိုက်ခိုက်ရခြင်း စသောအမှုများကို စိတ်ဇောထက်သန်စွာပြုလျက်ရှိပါ သည်။
သိပ်မကြာမီမှာပင် သမီးလေး၏ကားသည် လမ်းဘေးအဆောက်အဦတစ်ခုကိုဝင်တို က်မိကာ
မီးများလောင်ကျွမ်း သွားပါတော့သည်။ “ဟာ . . ဂိမ်းခါနီးမှကွာ”ဟု
သမီးလေးကမချင့်မရဲရေရွတ်ပါသည်။ ကျွန်တော်က တစ်ခုခုပြောရန်ပြင်ဆဲ မှာပင်
ကျွန်တော့်နောက်က ကားများ၏ စူးစူးရှရှဟွန်းတီးသံများကိုကြားလိုက်ရပါသည်။ ဟုတ်ပေ၏။ ကျွန်တော့်ရှေ့က ကားတန်းကြီးက တရွေ့ရွေ့ထွက်ခွာစပြုနေပါပြီ။ ကျွန်တော်သတိမထားမိလိုက်ခြင်ြး ဖစ်သည်။ ကားကိုရှေ့ကားနှင့် အမီ ကပ်လိုက်နိုင်ရန်မောင်းထွက်လို က်သည်။
ကားတန်းကြီးမှာရွေ့လျားနေသည်ဆို သော်လည်း စက်ဘီးနင်းနေသလောက်မျှသာရှိပါ သည်။
ကားစီးကြောင်းထဲ အလိုက်သင့်မောင်းနေရင်း ၀ဲယာမှအဆောက်အဦများ
မြင်ကွင်းများကိုငေးနေမိပါသည်။ လူသွားလမ်းပေါ်မှာလည်း လူတွေ
အပြည့်အနှက်လှုပ်ရှားနေကြမြဲဖြစ် ပါသည်။ အဆောက်အဦများ၏
မှန်တံခါးများအတွင်းမှာလည်း တရွရွလှုပ်ရှားနေသော လူများကိုတွေ့နေရပါသည်။
တခါတလေမှာလည်း ပြူတင်းပေါက်များမှတဆင့် ငေးမောတွေဝေနေသောမျက်လုံးအစုံနှ င့်
အထီးကျန်နေသူများ၏ မလှုပ်မယှက်ပုံရိပ်များကိုလည်း တွေ့ရတတ်ပါသည်။
သမီးလေးကတော့ ဂိမ်းကစားခြင်းကိုနားပြီး လိမ္မော်သီးအမွှာလေးများကို စားနေသည်။
ထိုအချိန်မှာပင်ဖုန်းကမြည်လာပါ သည်။ ကျွန်တော်၏ဇနီးသည်ဆီမှ ဖြစ်ပါသည်။
“ဟဲလို ..”
“ဟဲလို အေး မိန်းမရေ။ ကိုနဲ့သမီးလေး ကားပိတ်နေလို့ဟေ့”
“သြော ဟုတ်လား။ ကြာလိုက်တာ ။ အခုရော”
“အခုတော့ပြန်မောင်းလို့ရနေပြီ ။ တရွေ့ရွေ့ပါပဲ”
“မေမေ သမီးရဲ့ဂါးဂါးကို အစာကျွေးပြီးပြီလား ။ သမီးကတော့အခုလိမ္မော်သီးစားနေတယ် ။ ချိုတယ်”
ကျွန်တော်တို့စကားပြောနေစဉ်သမီး လေးက ဘေးမှဝင်အော်ပါသည်။ ဂါးဂါးဆိုသည်မှာ သမီးလေး၏အချစ်တော် ကစားဖော်ကြောင်ကြီးဖြစ်ပါသည်။
“ဟေ . . အေး သမီးလေး။ ခုနကတင်ကျွေးထားပါတယ်ရှင်”
ဇနီးသည်က ရယ်ရယ်မောမောပြန်ဖြေပါသည်။
“အေး မိန်းမရေ ဖြေးဖြေးမောင်းနေရတယ်ကွာ။ မရောက်သေးပါဘူး။ ရောက်ရင်ဖုန်းဆက်လိုက်မယ်လေ”
ကျွန်တော်ကဖြတ်ပြောသည်။ ကားကိုလည်းထိန်းမောင်းရင်း အရှေ့ကိုကြည့်လိုက်တော့ ကျွန်တော်တို့ကားက မီးပွိုင့်ကိုလွန်မြောက်တော့မည် ဖြစ်သည်။
“အင်းအင်း။ ရောက်ရင်ဖုန်းဆက်လိုက်ဦးနော်။ ပြီးတော့ . . .”
ဇနီးသည်၏ စကားတစ်ဝက်မှာပင် ကျယ်လောင်စူးရှသော ခရာမှုတ်သံကိုကြားလိုက်ရပြီး မီးပွိုင့်သည် အစိမ်းမှ အနီသို့တစ်ဖန်ပြန်ပြောင်းသွားပါ တော့သည်။
“ဟာ ပြန်နီသွားပြန်ပြီမိန်းမရေ။ မီးပွိုင့်လွတ်ခါနီးမှကွာ”
ကျွန်တော်က မချင့်မရဲပြောလိုက်ပါသည်။
“အင်းအင်း ။ စိတ်ရှည်ရှည်နဲ့စောင့်ပါရှင်။ ရောက်မှသာဖုန်းဆက်လိုက်တော့နော် ”
ဇနီးသည်က ထိုသို့ပြောပြီး ဖုန်းကိုပြန်ချသွားသည်။ ယခုအချိန်မှာတော့ ကျွန်တော်တို့၏ကားလေးအတွင်း ပြန်လည်တိတ်ဆိတ်ခြောက်ကပ်သွားပါ ပြီ။ မကျေမချမ်းစိတ်ဖြင့် ဘာလုပ်ရမှန်းမသိဘဲကျွန်တော်ကျန် ခဲ့သည်။ ဘေးမှ ကားသမားများကို စောင်းငဲ့ကြည့်မိတော့ သူတို့လည်းအတော်စိတ်ပျက်နေပုံ ရပါသည်။ နီရဲနေသောမီးပွိုင့်မျက်နှာပြင် အ၀ိုင်း
လေးကိုသာ ကျွန်တော်ဘုကြည့်ကြည့်နေမိသည်။ ဤမီးနီသည် ရဲရဲတောက်လွန်းလှသည်။
လျှပ်စစ်မီးသီးနီသည်နှင့်မတူဘဲ သံကိုရဲရဲနီအောင်မီးဖုတ်ထားသည့် အရောင်မျိုးပင်ဟု
ပေါက်ပေါက်ရှာရှာတွေးမိသည်။ မီးနီကိုကြည့်ရသည်မှာ ၀င်ခွင့်မပေး နိုင်ဘူးဟု
စိတ်ဆိုးမာန်ဆိုးပြောနေသည့် ဂိတ်စောင့်ကြီး၏မျက်နှာကိုကြည့် နေရသလို အားငယ်ချင်စရာ စိတ်ညစ်စရာ ကောင်းလှပါသည်။
မီးနီကိုစိုက်ကြည့်နေမိသဖြင့် ကျွန်တော့်မျက်လုံးများေ၀၀ါးလြာ ပီး ညောင်းညာလာသည်။ စိတ်ကိုလျှော့ကာ ထိုင်ခုံ ကိုနောက်သို့လှန်ချပြီး ပြေလျော့လျော့အနေအထားမျိုးဖြင့် မှီလှဲနေလိုက်သည်။ ကားခေါင်မိုးကိုပြူးကြောင်ကြော င် ကြည့်နေမိရာမှ မျက်လုံးကိုခပ်ဖွဖွပိတ်ထားလိုက် သည်။ စောင့်ဆိုင်းရုံအပြင် အခြားနည်းလည်းမရှိပါချေ။
“ဟာ သွားပြန်ပြီကွာ”
သမီးလေး၏ ကျယ်ကျယ်လောင်လောင်အော်ဟစ်သံေ ကြာင့် ကျွန်တော်ဆတ်ခနဲဖြစ်သွားသည်။ အိုး . .။ ကျွန်တော်မှေးခနဲအိပ်ပျော်သွား ခဲ့သည်ပဲ။ နာရီကိုကြည့်လိုက်တော့ ၁နာရီကျော်ကျော်လောက်ကိုအိပ်ပျော်သွားခဲ့ခြင်းပင်။ မီးပွိုင့်မှာမူ ထိတ်လန့်အံသြဖွယ်ကောင်းစွာပင် နီမြဲနီလျှက်။ အိပ်ပျော်သွားသည့်အချိန်အတွင်း မှာများ
မီးစိမ်းသွားတာ မသိလိုက်လို့လားဟု ဘေးဘီဝဲယာကိုကြည့်လိုက်တော့လည်း
ကားတန်းကြီးမှာခုနကပုံစံအတိုင်း အနေအထားမပျက် ရပ်တန့်လျှက်။ ကျွန်တော်
အတော်အံ့သြသွားရသည်။အမှန်ဆို မီးပွိုင့်နှင့်ကျွန်တော့အကြား တွင်ရှေ့မှခံနေသည်မှာ ကား ၂ စီးမျှသာဖြစ်သည်။ နောက်တစ်ခါစိမ်းလိုက်ရုံမျှဖြင့် ကျွန်တော်တို့မီးပွိုင့်မှ သေချာပေါက်လွန်မြောက်လာမည်ဖြစ် သည်။ ယခု လို ၁နာရီကျော်ကြာအောင်ဆက်တိုက်နီထားသောမီးပွိုင့်ကို တစ်ခါမှမမြင်ဖူးပါ။ တခြားနေရာများတွင်လည်းရှိမည် မထင်ပါ။ စည်းကမ်းဖောက်ဖျက်ပြီးမီးနီဖြတ် မောင်းရင်ရောမရနိုင်ဘူးလားဟုတော င် တွေးမိသည်။ ထိုအတွေးကို ချက်ချင်းပင် ပြန်လည်စွန့်လွှတ်လိုက်ရပါသည်။ အဘယ့်ကြောင့်ဆိုသော် ကန့်လန့်ဖြတ်ယာဉ်ကြောမှကားတန်း ကြီးသည် ကျွန်တော်တို့ ကားများရှေ့မှ အဆက်မပြတ်ဖြတ်သန်းရွေ့လျားနေသော ကြောင့်ပင်ဖြစ်သည်။ လုံးဝမရပ်မနား။
“ဖေကြီး။ နိုးသွားတာလား။ သမီးလည်းစောင့်ရတာကြာလွန်းလို့ အပျင်းပြေဂိမ်းပြန်ဆော့နေတာ။ ဖေကြီးကလည်း အိပ်နေတော့စကားပြောလို့လည်းမရ။ ဂိမ်းကလည်းအောင်ခါနီးလေးကျမှ ၀င်ဝင်တိုက်မိနေတာ ။ အဲ့နေရာမှာပဲ ခဏခဏ။ အော်လိုက်မိတာ ဆောရီးနော်။”
သမီးလေးက ကျွန်တော့်ကိုပြောနေပါသည်။ “ရပါတယ် သမီးရယ်” ဟု ကျွန်တော်က ပြောပြီး ပတ်ဝန်းကျင် အခြေအနေကိုကြည့်ရန်ကားအောက်ဆင်း ဖို့ဆုံးဖြတ်လိုက်သည်။
သို့သော် . . ။ ကားတံခါးကိုဖွင့်မရပါချေ။ လော့ခ် ချ
ထားသလားသေချာပြန်ကြည့်သည်။ ဖွင့်မရ။ တုတ်တုတ်မျှမလှုပ်။
ကျွန်တော့်ဘေးကတံခါးပဲတစ်ခုခြု ဖစ်လို့များလားဆိုပြီး ကျန်သောတံခါးပေါက်များကိုဖွင့် သည်။ မရ။ လုံးဝမရ။ ကျွန်တော်သွေးရူးသွေးတန်းကြိုး စားနေရင်း
နဘေးကားများထဲရှိ လူများဆီမှအကြည့်များကို သတိထားမိလိုက်ပါသည်။ သူတို့သည်
ကျွန်တော့်ကိုကြည့်နေခြင်း ဖြစ်ပါသည်။ သူတို့အကြည့်ကို
ကျွန်တော်သဘောပေါက်ပါသည်။ “ကားတံခါးတွေဖွင့်လို့မရတော့တာ အခုမှသိရသလား
အရူးရဲ့။ ဖွင့်လို့ရမှဖြင့် အခုအချိန်ဆို ငါတို့အားလုံးကားထဲမှာဘာလို့ထို င်နေပါ့မလဲ” ဆိုသည့်အဓိပ္ပာယ်ပင်ဖြစ်ပါသည်။
ကျွန်တော်ဇောချွေးများပြန်လာပါ သည်။ ဘာတွေဖြစ်ကုန်တာလဲ။
နားမလည်နိုင်တော့ပါ။ ၁နာရီကျော် တောက်လျှောက်သွားနေသော
ယာဉ်တန်းကြီးကိုလည်းအံ့သြနေသည်။ ဒီလောက်များတဲ့ကားတွေဖြတ်သန်းလို့ မကုန်တော့ဘူးလား။ သူတို့တွေက ဘယ်ကနေဘယ်ကိုသွားနေတဲ့ခရီးသွားေ တွလဲ။
ဘယ်လိုခရီးသွားတွေလဲ။ မေးခွန်းတွေတ၀ီဝီဖြစ်နေသည်။ ရုတ်တရက်သတိရသွားပြီး
ဖုန်းကိုကောက်ကိုင်လိုက်ပါသည်။ “ No Service ဖြစ်နေတယ် ဖေကြီး” ဟု
သမီးလေးကဖြတ်ပြောသည်။ ကျွန်တော်ကြည့်လိုက်တော့လည်းဟု တ်နေသည်။ မည်သို့မျှခေါ်မရ။ ကျွန်တော် ဘာလုပ်ရမှန်းမသိဘဲ သမီးလေး၏ဦးခေါင်းလေးကိုသာ ခပ်ဖွဖွပွတ်သပ်ပေးနေပါတော့သည်။
ကျွန်တော်တို့အဖြစ်အပျက်ကို အကျဉ်းချုံ့ပြောရလျှင် ထိုနေ့ညအထိမီးပွိုင့်ဆက်နီနေပါ သည်။ အစပိုင်းကာလ များတွင် ကျွန်တော့်စိတ်များမှာ ဂယောက်ဂယက်ဖြစ်နေသော်လည်း အချိန်ကြာလာသည်နှင့်အမျှအနည်ထို င်လာခဲ့သည်။ အနည်မထိုင်လို့လည်းမရ။ နောက်တစ်နေ့အထိ ကျွန်တော်တို့မီးနီမိနေဆဲဖြစ်ပါ သည်။ ကျွန်တော်တို့၏ အိမ်များနှင့်လည်း အဆက်အသွယ်မရခဲ့ပါ။ ရှေ့မှဖြတ်စီးနေသောကားတန်းကြီး မှာလည်း
မကုန်ဆုံးသေးပါ။ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးပြီး
တစ်လပြီးတစ်လကျော်ဖြတ်လာခဲ့သည်။ ရာသီတွေပြောင်းလဲသွားကြသည်။
ကျွန်တော်တို့ကားမှန်ရှေ့တွင် ဆီးနှင်းဖတ် များ ကျရောက်လာသောကြောင့်
ရေသုတ်တံနှင့်ရှင်းခဲ့ရသည့်ကာ လများရှိလာသလို
ကျွန်တော်တို့ကားစက်ဖုံးပေါ်သို့ မျက်စိလည်လမ်းမှားလာသော ဥသြငှက်ကလေးများ
လာနားသည်ကိုလည်း မြင်ဖူးခဲ့ပါပြီ။ ကျွန်တော်တို့သည် ယခုအခြေ အနေတွင်
နေသားကျလာပြီဖြစ်သလို ကားနီးနားချင်းများနှင့်လည်းအသိ အကျွမ်းဖြစ်လာခဲ့ပါပြီ။
ကားတံခါးများဖွင့်လို့မရ သော်လည်း ကားမှန်များချ၍
ပြောဆိုဆက်သွယ်လို့တော့ရသဖြင့် ကံကောင်းသည်ဟုသာ မှတ်ယူရပါတော့မည်။
ကျွန်တော်၏ညာဘက်ကကားမှာ ထီလက်မှတ်ရောင်းသည့်ကားဖြစ်ပါ သည်။ သူ၏ ထီလက်မှတ်များကတော့ ပုပ်သိုးကုန်ပြီပေါ့။ သူတို့ဆီမှာသီချင်းခွေအတော်များ များပါသဖြင့် ကျွန်တော်တို့အပျင်းပြေနားထောင် နိုင်ပါသည်။ ဘယ်ဘက်မှာရှိသည့်ကားကတော့ ကျောင်းဖယ်ရီကားလေးတစ်စင်းဖြစ် ပါသည်။ သူတို့ကားမှာ လိုက်ထရပ်ကားလေး ဖြစ်ပါသည်။ နောက်ခန်းကတော့ တံခါးမရှိသဖြင့် မီးပွိုင့်မိပြီးနောက်တစ်ရက်မှာ ပင် လိုက်ပါစီးနင်းကြသော ကျောင်းသား ကျောင်းသူလေးများမှာ ကားပေါ်မှဆင်းပြီးရောက်ရာပေါက်ရာ သို့လျှောက်သွားကြပါသည်။ အချို့မှာ ကျွန်တော်တို့ရှေ့က ဖြတ်သန်းနေသောကားကြုံများဖြင့် ပါသွားပါသည်။ အချို့မှာနီးရာစတိုးဆိုင်များတွ င်ဝင်ရောက်လုပ်ကိုင်ကြကာ အချို့မှာ သွားရင်းသွားရင်းနှင့် အခြားမြို့များသို့ပင်ရောက်သွား သည်ဟု
သတင်းကြားရပါသည်။ ကျွန်တော်တို့ရှေ့ကကားမှာတော့ ကန့်သတ်အလေးချိန်ထက်
မတန်တဆ ပိုမိုသယ်ဆောင်လာသော ကုန်ကားကြီးတစ်စင်းဖြစ်ပါသည်။ ထိုကားစီမှ
အရှုံးပေါ် ပါပြီ ဆိုသည့်အသံကိုခဏခဏကြားရပါသည်။ ကျွန်တော့်အနောက်ရှိကားကတော့
ရုပ်ရှင်လက်မှတ်ရောင်းသည့်ကား ဖြစ်ပါသည်။ သူတို့ကားပေါ်ရှိ
ရုပ်ရှင်ကားပိုစတာကို ယခုအချိန်ထိပြောင်းလဲနိုင်ခြင်း မရှိသေးပါချေ။
ကျွန်တော်သည် မီးပွိုင့်မိနေသည့်ကာလအတွင်း ချောင်းဆိုးသွေးပါ ၂ခါ၊ အိပ်မက်ဆိုးမက်ခြင်း ၆ခါ နှင့် ၃ခါတိတိ ရှိုက်ကြီးတငင်ငိုကြွေးဖူးပါသည်။ ကျွန်တော်၏ သမီးငယ်လေးသည်လည်း အရွယ်ရောက်လာကာ လှသွေးကြွယ်လျှက်ရှိပါ ပြီ။ ကားနီးနားချင်းများထဲတွင် သူ့အလှဂုဏ်သည်ကြော်ကြားပါသည်။ သမီးလှအတွက် အဖေတစ်ယောက်အနေနှင့်ဂုဏ်ယူ ရသကဲ့သို့ စိုးရိမ်ပူပန်ရသည်များလည်းရှိပါ သည်။ ယခုမူသမီးသည် ပိတ်မိနေသောကားများထဲ၌ရှေ့ဆုံး တန်းမှာရောက်နေ သော မာစီဒီးကားနက်ကလေးအတွင်းမှ ကောင်လေးတစ်ယောက်နှင့်မေတ္တာမျှေ နကြပါသည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ထက်ပိုမိုအခွင့်အလမ်းကောင်းသော အနေအထားမှာရှိသဖြင့် သူတို့ကိစ္စကိုတားဖြစ်ရန် အကြောင်းမရှိပါချေ။
တစ်နေ့မှာမူ ကျွန်တော်သည် သမီးလေး၏ Tabletကိုယူ၍ သူဆော့နေကျ ကားမောင်းသည့် ဂိမ်းကိုဆော့မိနေ၏။ ကားမမောင်းရသည်မှာကြာ၍ ဂိမ်းထဲကကားကိုမောင်းရသည်မှာပင် ကျွန်တော့အတွက်အလွန်အရသာရှိလှပါ ပြီ။ သမီးလေးကတော့ ကားနောက်ခုံမှာလဲလျောင်းနေပါသည် ။ ထိုအချိန်မှာပင် ၀ီစီမှုတ်သံတစ်ခုကိုထူးဆန်းဖွယ် ကြားလိုက် ရပါသည်။ “ဘုရားရေ . . ” ဟုပင် ကျွန်တော်ယောင်ယမ်းရွတ်ဆိုလိုက် မိသည်။ မီးစိမ်းသွားပါပြီ။ ဖြတ်သန်းနေသော ယာဉ်တန်းကြီးရပ်တန့်သွားပါပြီ။ ကားများအားလုံး မင်သက်အံ့သြနေကြမှန်းသိသာလှပါ သည်။ ၀ီစီသံနောက်တစ်ခု ထပ်ထွက်လာသည်။ ကားတွေမြန်မြန်ထွက်ကြဖို့နှိုးေ ဆ်ာနေခြင်းဖြစ်ပေ၏ ။ ကျွန်တော်တို့ဘေးက ကားများလည်း စက်နှိုးသံတညံညံထွက်လာကြသည်။ အချို့ကားများဆိုတော်တော်နှင့်နှိုးမရ။ ကျွန်တော်လည်း ကားစက်နှိုးဖို့ပြင်လိုက် ပါသည်။
ထိုအချိန်မှာပင် သမီးလေးက သူမောင်းမည်ဟုပြောလာပါသည်။
“သမီးမောင်းတတ်လို့လား”
“အော်တိုဂီယာမို့လား။ သမီးမောင်းပါရစေဖေကြီး။ သိပ်မခက်လောက်ပါဘူး။ ဖေကြီးလည်း ဒီဂိမ်းကို အရင်က ဆော့ဖူးတာမှမဟုတ်တာ”
သမီးလေးက ကျွန်တော့်ကိုထိုသို့ပြန်ပြော ပီး ကားစက်ကိုနှိုးလိုက်ပါသည်။
တစ်ချက်တည်းနှင့်နိုးသွားသည်။ ကျွန်တော်လည်းဘာမှမပြောတော့ဘဲ ဂိမ်းကိုသာ
ဆက်ကစားနေလိုက်သည်။ “ သမီးဂိမ်းခါနီးတိုင်းဝင်တိုက်ေ နကျ နေရာ ရှိတယ်။
ဖေကြီးအဲ့နေရာကို အောင်အောင်ဆော့ပေးနော်” ဟု သမီးလေးက ပြုံးရွှင်စွာ
ပြောလာသည်။ ကျွန်တော်တို့ ကားလေးသည် မီးပွိုင့်ကိုတကယ်လွန်မြောက်လာ ခဲ့ပါပြီ။
မယုံနိုင်လောက်ဖွယ် အခြေအနေကို ကျွန်တော်သည်အံ့သြ နေခြင်းမပြုတော့ဘဲ
ဂိမ်းကိုသာငုံ့၍ ကစားနေမိပါတော့သည်။ ဂိမ်းထဲမှ ကျွန်တော့်ကားလေးသည်
လျှင်မြန်စွာပြေးလွှားနေသလို ကျွန်တော်တို့စီးနင်းလာသောကားေ လးမှာလည်း ခပ်မှန်မှန်သွားနေပါသည်။
“ဂိမ်းထဲမှာရော မီးပွိုင့်မိတတ်သလား” ဟု ကျွန်တော်သမီးလေးကို မမေးရသေးပါ။
မှူးနေဝန်း
ကျွန်တော်သည် ကားဟွန်းကို စိတ်မရှည်စွာအကြာကြီးဖိထားလိုက်
ဤမီးပွိုင့်သည် ယာဉ်ပိတ်ဆို့မှုမကြာခဏဖြစ်လေ့ရှိ
သိပ်မကြာမီမှာပင် သမီးလေး၏ကားသည် လမ်းဘေးအဆောက်အဦတစ်ခုကိုဝင်တို
ကားတန်းကြီးမှာရွေ့လျားနေသည်ဆို
ထိုအချိန်မှာပင်ဖုန်းကမြည်လာပါ
“ဟဲလို ..”
“ဟဲလို အေး မိန်းမရေ။ ကိုနဲ့သမီးလေး ကားပိတ်နေလို့ဟေ့”
“သြော ဟုတ်လား။ ကြာလိုက်တာ ။ အခုရော”
“အခုတော့ပြန်မောင်းလို့ရနေပြီ ။ တရွေ့ရွေ့ပါပဲ”
“မေမေ သမီးရဲ့ဂါးဂါးကို အစာကျွေးပြီးပြီလား ။ သမီးကတော့အခုလိမ္မော်သီးစားနေတယ်
ကျွန်တော်တို့စကားပြောနေစဉ်သမီး
“ဟေ . . အေး သမီးလေး။ ခုနကတင်ကျွေးထားပါတယ်ရှင်”
ဇနီးသည်က ရယ်ရယ်မောမောပြန်ဖြေပါသည်။
“အေး မိန်းမရေ ဖြေးဖြေးမောင်းနေရတယ်ကွာ။ မရောက်သေးပါဘူး။ ရောက်ရင်ဖုန်းဆက်လိုက်မယ်လေ”
ကျွန်တော်ကဖြတ်ပြောသည်။ ကားကိုလည်းထိန်းမောင်းရင်း အရှေ့ကိုကြည့်လိုက်တော့ ကျွန်တော်တို့ကားက မီးပွိုင့်ကိုလွန်မြောက်တော့မည်
“အင်းအင်း။ ရောက်ရင်ဖုန်းဆက်လိုက်ဦးနော်။ ပြီးတော့ . . .”
ဇနီးသည်၏ စကားတစ်ဝက်မှာပင် ကျယ်လောင်စူးရှသော ခရာမှုတ်သံကိုကြားလိုက်ရပြီး မီးပွိုင့်သည် အစိမ်းမှ အနီသို့တစ်ဖန်ပြန်ပြောင်းသွားပါ
“ဟာ ပြန်နီသွားပြန်ပြီမိန်းမရေ။ မီးပွိုင့်လွတ်ခါနီးမှကွာ”
ကျွန်တော်က မချင့်မရဲပြောလိုက်ပါသည်။
“အင်းအင်း ။ စိတ်ရှည်ရှည်နဲ့စောင့်ပါရှင်။ ရောက်မှသာဖုန်းဆက်လိုက်တော့နော်
ဇနီးသည်က ထိုသို့ပြောပြီး ဖုန်းကိုပြန်ချသွားသည်။ ယခုအချိန်မှာတော့ ကျွန်တော်တို့၏ကားလေးအတွင်း ပြန်လည်တိတ်ဆိတ်ခြောက်ကပ်သွားပါ
မီးနီကိုစိုက်ကြည့်နေမိသဖြင့် ကျွန်တော့်မျက်လုံးများေ၀၀ါးလြာ
“ဟာ သွားပြန်ပြီကွာ”
သမီးလေး၏ ကျယ်ကျယ်လောင်လောင်အော်ဟစ်သံေ
“ဖေကြီး။ နိုးသွားတာလား။ သမီးလည်းစောင့်ရတာကြာလွန်းလို့ အပျင်းပြေဂိမ်းပြန်ဆော့နေတာ။ ဖေကြီးကလည်း အိပ်နေတော့စကားပြောလို့လည်းမရ။ ဂိမ်းကလည်းအောင်ခါနီးလေးကျမှ ၀င်ဝင်တိုက်မိနေတာ ။ အဲ့နေရာမှာပဲ ခဏခဏ။ အော်လိုက်မိတာ ဆောရီးနော်။”
သမီးလေးက ကျွန်တော့်ကိုပြောနေပါသည်။ “ရပါတယ် သမီးရယ်” ဟု ကျွန်တော်က ပြောပြီး ပတ်ဝန်းကျင် အခြေအနေကိုကြည့်ရန်ကားအောက်ဆင်း
ကျွန်တော်ဇောချွေးများပြန်လာပါ
ကျွန်တော်တို့အဖြစ်အပျက်ကို အကျဉ်းချုံ့ပြောရလျှင် ထိုနေ့ညအထိမီးပွိုင့်ဆက်နီနေပါ
ကျွန်တော်၏ညာဘက်ကကားမှာ ထီလက်မှတ်ရောင်းသည့်ကားဖြစ်ပါ
ကျွန်တော်သည် မီးပွိုင့်မိနေသည့်ကာလအတွင်း ချောင်းဆိုးသွေးပါ ၂ခါ၊ အိပ်မက်ဆိုးမက်ခြင်း ၆ခါ နှင့် ၃ခါတိတိ ရှိုက်ကြီးတငင်ငိုကြွေးဖူးပါသည်။ ကျွန်တော်၏ သမီးငယ်လေးသည်လည်း အရွယ်ရောက်လာကာ လှသွေးကြွယ်လျှက်ရှိပါ ပြီ။ ကားနီးနားချင်းများထဲတွင် သူ့အလှဂုဏ်သည်ကြော်ကြားပါသည်။ သမီးလှအတွက် အဖေတစ်ယောက်အနေနှင့်ဂုဏ်ယူ ရသကဲ့သို့ စိုးရိမ်ပူပန်ရသည်များလည်းရှိပါ
တစ်နေ့မှာမူ ကျွန်တော်သည် သမီးလေး၏ Tabletကိုယူ၍ သူဆော့နေကျ ကားမောင်းသည့် ဂိမ်းကိုဆော့မိနေ၏။ ကားမမောင်းရသည်မှာကြာ၍ ဂိမ်းထဲကကားကိုမောင်းရသည်မှာပင် ကျွန်တော့အတွက်အလွန်အရသာရှိလှပါ
ထိုအချိန်မှာပင် သမီးလေးက သူမောင်းမည်ဟုပြောလာပါသည်။
“သမီးမောင်းတတ်လို့လား”
“အော်တိုဂီယာမို့လား။ သမီးမောင်းပါရစေဖေကြီး။ သိပ်မခက်လောက်ပါဘူး။ ဖေကြီးလည်း ဒီဂိမ်းကို အရင်က ဆော့ဖူးတာမှမဟုတ်တာ”
သမီးလေးက ကျွန်တော့်ကိုထိုသို့ပြန်ပြော
“ဂိမ်းထဲမှာရော မီးပွိုင့်မိတတ်သလား” ဟု ကျွန်တော်သမီးလေးကို မမေးရသေးပါ။
မှူးနေဝန်း
လူနာတင်ကား
လူနာတင်ကား
သွားမယ့်လမ်းမှာ
တရားပွဲကလာပိတ်နေတယ်။
ပိတ်ဆို့နေတာကို တံတွေးနဲ့မျောချ
ဗြဟ္မကို ဒီလိုစိုခဲ့ရ။
မှူးနေ၀န်း
ထုပ်ပိုးမှုပုံစံ
ထုပ်ပိုးမှုပုံစံ
ထုပ်ပိုးမှုဟာ စားသုံးသူတွေကိုစွဲဆောင်တယ်
ထုပ်ပိုးမှုတစ်ခုရဲ့ Function ဟာဘာလဲလို့မေးလာရင်
Protection ဆိုတဲ့အချက်ကိုတော့ မျက်စိမှိတ်ပြီးသာဖြေလိုက်
ထုပ်ပိုးမှုဟာ ပြင်ပအနှောက်အယှက်ကိုကာကွယ်သလို
အတွင်းလျှို့ဝှက်ချက်ကိုလည်း ကာကွယ်ပေးတယ်
ထုပ်ပိုးမှုဟာ သွားရည်ပိုကျစေတယ်
နှလုံးခုန်နှုန်းမြန်စေ သွေးလည်ပတ်မှုကောင်းစေတယ်
ထုပ်ပိုးမှုအရည်အသွေးမြင့်မားခြင်းဟာ
ကုန်ပစ္စည်းအပေါ် အထင်အမြင်ကြီးစေတယ်
အကောင်းစားပွဲတက်ဝတ်စုံဝတ်လာသူကို
လုံခြုံရေးအစောင့်က ခပ်မာမာမတားရဲဘူး
ထုပ်ပိုးမှုရဲ့ဘေးထွက်ဆိုးကျိုးကတော့
မလိုအပ်တဲ့အမှိုက်ပိုတွေများလာတာပဲ
ပါကင်စက္ကူလှလှတွေဟာ
ဝမ်းမြှောက်ကြည်နူးမှုအောက်မှာ စုတ်ဖြဲခံရရှာ
ရှပ်အင်္ကျီအသစ်ဝယ်ရင်
ထိုးထားတဲ့ပင်အပ်တွေကို ဘယ်နားထားရမှန်းမသိ
အမှိုက်တွေတန်ချီပြီး လေယာဉ်နဲ့တင်
ပြီး တခြားနိုင်ငံထဲ ခိုးခိုးလွှင့်ပစ်ကြတယ်ဆိုတဲ့ကိစ္စတွေဟာ
ထုပ်ပိုးမှုဖောင်းပွခြင်းမှာ မြစ်ဖျားခံတာပေါ့
ထုပ်ပိုးပိုလျှံအမှိုက်တွေကို
အမှိုက်အိတ်တွေနဲ့ ပြန်လည်ထုပ်ပိုး
အရာရာဟာအထုပ်အပိုးထဲက ဖောက်မထွက်နိုင်ကြ
လျှပ်စစ်ဓာတ်ကို ဘက်ထရီနဲ့ထုပ်ပိုးလိုက်သလို
မျှော်လင့်ချက်ကို ထီလက်မှတ်နဲ့ထုပ်ပိုးထား
အခမ်းအနားဖွင့်ပွဲတွေကို မိန်းမလှလေးတွေနဲ့ထုပ်ပိုး
နှစ်နိုင်ငံဆွေးနွေးပွဲကို စကားပြန်တွေနဲ့ထုပ်ပိုး
ကဗျာကို ကလောင်အမည်နဲ့ ပြီးစလွယ်ထုပ်ပိုးတာမျိုးရှိသလို
ထိမ်းမြားလက်ထပ်ခြင်းကို ဘွဲ့လက်မှတ်နဲ့ထုပ်ပိုးတာလည်းရှိ
လက်ဖက်ရည်ကိုကျွပ်ကျွပ်အိတ်နဲ့
နောက်ဆက်တွဲပြဿနာကို ကွန်ဒုံးနဲ့
အမျိုးသားရေးကို ကြွေးကြော်သံနဲ့
တန်ဖိုးနည်းဆက်သွယ်ရေးကို Free Wifi နဲ့
ဒီလိုပါပဲ သင့်တော်ရာထုပ်ပိုးရတာပဲ
သစ်သီးတွေတောင် အခွံပါရသေးတာပဲ
ကိုယ်ခန္ဓာမှာတောင် အရေပြားရှိရသေးတာပဲ
စီးဆင်းမှုကို ကမ်းပါးနဲ့ထုပ်ပိုးပြီး မြစ်တွေဖြစ်လာ
ပညာသင်ကြားခွင့်ကို ကျည်ဆံနဲ့ထုပ်ပိုးပြီး မာလာလာဖြစ်လာ
ကျမ်းစာအလိုအရဆို
နောဧဟာ လက်ရှိသက်ရှိမျိုးဆက်တွေကို
သူ့သင်္ဘောနဲ့ထုပ်ပိုးခဲ့တာ
ငါတို့တွေဟာ အိတ်တစ်လုံးစီကိုင်ပြီး သူ့အထုပ်ထဲကထွက်လာ
အဲဒီ့အိတ်နဲ့ပြန်လည်ထုပ်ပိုးရမယ့်အရာကို ရှာဖွေကြ
အချင်းချင်းထုပ်ပိုးကြ
ဆန်တာကလော့ကြီးက သူ့အထုပ်သူဖြည်ပါတယ်
ဆန်တာကလော့ရဲ့အထုပ်ထဲက ရှိတ်စပီးယားထွက်လာတယ်
ရှိတ်စပီးယားရဲ့အထုပ်ထဲက Wall-E စက်ရုပ်ထွက်လာတယ်
Wall-Eစက်ရုပ်အထုပ်ထဲက စေတန်ထွက်လာတယ်
စေတန်ရဲ့အထုပ်ထဲက ဘိသိက်ဆရာထွက်လာတယ်
ဘိသိက်ဆရာရဲ့အထုပ်ထဲက အိုင်းစတိုင်းနဲ့ဟီရိုးရှီးမား
အိုင်းစတိုင်းနဲ့ဟီရိုးရှီးမားရဲ့အထုပ်ထဲက ကင်ဂျုံအန်နဲ့ ဗာစကိုဒဂါးမား
ကင်ဂျုံအန်နဲ့ ဗာစကိုဒဂါးမားရဲ့အထုပ်ထဲက ဇူကာဘတ်နဲ့ အမ်မလီဒစ်ကင်ဆန်
ဇူကာဘတ်အထုပ်ထဲက စွတ်ဖားလှည်းတစ်စီးထွက်လာပြီး အမ်မလီဒစ်ကင်ဆန်ရဲ့အထုပ်ထဲမှာတော့နောက်ထပ်ဆန်တာကလော့ကြီးတစ်ယောက်
ဒီဆန်တာကလော့ကြီးကပြောပါတယ်
သူဟာဗားရှင်းပိုမြင့်လာပြီတဲ့
ကြာရှည်ပိုခံလာပြီတဲ့
ကမ္ဘာ့အသိအမှတ်ပြုကုန်ပစ္စည်းဖြစ်လာပြီတဲ့
ထုပ်ပိုးမှုပုံစံသစ်ကိုအသုံးပြုထားတဲ့အတွက်
ကျန်းမာရေးနဲ့ပိုညီညွတ်ပါတယ်ဆိုပဲ။
မှူးနေဝန်း ဟံလင်း

ညနေဟာ ညပ်နေ
ညနေဟာ ညပ်နေ
မှန်ထဲကသူ့အရိပ်ကို သတို့သမီးဟာရှက်စနိုးကြည့်နေသလို
ညနေဟာ သူ့အသွေးအရောင်ကိုပြန်လည်ငေးမောတယ်
ကိုယ်တို့မှာ ညနေများစွာရှိခဲ့တယ်
တချို့ညနေတွေဟာ အမှတ်စွဲမဲ့
တချို့ညနေတွေက သမိုင်းဝင်စာမျက်နှာ
မနက်ခင်းဟာ အကြည်လင်ဆုံးအချိန်ဆိုရင်
ညနေတွေဟာ အရိုးသားဆုံးအချိန်တွေပါပဲ
တနေကုန် ကိုယ့်ကိုယ်ကိုညာထားသမျှ
ညနေမှာပြန်ပြီးသတိရဖြစ်ကြတယ်မလား
ညနေတွေမှာ ကိုယ်တို့အချင်းချင်း ပိုမိုနီးစပ်သွားတယ်
မနက်ကို ဖြတ်သန်းဖူးသူတွေသာ
ညနေကို နားလည်နိုင်တယ်ဆိုပေမယ့်
မနက်ရောက်တိုင်း ညနေရောက်ဖို့မသေချာပါဘူး
ဒုလ္လဘတရားထဲ လှပသောညနေတွေကို စာရင်းသွင်းရမယ်
ညနေဟာ ညိုပေမယ့် ဆေးလိပ်ကမတိုသေးဘူး
တချို့ဆေးလိပ်တွေက မီးတောင်မညှိရသေးဘူး
အိမ်မပြန်ချင်သူတွေအတွက် ညနေဟာနတ်သမီးပေါ့
တောင်ပေါ်ညနေနဲ့ မြေပြန့်ညနေနဲ့ ပင်လယ်ညနေနဲ့
အရသာချင်းမတူပေမယ့် အားလုံးစားလို့ကောင်းပါတယ်
ဟမ်ဘာဂါတစ်လုံးလိုပေါ့
ပေါင်မုန့် ၂ခုကြား အစာတွေညှပ်ထားသလို
အလင်းနဲ့အမှောင်ကြား ညနေကိုညှပ်ထားရတာလေ
ခုတ်မောင်းပြေးလွှားနေသူဟာ
ညနေမှာသူ့အင်ဂျင်ကို နားလိုက်ပြီ
ရပ်တန့်ငြိမ်သက်နေသူကတော့
ညနေမှာ သူ့အလုပ်ကိုစတာပေါ့
ကျောမှီစရာတစ်ခုနဲ့ အဝေးမှာငြိမ်နေတဲ့တိမ်တွေရှိရင်
“ဘ၀ဆိုတာ” အစချီတဲ့အတွေးမျိုးဟာ
ညနေခင်းနဲ့အလိုက်ဖက်ဆုံးပါပဲ
စက်ဘီးချိန်းကြိုးညပ်နေတဲ့ ကောင်မလေးကို ကူညီရင်း
ညနေဟာ မျက်ဝန်းထဲညပ်ပါလာတာမျိုး
လူအုပ်ကြားထဲညပ်နေတဲ့ အောက်စီဂျင်ကိုရှာရင်း
ညနေဟာ ချွေးစေးတွေကြား ညပ်ပါလာတာမျိုး
အဲ့ဒီလိုညနေဟာ ခိုးလိုးခုလု ၊ တဖျစ်ဖျစ်မြည်
အကျည်းတန်တွေလှလာပြီဆိုရင်တော့
အဲဒီ့ညနေဟာ ဓာတ်သဘောဖောက်ပြန်နေတဲ့ညနေပဲ
ဒီလိုပဲ ကိုယ်ယူဆမိတယ်
ဟိုးမှာကြည့်
နေလုံးဟာ မိုးနဲ့မြေကြားညပ်နေတယ်
ငှက်တွေက အိပ်တန်းနဲ့လွတ်လပ်မှုကြားညပ်နေတယ်
ကိုယ်တို့က အမှန်တရားကိုလက်ခံလိုစိတ်နဲ့
အိပ်မက်ရဲ့သာယာမှုကြားမှာညပ်နေတယ်
စကားအဖြစ်ပြောရမယ်ဆိုရင်
ညနေကို “ညပ်နေ” လို့ အသံထွက်လေ့ရှိပါတယ်။

အိမ်
အိမ်
တောင်ကမ္ဘာခြမ်းက ကဗျာတစ်ပုဒ်ကို
ငါရှာနေပါတယ်။
-နွေးထွေးပြီးကြည်လင်သောဒီဇင်ဘာနွေဦး-
အဲ့လို စာသားမျိုးများတွေ့ရမလား
ငါဖတ်ချင်နေတယ်။
မှူးနေ၀န်း
တောင်ကမ္ဘာခြမ်းက ကဗျာတစ်ပုဒ်ကို
ငါရှာနေပါတယ်။
-နွေးထွေးပြီးကြည်လင်သောဒီဇင်ဘာနွေဦး-
အဲ့လို စာသားမျိုးများတွေ့ရမလား
ငါဖတ်ချင်နေတယ်။
မှူးနေ၀န်း
ခေးအော့စ်
ခေးအော့စ်
ငါ့အလျင်ကို ငါမတွက်ချက်ခဲ့ပါဘူး
မင်းဦးတည်ချက်ကလည်း
ကြုံရာကျပမ်းပါပဲ။
ဟင်းလင်းပြင်ထဲက အစက်လေးတစ်စက်မှာ
ကာလယန္တရားရဲ့ ယူနစ်လေးတစ်ခုမှာ
ဘာကြောင့်များပခုံးချင်းဝင်တိုက်မိကြတာ။
မှူးနေ၀န်း
ငါ့အလျင်ကို ငါမတွက်ချက်ခဲ့ပါဘူး
မင်းဦးတည်ချက်ကလည်း
ကြုံရာကျပမ်းပါပဲ။
ဟင်းလင်းပြင်ထဲက အစက်လေးတစ်စက်မှာ
ကာလယန္တရားရဲ့ ယူနစ်လေးတစ်ခုမှာ
ဘာကြောင့်များပခုံးချင်းဝင်တိုက်မိကြတာ။
မှူးနေ၀န်း
နွေဦးသစ်ရွက်စိမ်းများသို့
နွေဦးသစ်ရွက်စိမ်းများသို့
သဲထဲကိုရေသွန်ခဲ့ပါတယ်
ဒါဟာ သဲထဲရေသွန်ဖြစ်မသွားဘူးဆိုတဲ့ ယုံကြည်မှုနဲ့
ကျွန်တော် သဲထဲကိုရေသွန်ခဲ့ပါတယ်။

ငါ့အိပ်ရာဘေးမှာပိရမစ်တစ်ခုရှိတယ်
ငါ့အိပ်ရာဘေးမှာပိရမစ်တစ်ခုရှိတယ်
ငါ့အိပ်ရာဘေးမှာပိရမစ်တစ်ခုရှိတယ်။ ငါအိပ်ရင်းနဲ့ လမ်းထလျှောက်တဲ့အခါ ပိရမစ်ပေါ်တက်သွားလေ့ရှိတယ် (လို့သူများတွေကပြောတယ်)။ ပိရမစ်ပေါ်တက်ရတာဘယ်လိုခံစားမှုမျိုးလည်းဆိုတာ ငါမမှတ်မိပါဘူး။ ထုံးဖြူသုတ်အုတ်ဂူပေါ်တက်ဆော့ရတာနဲ့တော့ တူမှာမဟုတ်။ ပိရမစ်ကသိပ်ကိုထွားကျိုင်းခန့်ငြားလွန်းတော့ သူ့နောက်ကွယ်မှာထိုင်နေတဲ့သေခြင်းတရားကို သတိမပြုမိနိုင်ပါဘူး။ ငါအကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်။ ငါအိပ်ရင်းလမ်းထလျှောက်တဲ့အခါ အိပ်မက်ကနိုးလာဖို့၊ ငါ့အာရုံကိုလာတိုးဝှေ့သမျှကိုမှတ်သားထားလိုက်ဖို့။ မရခဲ့ပါဘူး။ ဘယ်လိုကြိုးစားကြိုးစားမရခဲ့ပါဘူး။(အဲ့လိုကိစ္စတွေရှိပါတယ်။) ငါတို့ရဲ့ဂျာစီတွေသာဟောင်းနွမ်းသွားမယ် မြက်ခင်းရဲ့အစိမ်းဓာတ်က အမြဲသစ်လွင်တောက်ပနေတာမျိုးပေါ့။ မဆိုင်တာတွေဖြတ်ပြောတာမထင်ပါနဲ့။ ငါဆိုလိုတာက သဘာဝဟာအမြဲအနိုင်ရမယ် ဆိုတာ။ သဘာဝလွန်အဖြစ်အပျက်တွေဟာလည်း သဘာဝတစ်ခုပဲဆိုတာ။ အိပ်နေတုန်းမှာတောင်လုပ်လို့ရတဲ့ကိစ္စတွေကို နိုးနေချိန်မှာလုပ်ဖို့အလှည့်မပေးဖြစ်ကြတာ။ အမှန်တော့ငါပြောချင်တာအဲ့ဒါပါ။ အဲဒါတွေကိုပြောချင်နေတယ်ဆိုတာလည်း ငါ့ဘာသာမသေချာ။ ပိရမစ်ဆီက သီချင်းသံလိုလို ငိုသံလိုလို ပုဝါဖြူလွင့်လာတာလိုလို မံမီရုပ်ရဲ့မျက်ခွံက ရုတ်တရက်ပွင့်လာတာလိုလို။ ဒီလိုမေးခွန်းတွေငါပြန်မဖြေတတ်တာခွင့်လွှတ်ပါ။ ၀ိညာဉ်ထွက်ပေါက်ထဲလရောင်ကထိုးဝင်သွား။ လေနဲ့အတူ လရောင်ကိုပါငါရှူသွင်းမိသွား။ အိပ်စက်ခြင်းကိုစွန့်လွှတ်ဖို့မတွေးမိပါဘူး။ အချိန်တန်ရင်ငါဟာ ငါ့အလိုမပါဘဲ ဒီပိရမစ်ကိုတက်လာရဦးမှာပဲ။ ငါ့အောင်မြင်မှုကိုငါမမြင်ရပေမယ့် ဂုဏ်ယူနေဦးမှာပဲ။ `ပိရမစ်ကြီး ခြေဖ၀ါးအောက်´ ဆိုတာငါ့လက်သုံးဆောင်ပုဒ်ဖြစ်ကြောင်း အင်တာဗျူးတွေမှာ ဖြေနိုင်လာမှာပဲ။ ငါ့ကိုလှောင်ပြောင်ချင်တယ်ဆိုရင်လည်း ကိုယ်ချင်းစာတတ်သွားမှာပါ။ အနှေးနဲ့အမြန်ဆိုသလို မင်းတို့အိပ်ရာဘေးမှာ ပိရမစ်တစ်ခုပေါ်ပေါက်လာဦးမှာပါ။ တခါတခါ ကိုယ့်လက်ရဲ့တို့ထိမှုက သိပ်နူးညံ့ပြီးသိမ်မွေ့လွန်းတော့ ကိုယ် Like လုပ်တာကို သူတို့မသိတာဖြစ်မှာပါ။

မြို့ဖြူ
မြို့ဖြူ
ဘယ်ကိုကြည့်ကြည့်
အချိန်တိုင်းဖြူနေတဲ့မြို့မို့လို့
မြို့ဖြူလို့ခေါ်တယ်။
ဒီမြို့ရှုခင်းကို ပန်းချီဆွဲမယ်ဆို
အောက်ခံအဖြူသားတစ်ခုရှိရုံနဲ့ လုံလောက်တယ်
ဒီမြို့ရာဇ၀င်ကို သီချင်းလုပ်ဆိုမယ်ဆို
အသံမထွက်ဘဲ ငြိမ်နေရုံနဲ့ဖြစ်ပြီ
ဒီမြို့အကြောင်း ရုပ်ရှင်ရိုက်မယ်ဆို
အသိဉာဏ်ကင်းမဲ့တဲ့ မျက်လုံးပုံရိပ်ကို
ပိတ်ကားပေါ်တင်ထားလိုက်ရုံပါပဲ
ဒီမြို့အကြောင်း ပြဌာန်းသင်ကြားမယ်ဆိုရင်တော့
စာသင်ခုံပေါ်မှာ မှောက်အိပ်နေလိုက်ရုံပေါ့
ဒီမြို့ကို ကဗျာရေးရမယ်ဆိုရင်ဖြင့်
မြို့ဖြူဆိုတဲ့ခေါင်းစဉ်ကိုမြင်တာနဲ့ ဆက်မဖတ်နဲ့တော့
အားလုံးအလိမ်အညာတွေချည်း ကြုံရလိမ့်မယ်။
တကယ်တော့ မြို့ဖြူဟာ
မှောင်မည်းနေတဲ့မြို့ပဲ
အမှောင်တွေကြားထဲ ဖြူရတာမလွယ်ဘူး
နေရောင်ခြည် ၀င်မတိုးရဲတဲ့ဒေသမှာမှ
မြို့လာဖြစ်ပြီး ငုတ်တုတ်မေ့နေရှာတယ်
မြို့ဖြူဟာပညာရှိတစ်ယောက်ဆိုရင်
သူ့မြို့သားတွေဟာ သုခမိန်ရဲ့ မုတ်ဆိတ်မွေးတွေဖြစ်တယ်
အကြောင်းမရှိဘဲ ဟန်ပြဆွဲဆန့်ခြင်းကို
ခဏခဏ ခံရတယ်
သဘာဝကျစွာကွေးကောက်လို့မရ
သဘာဝကျစွာရှုပ်ထွေးခွင့်လည်းမရ
မြို့သူမြို့သားတွေမှာ
ဘာသာစကားလည်းမရှိ
ယဉ်ကျေးမှုလည်း မရှိဘူးတဲ့
ဒါပေမယ့်
အားလုံးစာတတ်တယ်
အားလုံးသိမ်မွေ့တယ်။
လူတော်လူကောင်းများလွန်းလို့
တစ်နှစ်တစ်ခါ စုန်းပြူးလုပ်မယ့်သူကို ရွေးခြယ်ရတယ်
သူတို့အတွက်
စုန်းပြူးလုပ်ခွင့်ဟာ ထီဆုကြီးပေါက်တာပဲ
အကုသိုလ်တရားဟာ ရခဲလွန်းစွ
ငါတို့ ပွန်းပဲ့သွားတာ ဘယ်လောက်ကြည်နူးစရာကောင်းသလဲ။
ဒီမြို့ထဲဝင်လာတာနဲ့
သင့်မှာ နားရွက်ကြီးကြီးတစ်စုံရှိဖို့လိုမယ်
အသံအကျိုးအပဲ့လေးတွေကို ကောက်ရချင်တယ်ဆိုရင်ပေါ့
အသက်ကို ဖြည်းဖြည်းရှူဖို့တော့
ငါသတိပေးချင်တယ်
အသက်တစ်ခါရှိုက်လိုက်တိုင်း
ရှေ့ကိုခြေတစ်လှမ်းတိုးပေးရမယ်
အဆုတ်ထဲဝင်လာတာ လေတွေမဟုတ်ဘူး
ဘယ်ကမှန်းမသိတဲ့ကြိုးစ
မြို့စောင့်ပင့်ကူရဲ့ ဖင်ဟာ သိပ်အလုပ်လုပ်တယ်လို့
မင်းတို့လျှောက်တွေးခွင့်ရှိတယ်
ဒီမြို့မှာထူးခြားတာက
မင်းတို့ကို မှားခွင့်အပြည့်အ၀ပေးထားတာပဲ
အချုပ်အနှောင်ကင်းတယ်
မှားပြီးရင် မှန်လာမှာပါလို့
အားပေးသလိုလိုနဲ့ ဖိအားမပေးကြဘူး
အောင်မြင်တိုးတက်အကောင်းမြင် ဒဿနအားလုံးကိုပယ်တယ်
မှားပြီးရင်း မှားတော့လည်းဘာဖြစ်လဲ
အမှားဟာ ပျော်စရာကောင်းတယ်
ဒီမြို့ကလူတွေဟာ သိပ်ကိုပျော်ချင်နေကြတယ်။
တစ်ခုသော စားသောက်ဆိုင်မှာ
ဒီနှစ်အတွက်စုန်းပြူးကို မင်းတို့တွေ့ရလိမ့်မယ်
သူဟာ ဘန်ဂျမင်ဘော့တွန်ဖြစ်တယ်
နှုတ်ခမ်းကိုအောက်သို့ကွေးချတဲ့နည်းနဲ့ ပြုံးပြမယ်
ခင်ဗျားနာရီ ပြောင်းပြန်လည်နေတုန်းပဲလားလို့မေးတော့
သူက ဘာမှပြန်မဖြေဘူး
ပင်လယ်တွေမဆံ့အင်္ဂါပဲ မြစ်ထဲတိုးဝင်တယ်
ဘ၀တွေမရည်ရွယ်ဘဲ ပါးဖောင်းရတယ်
ရေခဲတောင်ထိပ်မှာ အာလူးဘုသီးကြီးသီးတယ်
လျှံကျတဲ့နှာခေါင်းသွေးတောင် အထဲကိုပြန်ဝင်တယ်
နှင်းမှုန်တွေကတော့ မြေကြီးပေါ်မှာပုံနေတယ်။
ပြောဖို့မေ့တော့မလို့
ဒီတစ်မြို့လုံး ဖြူနေရတဲ့အကြောင်းက
နှင်းတွေကြောင့်လို ခန့်မှန်းကြတယ်
ဘယ်ကရောက်လာမှန်းမသိတဲ့ နှင်းတွေလေ
အခုမှ ဗိုက်ထဲကထွက်လာတဲ့ကလေးရဲ့လက်သီးဆုပ်ထဲမှာတောင်
နှင်းမှုန်တွေ ပါလာတယ်
နှင်းတွေကြောင့် ဖြူစင်လှပတဲ့ဗွက်အိုင်တွေဖြစ်သွားတယ်
ငါ့ကော်ဇောကိုပြေးပြီး လျှာနဲ့လျက်ပစ်လိုက်တယ်
ငါ့ခြေရာဟာ အေးမြပြီး အရသာရှိလွန်းလို့။
မျက်စိမရှိတဲ့အမှုန်တွေ မမြင်မကန်းဝင်ဆောင့်ပြီး
မျက်စိအတွက်အလင်းရောင်တွေ ထွက်လာသတဲ့
ရယ်စရာဟာသများ ခပ်ယူသောက်သုံး၍မကုန်
ထို့ကြောင့်လူတိုင်း ကြမ်း မာ ၀ ဖျိုး ကြတယ်
လူတိုင်းထောင်မတ်နေကြတယ်
အချို့ကမျှော်စင်လို
အချို့က ခြင်ဆေးခွေထောက်တိုင်လို
အချို့က သင်္ချိုင်းမှတ်တိုင်လို
ငါဘယ်တော့သေမလဲဆိုတာ
ရှင်သန်နေတုန်းမှာ
ရှင်သန်နေတယ်လို့ ယူဆရတုန်းမှာ
ရှင်သန်နေတယ်လို့ အများပြောသံ နားစွန်နားဖျားကြားရတုန်းမှာ
အရသာရှိရှိတွေးရမယ်
တစိမ့်စိမ့်တွေးရမယ်
အထွတ်အထိပ် ကျဉ်တက် စိုရွှမ်းနေအောင် တွေးရမယ်။
လေတိုက်လိုက်မှ
အ၀တ်ကြိုးတန်းက လှုပ်သွားတယ်
အဲ့ကြိုးတန်းမှာ မျက်ခွံတွေကိုချိတ်ပြီးလှမ်းထားတာ
သိန်းငှက်ဟာ အစာကို ဖမ်းကုပ်ထားပြီးမှ
ဠင်းတလို မှိုင်နေရှာ
သူ့နှုတ်သီးကို တက်ခွချုပ်ထားတဲ့ ရေခဲစိုင်ကိုကြည့်ပြီး
သစ်တောက်ငှက်ခဏ ဖြစ်ချင်နေမှာ
လူသေအလောင်းများ စောင်ခြုံကွေးနေရ
လမ်းမီးတိုင်များ ပိန်တာရိုးငပေါတွေဖြစ်လို့
ဒါနဲ့
မျက်ခွံဆိုတာ
မျက်လုံးမရှိလဲ
ပုတ်ခတ်ပုတ်ခတ်လုပ်တတ်တာမျိုး။
ဒီမြို့မှာ
ဘယ်သူမှ တေးမဆို
ဘယ်သူမှ ယာမလုပ်
ဘယ်သူမှ ချောကလက်မစား
ဘယ်သူမှ အိပ်မက်မမက်
ဘယ်သူမှ မရူး
ဘယ်သူမှ နိုင်ငံမတော်
ဘယ်သူမှ အနုမပညာ
လူတိုင်း ကျစ်လစ်နေတယ်
လူတိုင်း စေးပျစ်နေတယ်
လူတိုင်း ကြပ်ထုပ်နေတယ်
လူတိုင်းအချိန်စီးတယ်
လူတိုင်း ပျဉ်းတွဲ လေးပင် မာတောင်နေတယ်။
အနံ့လေးလှမ်းကြားလိုက်ရုံနဲ့
နှာခေါင်း ဘတ်လတ်ဘတ်လတ်မလုပ်ချင်စမ်းနဲ့
တစ်မြို့လုံးရဲ့ ကြေးညှော်ဟာ ဆေးဘက်ဝင်တယ်
တန်ဖိုးကြီးတယ်
ဉာဏ်ရည်မြင့်မားပြီး အားကစားထူးချွန်စေတယ်
လက်ချင်းချိတ်ထားတဲ့ ဖို မ များ
နှင်းတောထဲဝင်ပြီး အိုပါဂမ်းနမ်းစတိုင်ကြတယ်
သစ်ကိုင်းထောင့်ချိုးတွေက တခွိခွိနဲ့
စုန်းအိုရွတ်တွ မုန်ယိုသလို
သွေးကြောတဂျုန်းဂျုန်း ပြေးသံအချို့ရှိတယ်
အစဉ်အလာလိုက်နာတဲ့ လျှပ်စီးဖြူတွေဟာ
တောင်ကုန်းထိပ်ကို လှမ်းပစ်ခတ်တယ်
ခေါင်းလောင်းတိုင်း အိပ်ပျော်နေတယ်
စွတ်ဖားလှည်းတိုင်း မြင့်မြတ်တယ်
အုတ်နံရံတိုင်း အသက်ကြီးတယ်။
အဒမ်နဲ့ ဧ၀တို့ စားဖို့ကျန်ခဲ့တဲ့ပန်းသီးဟာ
စပ်ဖြီးဖြီးဖြစ်နေတယ်
သူက နယူတန်ခေါင်းပေါ်ခုန်ချတယ်
ဒါပေမယ့် စတိဗ်ဂျော့က ဖြတ်လုပြီး တစ်ကိုက်ကိုက်တယ်
ဟေး Privacy ရှိသွားပြီကွ
လူသားဆန်လို့ရပြီ
အခွင့် - အလန်းရသွားပြီ
ဆံပင်ဖြူတိုင်း ဦးနှောက်မဖြူဘူး
ကြမ်းပြီးနွေးတဲ့ အ၀တ်အစားတွေဝတ်ရမယ်
နူးညံ့တဲ့အေးစက်မှုက ဆေးစွမ်းပြတော့မယ်။
ကြည့်စမ်း
အဖော်အချွတ်မယ်ရဲ့ ကြော်ငြာပိုစတာဟာ
နှင်းထုထဲမှာ မချမ်းဘူး
ရေခဲပန်းပုရုပ်တွေက မိတ်ကပ်အဖွေးသား
အစိုးရဟာ ရေစိုခံတယ်
မုန်တိုင်းကြား အိမ်အပြင်ကိုလှမ်းငေးလိုက်ပါတယ်
ကြည့်ရင်းကြည့်ရင်း တဂျွတ်ဂျွတ်အသံမြည်လာတယ်
လမ်းမကြီးတွေဟာ အရိုးချင်းဆက်အမွှာတွေပဲ
သစ်သီးတွေ လိုတာထက်ပိုလေးလံကုန်တယ်
ဒီမြို့မှာ
ကလေးတိုင်းနဖာကလော်တံ ဆောင်ထားရတယ်
လူကြီးတွေရဲ့ အိပ်ရာဝင်ပုံပြင်ဟာ
မထင်ရင်မထင်သလို နားထဲပိတ်ဆို့ခဲသွားတတ်တယ်
အကျယ်ကြီးပြောလေလေ
အသံအစိုင်အခဲကြီးလေလေ
နှင်းလုံးကြီး လိမ့်ဆင်းလာလေလေ
အရည်ပျော်ကျဖို့ ခက်လေလေ
အသက်မဲ့ရှင်သန်ခြင်းမှာ လှပတဲ့လက်ကိုင်ကွင်းပါတယ်
ကုတင်ခေါင်းရင်းကတိုင်မှာ
အလွယ်တကူချိတ်ထားလို့ရတယ်။
တကယ်တော့မြို့သူမြို့သားတွေက
သူတို့မြို့ကိုသိပ်မုန်းတယ်
အဖန်တလဲလဲသေဆုံးခြင်းနဲ့
ထာဝရရှင်သန်ခြင်းရဲ့ ဆုံမှတ်တည့်တည့်မှာမှ
သူတို့မြို့ဟာ ငေါထွက်နေတယ်
ဖြစ်တည်မှုတွေ တဖျတ်ဖျတ်ခါလို့
ပြိုးပြိုးပြက်ပြက် ပြိုပျက်နေတယ်
ကိုယ့်မနက်ဖြန်ကို အသေးစိတ်သိနေရတယ်
သိပ်ကြီးမားတဲ့ ၀ဋ်ဒုက္ခပါပဲ
သူတို့အားလုံးရဲ့ မြီးညှောင့်ရိုးအစွန်းမှာ
မွေးရာပါ မီးလုံးတစ်ခုက လင်းနေလေရဲ့။
ဘယ်လှိုင်းအလျားကိုမျှ မစုပ်ယူဘဲ
ပြန်လည်တွန်းထုတ်ခဲ့ပါတယ်တဲ့
မြို့ဖြူဟာ တံတွေးပျစ်ခနဲတွေးထုတ်တယ်
သူ့မုတ်ဆိတ်မွေးတွေကို ပွတ်သပ်တယ်
အကာအရံနဲ့ အသက်အာမခံ မရှိပေမယ့်
ငါတို့ရဲ့ ဆက်ကြာဝဠာအမျောကြီးကို ချစ်မြတ်နိုးရမယ်
ကျွန်တော့်နာမည် ဟော်တွန်ပါလို့
ဆင်တစ်ကောင်က လာမိတ်ဆက်ရင်
အဲ့ဒီ့ဆင်ကို ပါးရိုက်ပစ်ရမယ်။
လည်ချောင်းထဲဝင်နေတဲ့ဖန်ကွဲစဟာ
မြိုကိုမြိုချရမယ့် ပြဿနာပါပဲ
မေ့လျော့ပေါက်ကွဲဆွံ့အခြင်း တြိဂံရဲ့
တွင်းဆက်ဗဟိုအမှတ်အသားဟာ
ဓမ္မ လို့ခေါ်တယ်
ဒိုင်မေးရှင်းမရှိတဲ့ အဲဒီ့အစက်အပျောက်လေးဟာ
တြိဂံထောင့်စွန်းတိုင်းကို ဖြတ်သန်းသွားမယ့်
နောက်ထပ်စက်ဝိုင်းတစ်ခုကို ပြန်လည်မွေးထုတ်ပြန်ရဲ့
ပြီးတော့ သူနဲ့မဆိုင်သလို ကိုယ်ရောင်ဖျောက်နေခဲ့
မြို့ဖြူဟာ အဆုံးအစမဲ့ ထောင့်ချိုးသံသရာနဲ့
ကျိုးပဲ့နေတဲ့ သီအိုရီကြားက လွတ်နေတဲ့ကွက်လပ်လေးပါပဲ
ဘယ်သူမှအမိန့်မပေးဘဲ အသက်ရှူနေရတယ်
ဘယ်ကမှန်းမသိတဲ့ကြိုးစဟာ ခန္ဓာကိုယ်ထဲနစ်ဝင်တယ်
မြီးညှောင့်ရိုးမီးသီးလေး နန်းကြိုးပြတ်သွားရင်
အဆင်သင့်ဝင်အစားထိုးလိုက်မယ်
လင်းနေတဲ့မီးသီးထဲ အမှုန်များတိုးတိုက်တယ်
ရယ်ရွှင်ဖွယ်လောကကြီးထဲ
အအေးစွမ်းအင်ဆိုတာ ရှိပါတယ်
သူကသိပ်ဖြူတယ်။
အမှောင်ကို ထိုးထွင်းသိမြင်သူသာ
မြို့ဖြူကိုလာလည်ခွင့်ရှိတာ
ပိန်းပိတ်အောင် မှောင်တယ်ဆိုတာလည်း
သိပ်မခက်လှပါ
လက်မကို လက်သီးဆုပ်ထဲ ထည့်ဖွက်လိုက်သလို
မျက်စိကို မျက်ခွံနဲ့ ကျစ်ကျစ်ပါအောင် ပိတ်ဆို့ထားလိုက်ရုံမျှသာ
ထိုအခါမှာတော့
ဘယ်ကိုကြည့်ကြည့်
ဘယ်အချိန်ကြည့်ကြည့်
ကြောက်မက်ဖွယ် ဖြူဆွတ်ခြင်းနဲ့
မြို့ဖြူတစ်ခုကို အသင်မြင်တွေ့ရတော့မှာပါ။
မှူးနေဝန်း
15.3.2014
10:45PM

Mr.Bean ရဲ့အားလပ်ရက်
Mr.Bean ရဲ့အားလပ်ရက်
အပြေးအလွှားရိုက်လိုက်ရတဲ့ video camera ထဲ
ဖုန်းနံပတ်နောက်ဆုံးဂဏန်း၂ခုက ပါမလာ
လိုတဲ့နေရာမှာ (00) ကနေ (99)ထိ ချရေးလိုက်တယ်
Mr.Bean မှာ ဖြစ်နိုင်ချေ တစ်ရာရှိသွားတယ်။
ဖုန်းနံပတ်တွေဆက်ကြည့်တယ်
အမျိုးသမီးတစ်ယောက် (အလှပြင်ရင်းပြန်ဖြေ)
ကလေးလေးလက်ထဲရောက်သွား (ဖုန်းကိုရေထဲနှစ်ပစ်)
သေသူရဲ့အင်္ကျီထဲဖုန်းထမြည် (ဘုန်းတော်ကြီးကဖြေကြား)
ကောင်းကင်ဒိုက်ဗင်သမားတစ်ယောက် (လေတဟူးဟူးတိုးသံများနှင့်အတူ)
အိပ်ငိုက်နေတဲ့လုံခြုံရေးဝန်ထမ်း (ဟုတ်ကဲ့ဆရာဟုယောင်ယမ်းဖြေကြား)
အာလာဒင်မီးခွက်စောင့် (သူမီးခွက်ထဲပြန်ဝင်ချင်ပြီဟု ညည်းတွား)
ဒိုင်နိုဆောကျောက်ဖြစ်ရုပ်ကြွင်း (စကားပြောဖော်မရှိတာကြာပြီတဲ့)။
သူဘေးကရထားအစင်းစင်းဖြတ်သန်းသွားတယ်
Mr.Bean က သူ့ခရီးစဉ်ကိုစွန့်လွှတ်ပြီး ဖုန်းခေါ်တယ်
သူရှာနေတဲ့သူကိုမတွေ့မချင်းခေါ်တယ်
သူခေါ်တဲ့ဖုန်းက ချိန်ကိုက်ဗုံးနဲ့ချိတ်ထားလို့ ပေါက်ကွဲသွား
သူခေါ်တဲ့ဖုန်းထဲ ငိုကြွေးသံများကြားနေရ
သူခေါ်တဲ့ဖုန်းကို ထိတ်လန့်မှုနဲ့အတူပြန်ဖြေတဲ့ ဟယ်လို
သူခေါ်တဲ့ဖုန်းများ၏ ဆာလောင်မှုနိမိတ်များ
သူခေါ်တဲ့ဖုန်းနဲ့အတူ ထပ်ခါထပ်ခါကြားရ။
စိတ်မလျှော့ဘဲ နောက်နံပတ်တစ်ခုထပ်နှိပ်တယ်
တစ်ဖက်ကပြန်ဖြေတယ်
သူက ဘုရားသခင်ပါတဲ့
ခင်ဗျားရှာနေတဲ့သူကိုသူသိပါတယ်တဲ့
သူကူညီပေးနိုင်တယ်တဲ့
Mr.Bean ရယ်တယ်
နောက်ကျိနေတဲ့စိတ်တွေကိုမေ့သွားပြီး သူရယ်တယ်
သူ့ကိုယ်သူ နောက်ပြောင်တတ်လှပြီထင်တာ
သူ့ထက် အစအနောက်သန်သူနဲ့လာတွေ့ရတယ်
ဘုရားသခင်ဆိုတာ
ဖုန်းအခေါ်ကိုစောင့်နေမယ့်သူမဟုတ်
ကိုယ်တိုင်စတင်ခေါ်ဆိုမယ့်သူပဲ ဖြစ်ရမယ်လေ
ဒီလောက်တော့ Mr.Bean သိပါတယ်။

မိုးခိုသူများ
မိုးခိုသူများ
၁။
ဘတ်စ်ကားပေါ်ကဆင်းဆင်းချင်း မိုးကရွာချသည်။ လမ်းလျှောက်ဖို့ကဝေးသေးသည်။ ထီးကမပါ။ ဘတ်စ်ကားဂိတ်အောက်ထဲပြေးဝင်၍ မိုးခိုလိုက်ရသည်။ မိုးရွာမည်မထင်မိချေ။ ပါလာသော ရှံသဘက်လေးကို ခေါင်းပေါ်သို့တင်မိလျှင်ပင် မိုးကားသည်းသည်းမည်းမည်းရွာလာတော့သည်။ မိန်းမပျိုလေးခမျာ ကင်ပွန်းခြုံများ ဘေးမှ သစ်ရိပ်တစ်ခုအောက်သို့ဝင်ကာ မိုးခိုလိုက်ရသည်။
ပုံမှန်အဝတ်အစားလဲပြီးသောအခါ စပိုက်ဒါမန်းသည် တံစက်မြိတ်တစ်ခုအောက်ဝင်ကာ မိုးခိုနေလိုက် သည်။ လွန်ခဲ့သော ၅မိနစ်ခန့်ကမှ ဤနေရာတစ်ဝိုက်တွင် ပင့်ကူလူသားအသွင်ဖြင့်သူလှုပ်ရှားခဲ့သေးသည်။ သူ ပစ်လွှတ်သွယ်တန်းခဲ့သော ပင့်ကူကြိုးများကား လတ်လတ်ဆတ်ဆတ်ကျန်ရှိနေသေးသည်။ ထိုကြိုးတန်းများ ပေါ်၌ မိုးစက်များသီးနေသည်မှာ လှ၏။
“ကေသီ့အိမ်ကိုကျွန်တော်ရောက်သွားတယ်။ ပြန်ခါနီးမှာမိုးကရွာချလာတယ်။ ကျွန်တော့်မှာထီးပါမလာ ဘူး။ ဒါကြောင့်ကျွန်တော်သူနဲ့ တစ်ညအိပ်ခဲ့တယ်” ဟု အပြစ်ဝန်ခံသူကဆို၏။ ဘုန်းတော်ကြီးက ကရုဏာသက် စွာဖြင့် ဘုရားသခင်ခွင့်လွှတ်ပါစေကြောင်းဆုတောင်း၏။ “အခုရောသားမှာထီးပါလာသလား”ဟု ဘုန်းတော်ကြီး က ကြင်နာစွာမေးသည်။ အပြစ်ဝန်ခံသူကခေါင်းခါပြ၏။ အပြင်လောက၏ လျှပ်ရောင်တန်းများသည် ခန့်ညားသောပြတင်းတံခါးများမှတဆင့် ဝင်းပြက်လာချေပြီ။ “ဒါဆိုဒီညဘုရားကျောင်းမှာ ဘုရားသခင်နဲ့ တစ်ည အိပ်ရင်း မိုးခိုလိုက်ပါ” ဟု ဘုန်းတော်ကြီးက မိန့်လေ၏။
“ထီး ၁၀ ချောင်း . . ဟုတ်လား” ဟု အရောင်းစာရေးမလေးက နားမလည်ဟန်ဖြင့်မေးသည်။ “ ထီး ၁၀ ချောင်းမလိုပါဘူးရှင်။ ဦးထုပ် ၁၀ လုံးဆိုလည်း ရတာပဲမဟုတ်ဘူးလား” ဟု သူမက အတွန့်တက်သည်။ “ကျွန်တော့်မှာ Hair Style ဆယ်မျိုးရှိတယ်။ ဦးထုပ်ဆောင်းရင် ကေပျက်သွားလိမ့်မယ်။ ထီး ၁၀ ချောင်းသာ မြန်မြန်ပေးပါဗျာ။ မိုးက ရွာလာပြီ” ဒဿဂီရိက ပြုံးပြုံးကြီးဆိုလိုက်လေ၏။ ညဈေးတန်းတွင်လူကျလာချိန်ကျမှ မိုးကရွာချသည်။ စာအုပ်ဟောင်းများကို ပလတ်စတစ်အကြည်နှင့်ဖြန့်ဖုံးပြီး အနားရှိအဆောက်အဦလှေကားရင်း တွင် မိုးခိုနေလိုက်ရသည်။ သူသေချာမဖုံးအုပ်မိခဲ့သဖြင့် မိုးလေဝသဗေဒင်စာအုပ်မှာ မိုးရေစိုရွှဲနေချေပြီ။
ဇွန်ဘီအဘိုးကြီးသည် သတင်းစာဖတ်ရင်းလမ်းလျှောက်လာသည်။ ပဲစေ့စိမ်းလုံးများနှင့် ပစ်ခတ်သဖြင့် သူ့သတင်းစာပျက်စီးသွား၏။ သူဒေါသထွက်သွားချေပြီ။ သူ့ခြေလှမ်းများမြန်လာပြီ။ ထိုစဉ်မှာပင် မိုးစက်များ ရုတ်တရက် သည်းထန်လာလေသည်။ ဇွန်ဘီအဘိုးကြီး အားငယ်ညိုးလျသွား၏။ သူဖျက်ဆီးရန်ရည်ရွယ် ထားသောမှိုပင်လေးတစ်ပင်ဆီသွားကာ မဝံ့မရဲဆို၏။ “ငါ မိုးခိုပါရစေ”
နာမည်ကျော်မျက်လှည့်ဆရာဒိုင်နမိုက လူအများကိုစုဝေးလိုက်သည်။ ပြီးလျှင်သူ့စွမ်းအားကို ထုတ်လွှင့် လိုက်သည်။ အားလုံး၏ဖုန်းများကို နံပတ်တစ်ခုထဲက တပြိုင်နက်တည်း ခေါ်နေသည် အံ့သြဖွယ်တွေ့မြင်လိုက် ရသည်။ ဖုန်း Ring Tone သံများဆူညံသွား၏။ လူအများ ဝမ်းသာရင်ခုန် ပျော်ရွှင်အူမြူး ကြည်နူးနွေးထွေး ဆွေးနွေးနေခိုက် မိုးကား တပြိုက်ပြိုက်ရွာလာပြီ။ ခေါ်ဆိုနေသော အမည်မသိဖုန်းသံကို မိုးသံက လွှမ်းမိုးသွား။ စုဝေးနေသောလူအုပ်ကြီး ရုတ်တရက်ကွဲထွက်သွား။ ခိုရာမဲ့ကွင်းပြင်လယ်မှာ မျက်လှည့်ဆရာတစ်ယောက် သူ၏ပြာရီသောမျက်လုံးတစ်စုံနှင့်အတူ ကျန်ခဲ့။
အိပ်နေရင်းမှ မျက်နှာပေါ်ရေစက်များကျလာသဖြင့် နံရံဘက်တိုးလိုက်ရသည်။ ခေါင်မိုးအပေါက်များမှ မိုးတစိမ့်စိမ့်ကျနေသည်။ အတန်ကြာသော် နံရံမှဖြည်းဖြည်းချင်းစီးကျလာသောရေစီးကြောင်းက အရေပြားကို လာရောက်တို့ထိပြန်သည်။ ကုတင်၏ တစ်ဖက်အစွန်းသို့လူးလှိမ့်ပြီးနေရာပြောင်းလိုက်သည်။ မိုးရေနှင့်မလွတ်။ ခုတင်ပေါ်ကနေအိပ်လျက်အနေအထားနဲ့ခိုဆင်းရင်း ခုတင်အောက်သို့ဝင်လိုက်သည်။ မှောင်၏။ တိတ်ဆိတ်၏။ ပိုမိုလုံခြုံသွားသလိုခံစားရ၏။ မိုးစက်များ၏ နှောက်ယှက်မှုလည်းမရှိ။ လက်ကျန်အိပ်မက်ကို ဆက်မက်ပစ်လိုက် သည်။
နာမည်ကျော်တိုက်စစ်မှူးသည် တစ်ဖက်အသင်းမှကစားသမားများကို လှပစွာကျော်ဖြတ်လာလေပြီ။ ယခုအနေအထားတွင် ဂိုးသမားနှင့်တစ်ယောက်ချင်းတွေ့နေပြီဖြစ်သည်။ နောက်တန်းကစားသမားများမှာ သူ၏ ပြေးအားကိုမလိုက်နိုင်သဖြင့် အဝေးမှာပြတ်ကျန်ခဲ့ကြပြီ။ သူသည် အေးဆေးတည်ငြိမ်စွာဖြင့်ဂိုးသွင်းရန်အားယူ လိုက်စဉ်မှာပင် မိုးကားရုတ်တရက်ရွာလာတော့၏။ ကန်ရန်အားယူထားသောခြေထောက်မှာ တန့်ခနဲရပ်သွား၏။ ဘောလုံးကိုကန်မည့်အစား ကွင်းထဲမှ အသည်းအသန် ပြေးထွက်ပြီး မြေအောက်အဝတ်လဲခန်းထဲဝင်သွားတော့ သည်။ ကျန်ကစားသမားများ အံ့သြမင်သက်။ ကွင်းထဲမှပရိသတ် ကြက်သေသေ။ အောင်ပွဲခံတီးခတ်ရမည့် ဘင်ခရာစည်များ မိုးစက်တွေအောက်မှာ ဆွံ့အနေ။
၂။
“သားအိမ်ခေါင်းကင်ဆာရဲ့ Risk factors တွေထဲမှာ Low Socioeconomical Status ဆိုတာ ဘယ်လို ဆက်စပ်ရမလဲဆရာမ။ သိပ်မရှင်းလို့ပါ။ တစ်ကိုယ်ရေသန့်ရှင်းမှုမရှိတာတို့၊ အာဟာရမပြည့်ဝလို့ ကိုယ်ခံအား နည်းပြီး ရောဂါဖြစ်လွယ်တာမျိုးတို့နဲ့ ဆက်စပ်ကြည့်ရမှာလား”
ကျောင်းသားတစ်ယောက်က မေးသည်။ ဆရာမက ဖြေရန်လည်ချောင်းရှင်းလိုက်သည်။ အာဝဇ္ဇန်းရွှင် သော၊ စာသင်ကောင်းသောဆရာမမို့ သူ့စကားကိုအားလုံးက အာရုံစိုက်နေကြ၏။
“ဆရာမ ကိုယ်တွေ့ဖြစ်ရပ်လေးပြောပြဦးမယ်။ အဲ့တုန်းက ဘွဲ့လွန်အတွက်နိုင်ငံခြားသွားခဲ့တုန်းကပေါ့။ ကိုယ့်ဘာသာ ဆေးခန်းဖွင့် အလုပ်လုပ် ပိုက်ဆံစုပြီးသွားရတာ။ ဘာစာမှကြိုဖတ်မသွားခဲ့ရဘူး။ ဟိုရောက်တော့ စာသင်ချိန်မှာ ရောဂါခေါင်းစဉ်တစ်ခုပေးတယ်။ ကိုယ်သိသလောက်ဖြေရတယ်။ ဆရာမဖြေလိုက်တယ်။ ဒါပေမယ့် စက်ရုပ်တစ်ရုပ်လိုပဲ။ စိတ်ထဲဘာခံစားမှုမှမရှိဘူး။ အဖြေစာရွက်တွေပြန်ဝေတော့လည်း စက်ရုပ်လို တောင့်တောင့်ကြီးယူထားလိုက်တာပဲ။ အဲ့ခေါင်းစဉ်မှာ ဆရာမကအမှတ်ကောင်းတယ်။ ဆရာမစာရွက်ကို ဘေးမှာထိုင်တဲ့တစ်ယောက်က ခိုးကြည့်ပြီး - မင်းအမှတ်ကောင်းတာပဲ- လို့လာပြောတယ်။ စပ်စပ်စုစုတော်”
ကျောင်းသားများရယ်ကြသည်။
“နောက်ထပ်ခေါင်းစဉ်တစ်ခု ထပ်ပေးတယ်။ အဲ့ရောဂါက ဆရာမတို့နိုင်ငံမှာအဖြစ်နည်းတယ်။ ဆရာမ ကောင်းကောင်းမသိဘူး။ အဲ့စာရွက်မှာတော့ အမှတ်နည်းတယ်။ ဒီတစ်ခါလည်း အဲ့ဘေးကလူက လာကြည့်တာ ပဲ။ - ဒီတစ်ခေါက်တော့ မင်းအမှတ်နည်းသွားပြီ - လို့ရယ်ကျဲကျဲလာပြောတယ်။ သူ ၂ခေါက်စလုံးအဲ့လိုလာလာ ပြောပေမယ့် ဆရာမ သူ့ကိုဘာမှပြန်မပြောမိဘူး။ ခပ်တည်တည်နဲ့မျက်စောင်းပဲထိုးပစ်ခဲ့တာ။ ပြီးတော့ ဆရာမ အမှတ်နည်းတာ များတာနဲ့ပတ်သက်ပြီးလည်း ကိုယ်တိုင်ဝမ်းသာဝမ်းနည်းဘာမှရှိမနေဘူး။ စိတ်မဝင်စားနိုင်ဘူး။ လူက စက်ရုပ်တစ်ရုပ်လိုဖြစ်နေတာ။ အဲ့အချိန်ဆရာမ စိတ်ထဲရှိနေတာက ဒီလကုန်အထိ ပိုက်ဆံလောက်ပါ့ မလား။ အိမ်ကိုလှမ်းမှာထားရင်ကောင်းမလား။ အချိန်ပိုင်းအလုပ်ရှာရင်ကောင်းမလား။ နေစရိတ် စားစရိတ် ကာမိအောင် ဘယ်လိုလုပ်ရမလဲ။ အဲ့ဒါပဲတွေးဖြစ်နေမိတယ်။ တခြားဘာကိုမှ စိတ်နှစ်လို့မရဘူး။ စိတ်ထဲထည့် လို့မရဘူး။ ပြောရရင်တော့ အဲဒီ့လို Low Socioeconomic အနေအထားမှာ . .”
ကျောင်းသားများ ဝါးခနဲ ထပြီးရယ်ကြပြန်သည်။ ဆရာမလည်း ရယ်ရယ်မောမောနှင့်ဆက်ပြော၏။
“တိုက်တိုက်ဆိုင်ဆိုင် အဲ့နေ့ညက ဆရာမဖျားတယ်။ ရာသီဥတုအပြောင်းအလဲနဲ့ stress တွေကြောင့် လည်းပါတာပေါ့လေ။ အဆောင်ကအခန်းထဲမှာ တစ်ယောက်ထဲ။ ဘယ်သူမှလည်းအသိမရှိဘူး။ အကယ်၍ အရမ်းအဖျားတက်လာရင် ငါဆေးရုံကိုဘယ်လိုသွားရမလဲလို့တွေးနေတယ်။ ဆေးရုံလည်းဘယ်နားရှိမှန်းမသိ။ စိတ်ထဲကလျှောက်ပြီးတွေးနေမိတယ်။ အခုအချိန်ငါသေသွားရင် သူတို့ငါသေတာကိုသိတောင်သိပါ့မလား။ ငါ့ကို ဘယ်လိုအသုဘချမလဲမသိဘူးနော်။ အဲ့လိုတွေလျှောက်တွေးနေမိတယ်။ ဆိုလိုတာက စားဖို့နေဖို့ကိစ္စကို တသီးတသန့်ခေါင်းထဲထည့်စဉ်းစားနေရလောက်တဲ့ အခြေအနေကိုရောက်နေပြီဆိုရင် တခြားဘာကိုမှ စိတ်ဝင် စားဖို့မလွယ်တော့ဘူး။ ဘာမှအာရုံမလာတော့ဘူး။ ဆရာမတို့တောင် ခေတ္တခဏအခက်အခဲကြုံနေရတယ်ဆို နေ့စဉ် တစ်နေ့လုပ်မှတစ်နေ့စားနေရတဲ့ဘဝတွေမှာ ပုံမှန်အချိန်ကနေ ဖဲ့ပြီး တခြားတခုခုကို စိတ်ထဲထည့်ဖို့ လုပ်ဖို့ဆိုတာ အရမ်းခက်သွားပြီ။ တော်ရုံတန်ရုံ ပျော်ရွှင်စရာပဲဖြစ်ဖြစ် စိတ်ညစ်စရာပဲဖြစ်ဖြစ် သူတို့ကို ခံစားမိ လောက်အောင် မတိုးဝင်နိုင်တော့ဘူး။ Rape အလုပ်ခံရပေမယ့် လူမသိသူမသိငိုရင်းပြီးသွားတာတွေ၊ အလုပ်ရှင်က ကျွန်လိုခိုင်းစားဆက်ဆံသမျှမကျေနပ်ချက်ကို မထုံတက်တေးမျက်နှာထားနဲ့ရင်ဆိုင်ရင်း နာကျင် ဖို့မေ့လျော့ခဲ့ရတာတွေ . . ဒီလိုကိစ္စတွေအများကြီး ရှိနေတယ်။ သူတို့ခေါင်းထဲက စားဝတ်နေမှု နဲ့ ဘယ်လို အသက်ဆက်ရမလဲဆိုတဲ့ အတွေးကို လွှမ်းမိုးနိုင်စွမ်းမရှိတော့ဘူး”
ဆရာမ၏ စကားမှာ အားလုံးမျောပါဝင်စားနေမိသည်။ ဆက်လက်၍ သားအိမ်ခေါင်းကင်ဆာလို ခန္ဓာကိုယ်၏ private part မှာ ဖြစ်ပွားတတ်တဲ့ရောဂါမျိုးတွေဆို ပိုပြီးဆိုးကြောင်း၊ ပုံမှန်လူတွေတောင် လိင်အင်္ဂါ တစ်ဝိုက် အနာရောဂါထူးခြားမှုတစ်ခုခုဖြစ်လျှင် ချက်ချင်းကုသမှုခံယူကြတာရှားကြောင်း၊ သူတို့လိုအခြေအနေ တွေမှာဆို ကုသမှုလာရောက်ခံယူပြီဆိုလျှင် နေမရထိုင်မရလောက်အောင် ရောဂါဝေဒနာဆိုးရွားခြင်းကြောင့် သာဖြစ်ကြောင်း ဆရာမက ဆက်လက်၍ပြောသွား၏။ ဆရာမ၏ အဖြေကိုကျောင်းသားများလည်း ကျေနပ်သွား ကြသည်။
“ကဲ ဒါဆိုတော်လောက်ပါပြီ။ ပြန်လို့ရပါပြီ။ အပြင်မှာတော့ မိုးကျနေတယ်။ စောင့်ရင်လည်းစောင့်ကြ ပေါ့။ ဆရာမကတော့ ဂျူတီရှိလို့သွားပြီ”
ဆရာမက ပြောပြောဆိုဆိုနှင့် ထထွက်သွားသည်။ ကျောင်းသားအချို့ကတော့ မိုးကာများဝတ်ကြပြီ။ အချို့ကတော့ ထီးများဖွင့်ကြပြီ။ အချို့ကတော့ ပြန်ရန်အချိန်စောသေးသည်ကြောင့်လား ၊ မိုးစိုမခံချင်လို့လား မသိ။ စာသင်ခန်းထဲမှာပင် ငြိမ်သက်စွာထိုင်ရင်း မိုးအတိတ်ကို စောင့်နေကြလေသည်။
၃။
ညိုမောင်းအက်ကွဲနေသောကမ္ဘာမြေသားပေါ်မှာ ဇီဝအသက်ဓာတ်ပြန်လည်ဖြစ်ထွန်းရာသဲလွန်စ တစ်ခု အဖြစ် အစိမ်းရောင်အပင်ငယ်လေးကို တွေ့ရှိပြီးနောက် စက်ရုပ်မလေး အိဗ်သည် Deactivate အခြေအနေဖြင့် အာကာသယာဉ်ကြီးဆီသို့ သတင်းထုတ်လွှင့်နေချေပြီ။ အမှိုက်သိမ်းသော ဝေါအီး စက်ရုပ်လေးက ချစ်စရာကောင်းသော စက်ရုပ်မလေး၏ ငြိမ်သက်နေခြင်းမှာ ဖျားနာလွမ်းဆွတ်နေပုံရ၏။ ထိုစဉ်မိုးများရွာလာ ပြန်သည်။ သိပ္ပံခေတ်လွန်၏ စက်ယန္တရားဆန်သောမိုးစက်များဖြစ်သောကြောင့် ကြောက်ဖွယ်ကောင်းနေနိုင် ပါသည်။ ဝေါအီးသည် ထီးတစ်ချောင်းကိုထုတ်၍ စက်ရုပ်မလေး အိဗ်ပေါ်သို့ ဆောင်းပေးလိုက်သည်။ သူကတော့ မိုးစက်များအောက်မှာရွှဲရွှဲစိုလျှက် ငိုင်နေ၏။
ဆည်းဆာ၏ ဝင်လုဆဲနေရောင်အောက်တွင် မိုးဖွဲများပြေးဆင်းလာပုံ၊ စက်ရုပ်မလေးအိဗ်၏ ချောမွတ် ဖြူစင်သော အသွင်အပြင်နှင့် ထီးဆောင်းပေးထားသော ဝေါအီး၏ လက်ကလေးညောင်းညာပြီးတုန်ခါနေပုံ . .၊ ထိုမြင်ကွင်း အဝေးမှ ကြည့်ရှုလိုက်ရသောအခါ အလွန်လှပနေပါတော့သည်။

နေစိမ်း
နေစိမ်း
နေဟာရုတ်တရက် အစိမ်းရောင်ပြောင်းသွားတယ်
ကမ္ဘာသူကမ္ဘာသားတွေ ကြက်သေသေသွားတယ်
တောင်တန်းတွေပိုစိမ်းသွားတယ်
မီးခိုးခေါင်းတိုင်တွေစိမ်းသွားတယ်
သစ်ခြောက်ပင်အိုတွေတောင် အစိမ်းရောင်တောက်လာတယ်
နွားတွေကိုမျက်မှန်စိမ်းတပ်ပေးစရာမလိုဘဲ
မြက်ခြောက်တွေရေဖြန်းကျွေးလို့ရပြီ
ချာတိတ်တွေဟာ အစိမ်းရောင် Hair Style အမျိုးမျိုးနဲ့
လေထဲခုန်ပေါက် ပျော်ပါးနိုင်ပြီ
သိပ္ပံပညာရှင်တွေ အဖြေမရှာနိုင်ခင်မှာပဲ
အစိမ်းရောင်နေမင်းကို လူတွေချစ်ခင်သွားကြပြီ
မျက်နှာစာအုပ်ရဲ့နောက်ခံအရောင်တောင်
အစိမ်းရောင်ဖြစ်သွားတယ်
ကင်မရာလှည့်စားချက်မပါတဲ့ အစိမ်းရောင်ဓာတ်ပုံတွေ
ရိုက်ပြီး တင်ကြတယ်
မီးပွိုင့်အကုန်စိမ်းကုန်လို့ ယာဉ်တိုက်မှုတွေတန်းစီဖြစ်တယ်
နှစ်ဘက်စစ်တပ်ကယူနီဖောင်းတွေ
အစိမ်းရောင်အတူတူဖြစ်သွားတယ်
သူ့ဘက်သားကိုယ့်ဘက်သားမခွဲနိုင်တော့ဘဲ
အသေအပျောက်များကုန်တယ်
နေရောင်ခြည်အစိမ်းရဲ့ထူးခြားအာနိသင်ကြောင့်
မြေမြှုပ်မိုင်းတွေအကုန်ထကွဲတယ်
ရေဒီယိုသတ္တိကြွမှုတွေဖြစ်ပေါ်လာတယ်
ဒါပေမယ့် မှောင်နေသောကမ္ဘာတစ်ဖက်ခြမ်းမှာတော့
စိမ်းလန်းအေးမြသော ဓာတ်ပုံမြင်ကွင်းများကပြန့်နှံ့နေပါပြီ
အိပ်နေသူတွေအကုန်နိုးလာပြီ
အမြင့်တစ်နေရာကိုစုဝေးတက်ရောက်ပြီး
စိမ်းမြသောမနက်ခင်းအသစ်ကိုခံစားဖို့ စောင့်နေပြီ
တစ်ဖက်ကမ္ဘာခြမ်းက နောက်ဆက်တွဲသတင်းတွေကို
မသိနိုင်တော့ပြီ
ရှန်ပိန်ခွက်တွေကိုယ်စီ ကိုင်ထားလိုက်ကြပြီ
ပိုးစုန်းကြူးအုပ်ကြီးပျံလာသလို
မနက်ခင်းအသစ်ဟာ ရောက်လာပါတယ်
တစ်စုံတစ်ယောက်ရဲ့ ရှန်ပိန်ခွက်ထဲ
ကြေးဒင်္ဂါလေးတစ်ခု မတော်တဆ ပြုတ်ကျသွားတယ်
ကြေးဒင်္ဂါးဟာ အစိမ်းရောင်ပြောင်းသွားတယ်
အရာအားလုံးအစိမ်းရောင်ပြောင်းကုန်တော့မှာမို့
သံသယမဝင်ဘဲ မော့သောက်လိုက်တယ်
ဘယ်သူခတ်ထားမှန်းမသိတဲ့အဆိပ်နဲ့
ရှန်ပိန်သောက်သူအားလုံးသေ သွားတယ်
စိမ်းလန်းသောနေမင်းဟာ
စိမ်းကားစွာမြင့်တက်လာပါတယ်။

ရေစိုဖိနပ်
ရေစိုဖိနပ်
ပုရောဟိတ်ဆိုပေမယ့် တစ်ခါတစ်လေ အိမ်ပြန်လမ်းကိုမေ့ပါတယ်။
ထီးနှစ်လက်ကိုင်ပြီး ဝေခွဲမရဖြစ်နေသူကို ပြေးပြီးသတိပေးရတယ်
ဒါတောင်မသိဘူးလား
မိုးရွာစေချင်ရင် ထီးအစိမ်းဖွင့်ဆောင်း
မိုးတိတ်စေချင်ရင် ထီးအနီဖွင့်ဆောင်း။
မင်းတြားကြီးရဲ့ Viagra ကို ဘယ်သူနေရာရွှေ့သလဲ
ငါဟာ သိပ်မေ့တယ်၊ ဘာသီချင်းမှမဖွင့်လည်း
နားကြပ်ကိုနားမှာအမြဲတပ်ထားမိတယ်
ဘာပဲဖြစ်ဖြစ် ကျေနပ်တယ် အားရတယ် ပီတီဖြစ်တယ်
ဂျယ်ရီကြွက်ဟာ
ကပ္ပလီမကြီးတက်ရပ်နေတဲ့ ခွေးခြေခုံကိုကိုင်လှုပ်နိုင်ခဲ့တယ်။
သိုင်းပိုကျွမ်းလေလေ ဓားခုတ်သံ ဝှစ်ဝှစ် ဟာပိုကျယ်လောင်လေ
ဖြစ်ရပ်မှန်နဲ့ ဖလင်ထဲကဘဝနဲ့ လာလာငြိတယ်
ချစ်သူဆီပြေးသွားတာ မလိုအပ်ဘဲစလိုးမိုးရှင်းကြီးလုပ်မိတယ်။
ကျောက်သလင်းလှေကားပေါ်တက်လာသံကိုကြားလား
မတူဘူးတွေ့လား
ရေစိုဖိနပ်သံနဲ့ ရိုးရိုးဖိနပ်သံကွာခြားတာသိပြီမလား။
ရေခွက်ကို ခက်ရင်းနဲ့လက်ပြန်ခေါက်တယ်
ကိုရေခဲ အိမ်ပြန်ရောက်လာတယ်
ဓာတ်သဘာဝဟာ မကောက်ကွေ့ပါဘူးလို့ အိမ်သူကပြုံးပြီးဆိုလိုက်တယ်။

ရွှေတိဂုံ ၊ ကြာသပတေးဒေါင့်
ရွှေတိဂုံ ၊ ကြာသပတေးဒေါင့်
နေပူခံနေရတဲ့ကျောက်ပြားတွေပေါ် ငါ့ခြေကိုထောက်လိုက်တယ်။
ငါ့မူးဝေမှုကို ဘယ်သူမှဝေပြီးမူးမပေးကြ။ ငါဟာဗုဒ္ဓကို
(ဆီမီးမကပ်ဘဲ)အပူကပ်ဖို့ ရွှေတိဂုံကိုရောက်လာတယ်။
ငါရောက်လိုက်တိုင်း ရွှေတိဂုံရဲ့စောင်းတန်းတစ်ခုခုဟာ
အမွ မ်းမံခံနေရတာချည်း။ ရှုပ်ပွနေတဲ့ငါ့ဆံပင်ကိုပြန်သပြီး
ငါ့ခြေကိုစလှမ်းတယ်။ ငါဟာကြာသပတေးသားဆိုတော့
ကြာသပတေးဒေါင့်ကိုသွားဖို့ပဲ အာရုံရှိတယ်။ အခြားဂြိုဟ်ထောင့်က
ဗုဒ္ဓများစွာကို(ခဲနဲ့မပစ်ပေမယ့်)မျက်နှာလွှဲပစ်ခဲ့တယ်။
ကြာသပတေးဒေါင့်ကဗုဒ္ဓကိုမှ ဘုရားလို့ထင်နေမိသလား မသဲကွဲ။
ကြာသပတေးဒေါင့်မှာ
ဂင်္ဂါဝါဠုထဲကဆယ်ဂဏန်းကျော်ကျော်သောဗုဒ္ဓဘုရားတို့
ကိန်းဝပ် နေပါတယ်။ ငါဟာဘယ်ဗုဒ္ဓကိုအရင်ရှိခိုးရမှန်းမသိဘဲ
အကြံအိုက်သွားတယ်။ ရွှေသင်္ကန်းမကပ်ပါနှင့်ဆိုတဲ့ ဆိုင်းဘုတ်ကို
တစ်ဆူသောဗုဒ္ဓရှေ့မှာတွေ့ရ။ ဗုဒ္ဓတစ်ဆူကတော့
ကိုင်တွယ်ခြင်းမပြုပါနှင့်တဲ့။ ဘာပဲဖြစ်ဖြစ် ဗုဒ္ဓကိုငါဦးချပါတယ်။
ငါ့ချွေးကိုသုတ်ပြီးဗုဒ္ဓများစွာရှေ့မှာသိမ်ငယ်နေမိတယ်။
ကျောက်ဆစ်သမားချင်းမတူတော့
ဗုဒ္ဓရုပ်တုများလည်း အသွင်ကွဲပြားနေကြ။ တစ်ဆူသောဗုဒ္ဓဟာ
အခြားသောဗုဒ္ဓကိုယ်တော်တွေထက်
ရီလေးတစ်ဗလီးခါးအနည်းငယ်ကိုင်းနေတယ်။
ဗုဒ္ဓတစ်ဆူကတော့ အောင်သပြေပန်းများကို ပုခုံးပေါ်မှီတင်ထားရင်း
မျက်လွှာချ။ ဗုဒ္ဓရဲ့သင်္ကန်းတော်များလည်း
သင်္ခါရကိုမလွ န်ဆန်ဘဲ ဆေးသားကွက်တိကွက်ကြား။ သေးငယ်သော
ဗုဒ္ဓရုပ်တုများကတော့ ချောင်အကွယ်မှာ
နိယောဓသမာပတ်နဲ့ငြိမ်းချမ်းစွာ။ ဗုဒ္ဓအချင်းချင်းတောင်မှ
အနီးဆုံးဂေါတမဗုဒ္ဓကိုငါတို့ပိုပြီးချစ်ခင်ကြတာပဲ။ ဂေါတမဗုဒ္ဓဟာ
သောကြာသားဆိုပေမယ့် ငါလိုလူအတွက်ကြာသပတေးဒေါင့်မှာလာပြီး
သီတင်းသုံးပေးရှာတယ်။ မဟာကရုဏာတော်ပါပဲ။
လေနုအေးလေးဖြတ်တိုက်လာတော့ဘုရားရိပ်တရားရိပ်ဟာသိပ်အေးချမ်းကြောင်း
(ထုံးစံအတိုင်း) တွေးဖြစ်တယ်။ ကာယသုခနဲ့ပြည့်စုံသွားတဲ့ငါဟာ
ဗုဒ္ဓအဆူဆူရှေ့တော်မှောက်မှာ ရဲတင်းပေါ့ပါးလာတယ်။ ငါ့မူးဝေမှုကို
ငါမေ့သွားပါပြီ။ အတွေးသစ် အာရုံသစ်ဟာFree Wifi ကို
သတိပြုမိစေပါတယ်။ ငါဟာဗုဒ္ဓရှေ့မှာထခုန်မိမတတ်
ဝမ်းသာမိပြန်ပေါ့။ သို့ပေမင့် အဂါရ၀ မဖြစ်စေရပါဘူး။ ဘ၀မှာ
ငါ့ဖုန်းမျက်နှာပြင်ကို အညင်သာဆုံးပွတ်သပ်ခဲ့ပါတယ်။
ဗုဒ္ဓရဲ့မေတ္တာဓာတ်ကိုငါဟာကြည်နူးခံယူရင်း
သပ်ရပ်ပြီးကြည်ညိုဖွယ်ရှိတဲ့ ဗုဒ္ဓဦးခေါင်းတော်များကို
ငေးမောမိပါတယ်။ ကျောက်ဆစ်သမားတွေဟာသူတို့အတတ်ပညာနဲ့
ဗုဒ္ဓရဲ့ဦးခေါင်းတော်ကို ကောင်းစွာဖြီးသင်ပေးနိုင်ခဲ့ကြ။
လုံခြုံရေးအမျိုးသမီးဝန်ထမ်းရဲ့ထမင်းချိုင့်ဖွင့်သံကို
ငါကြားလိုက်ရတယ်။ ဗုဒ္ဓကတော့ ၀ိကာလဘောဇနာသိက္ခာပုဒ်နဲ့
ပြည့်စုံပါတယ်။ ငါဟာဗုဒ္ဓကို ပြုံးပြမိပါတယ်။
ဗုဒ္ဓကလည်းငါ့ကိုငုံ့ကြည့်ပြီး ပြုံးတော် မူပါတယ်။

ပိုးကောင်ဝါလေး
ပိုးကောင်ဝါလေး
စဉ်းစားကြည့်
တစ်ကိုယ်လုံးအဝါပေါ်မှာ အမည်းစက်လေးတွေ
ခေါင်းသေးသေးနဲ့
ကြီးမားလုံးဝန်းပြီး ရယ်စရာကောင်းတဲ့ကိုယ်ထည်နဲ့
ဖောင်းမို့ကွတ ပိုးကောင်လေး
မင်းမြင်ကွင်းရှေ့ရောက်လာတဲ့အခါ
အထူးသဖြင့်
မင်းမနှစ်သက်တဲ့ စာတွေကိုတာဝန်အရ ကျက်မှတ်နေတုန်း
မင်းစားပွဲခုံပေါ် ရုတ်တရက်ရောက်လာတဲ့အခါ
မင်းဘာလုပ်ရမှန်းမသိတော့ဘူး
မင်းမှာအံ့သြဝမ်းသာ ခုန်ဆွခုန်ဆွ
သူ့အတွက် ဂျပ်ထူဘူးခွံသေးသေးလေးရှိနိုင်မလား မင်းတွေး
အားရဝမ်းသာ တစ်အိမ်လုံးကိုလှမ်းအော်ပြော
ရှိသမျှလူအကုန် လုပ်လက်စကိစ္စအကုန်ရပ်ပြီး
ပိုးကောင်ဝါလေးကို ဝိုင်းပြုံလာကြည့်
(ဖြစ်နိုင် မဖြစ်နိုင်မတွေးရ၊ ရုပ်ရှင်ဆန်ဆန်)
“ဟယ် ချစ်စရာလေး”
“သမီးဒါလေး မွေးချင်တယ်”
“အဖေကြီး သိပ်မတိုးနဲ့ရှင့်”
“ဒီကောင်လေးနဲ့ ဓာတ်ပုံအတူတွဲရိုက်ရအောင်”
ဆိုပါစို့
ထိုသို့ဖြစ်လေသတည်း ဆိုကြပါစို့
အမည်းစက်စွန်းထင်းလျှက်နဲ့ စနစ်တကျလှပပုံ
ပြီးတော့ ရိုးအ,စွာ ကွတအူကြောင် နိမိတ်အာရုံလေး
ဒါကို သတိထားမိသွားတဲ့အခါ
ငါတို့တွေ ပျော်ရွှင်သွားကြတာ
နွေရာသီရဲ့ ပူပြင်းပြီးတောက်ပတဲ့ နေ့လည်ခင်းမှာပေါ့
အဲဒီ့လိုမျိုး
မျက်ကြည်လွှာနောက်မှာပုန်းနေတတ်တဲ့ ပိုးကောင်ဝါလေး
ကံကောင်းထောက်မစွာ ကိုယ့်ရှေ့ကိုပြုတ်ကျလာတဲ့
အကြည်ဓာတ်ကွန့်မြူးစေသော အခိုက်အတန့်လေးမှာပေါ့
လူတိုင်းမျှော်လင့်နိုင်ကြပြီ
သတင်းကောင်းပါးလိုက်သည်။

ပျော်ရွှင်ဖွယ်ကစားနည်း
ပျော်ရွှင်ဖွယ်ကစားနည်း
အပြင်ကပြန်လာတဲ့ငါ့ကို
ငါ့အိမ်နီးချင်းတွေက ပြောကြတယ်။
ငါအပြင်သွားနေတုန်း
ငါ့အိမ်ရှေ့မှာ ပန်းတွေထပွင့်တယ် တဲ့။
“မရှိပါဘူး။ အခုဘယ်မှာလဲ” လို့ငါမေးတော့
“အိမ်တံခါးပိတ်ထားလို့ ပန်းတွေလှည့်ပြန်သွားကြတယ်” တဲ့။
ငါ တဟားဟား အော်ရယ်လိုက်တယ်
“သိပ်ရယ်စရာကောင်းတဲ့ ပန်းတွေပဲ”
ငါ့အိမ်နီးချင်းတွေကတော့
ငါ့ကို အရူးတစ်ယောက်လို ၀ိုင်းကြည့်ကြတာပေါ့။
အမှန်တော့
အိမ်နီးချင်းတွေလည်း ရယ်ရတာပါပဲ
ငါက အပြင်သွားမလိုလိုနဲ့
နောက်ဖေးပေါက်ကနေ အိမ်ထဲကိုခိုးဝင်ပြီး
ချိုချဉ်တွေအကုန် ငါတစ်ယောက်တည်းစားပစ်လိုက်တာ
အ၀တ်အစားမပါဘဲ တစ်ယောက်တည်း က,နေတာ
ငယ်ငယ်က ဒိုင်ယာရီတွေပြန်ဖတ်နေတာ
ညီမလေးကို သူမသိတဲ့ဖုန်းကနေ မက်ဆေ့တွေပို့နေတာ
သူတော်စင်တစ်ယောက်လို တရားထိုင်နေတာ
စဥ့်အိုးထဲက ရွှေချောင်းတွေကို ပြန်ရေတွက်နေတာ
ဒါတွေအားလုံး သူတို့မသိဘူး။

မိုးရွာပြီ
မိုးရွာပြီ
မိုးရွာပြီ။ တိမ်တွေကိုသံသယမထားနဲ့။ ကိုယ့်တံခါးကိုယ်ပိတ် ကိုယ့်အရိပ်ကိုယ်သိမ်း။
စွတ်စိုမှုတွေ စွတ်စိုလာတော့မှာ။ ခြောက်ကပ်ခြင်းတွေ ခြောက်ကပ်သွားတော့မှာ။
ယုံကြည်ကြ။ လက်တစ်ဖက်ကို ဘယ်ဘက်ရင်အုံပေါ်တင်ကြ။
အနွေးထည်ဝတ်ကြ။ လှမ်းထားတဲ့အဝတ်တွေကိုတော့ ရုတ်ကြ။
စာအုပ်တွေကိုသိမ်းကြ။ ဘောင်းဘီအနားတွေခေါက်တင်ကြ။
ကျောင်းစောင့်ကြီးကို ကျောင်းဆင်းခေါင်းလောင်းကျယ်ကျယ်ထိုးဖို့ တိုးတိုးသွားပြော။
အခုအချိန်မှ မိုးလေဝသခန့်မှန်းချက်မဖတ်နဲ့တော့။ လက်တွေ့ကိုလေးစားပါ။
ပစ္စုပ္ပန်တွေ ဖွဲလာပြီသည်းလာပြီ။ မိုင်နှုန်းမြင့် မိုးစက်များ။
မြန်နှုန်းမြင့်ကစားသမားတွေလို ကြေးကြီးကြီးမပေးရ။ စောင့်ဆိုင်းရုံ။
ဆုတောင်းရုံ။ ကြိုးတစ်ချောင်းကို အပျင်းပြေပြိုင်ဆွဲကြရုံ။
ရှင်ဥပဂုတ္တသပိတ်ထဲ ရေတွေပက်ထည့်လိုက်ရုံ။ ငရံ့မင်းပရိတ်ရွတ်ရုံ။
ဒီလောက်ပါပဲ။ ဒါပေမယ့် ဒီလောက်ထက်မကတဲ့ ပင်လယ်သန္ဓေသားများ
ငါတို့ဆီ နှူးနှပ်ဖို့ အပြေးလာ။ အနမ်းကြောင့်ပြေလျော့သွားတဲ့ မျက်နှာထားတစ်ခုလို
မြေကြီးဟာ ပျော့ပျောင်းသွား၊ မကြောက်နဲ့ ကျွံမကျဘူး။
ဝဲကတော့လို စုပ်ယူမသွားဘူး။ ရဲရဲလျှောက်။
မိုးရွာတာဟာ ကောင်ကင်တွေရွာချလိုက်တာမဟုတ်ဘူး။ ဂြိုဟ်ပဲ့တွေ
ဥက္ကာခဲတွေ တွင်းနက်ကြီးတွေ သွန်ကျလာတာမဟုတ်ဘူး။ အဲဒီ့ခံယူချက်နဲ့ ရဲရဲလျှောက်
ငါးတွေပျော်မြူးနေတာကြည့်။ ဖားတွေအော်နေတာနားထောင်။ လိပ်ပြာတွေ။
အတောင်စိုနေတဲ့လိပ်ပြာတွေ။ ကိုယ့်လိပ်ပြာကိုယ် ခေါင်းမြီးအတင်းဆွဲခြုံလုံလိုက်သလိုမျိုး
အဲဒီ့လိပ်ပြာတွေလည်း လုံခြုံပါစေပေါ့။ ချမ်းမြေ့ပါစေပေါ့။ ခေါင်မိုးစွန်းကရေစီးကြောင်းဟာ
ဖြောင့်တန်းပျဉ်းတွဲနေသလို သင်တို့၏ကောင်းခြင်းများ အလျားရှည်ပါစေသတည်းပေါ့။
အုတ်ခဲကျိုးတွေ အရည်ပျော်။ အိမ်နံရံတွေထိုင်းမှိုင်းလာ။
ဆေးဆိုးထားတဲ့နှုတ်ခမ်းအတိုင်း လေထုဟာဖူးရောင်နီမြလာ။
လူအိုတစ်ယောက်ရဲ့ မျက်လုံးကို ငှားကြည့်မိလိုက်သလား။
မြို့ဟာ မှိုင်းမှိုင်းယိမ်းယိမ်းတောက်ပလို့။
ဘတ်စ်ကားမှတ်တိုင်က ပိတ်မိနေတဲ့လူအုပ်ကြီး ကားကိုမမျှော်တော့။
အချင်းချင်းအာငွေ့ပေးကြ။ လက်ဆွဲနှုတ်ဆက်ခြင်းဖြင့် အသက်ဓာတ်တွေ ပွင့်အာလာကြ။
သစ်ရွက်တွေ ပြန့်ကော့လာသလို ဘဝတွေအလိပ်ပြေလာ။ အကြောဆန့်လာ။
ဖက်ခေါင်းအုံးတွေကို ခွကြ။ ကော်ဖီတွေဖျော်ကြ။ သတင်းစာကိုလှန်ကြ။
တီဗွီကိုပိတ်ပြီး ရေဒီယိုကိုဖွင့်ကြ။ မန်ကျည်းသီးတွေ ကြွေကြ။
သူငယ်ချင်းမလေး မိအေးကို လွမ်းကြ။ အဲဒီ့လို
မိုးစက်တစ်စက်ရဲ့ မျက်နှာပြင်ပေါ်ထင်ဟပ်လာသော ပုံရိပ်များ။
ပုံရိပ်တွေရဲ့ မျက်နှာပြင်ပေါ်ထင်ဟပ်လာသော မိုးစက်များ။
မျက်စိတွေ စွင့်ထားကြ။ အားလုံး
နားတွေ ဖွင့်ထားကြ။ အားလုံး
မိုးရွာပြီ။

အစ
အစ
အပ်ဖျားတွေ ပုဆိန်တွေနားမလည်ဘူး
တစ်ခါမှုတ်ပြီးသား ဆပ်ပြာပူဖောင်းဟာ ခုထိမကွဲသေးဘူး
လေထဲမှာလွင့်တယ်
မျိုးရိုးအဆက်ဆက် လက်ဆင့်ကမ်းတယ်
ဘဝဆက်တိုင်း တွယ်ကပ်ပါလာတယ်
ခေါင်းအထက် ပေအနည်းငယ်မှာ ငြိမ်နေတယ်
ဘဝပေါင်းများစွာနားမလည်ခဲ့ပေမယ့်
ဘဝပေါင်းများစွာရင်းခဲ့မိပါတယ်
သူတွေ့ချင်တဲ့ ဆပ်ပြာတုံးလေးကို
ကျနော်မရည်ရွယ်ဘဲ ဖွက်ထားမိခဲ့တယ်။

မြေလျှိုးမိုးပျံ
မြေလျှိုးမိုးပျံ
နုနယ်ပေမယ့် မာကြောမြေသားကိုထိုးခွဲမယ်
ကမ္ဘာ့အကြီးဆုံးမှိုပွင့်ကို လူတွေဝိုင်းအုံကြည့်ကြတယ်
မျက်စိရှေ့မှာပဲ သိသာပွင့်အာ
မျက်တောင်တစ်ခတ်မှာပဲ ကြီးထွားလာ
မှိုပွင့်ထိပ်ဖူးလို့ထင်ခဲ့ပေမယ့်
လတ်စသတ်တော့ ငရဲပြည်ကမီးပုံပျံကြီးဖြစ်နေတယ်
နတ်ပြည် ဗြဟ္မာ့ပြည်ထိရောက်ပါမယ်
လိုက်မလားလိုက်မလား အော်ခေါ်တယ်
ငရဲမီးစွမ်းအားနဲ့
မှိုင်းဝဆူဝေ ပျံတက်သွားတော့တယ်။

ချစ်သူရဲ့မျက်မှန်
ချစ်သူရဲ့မျက်မှန်
ချစ်သူရဲ့မျက်မှန်ကို အမှတ်မဲ့ကောက်တပ်ကြည့်မိတယ်
ငါ့အမြင်ထဲ
ငါ့အခန်းဟာ ရုတ်တရက်မှိုင်းညို့သွားတယ်
တိုက်ကပ်နွယ်ပင်ဟာ ရှည်လျားပြီးငါ့ခါးကိုဆွဲရစ်တယ်
အသက်ရှူကြပ်လာလို့ ပြူတင်းပေါက်အမြန်ဖွင့်လိုက်ရတယ်
ကောင်းကင်ကငှက်တွေကိုအကြာကြီးငေးမိတယ်
ကိုယ်လုံးပေါ်မှန်ထဲ ကိုယ့်ကိုယ်ကိုယ်မချိပြုံး ပြုံးပြတယ်
ချစ်သူရဲ့မျက်မှန်နဲ့ ချစ်သူကိုပြန်ကြည့်တော့
ချစ်သူဟာ မျက်လုံးသူငယ်အိမ်တုန်ခါလျက်
စနစ်တကျ အိပ်ပျော်နေပါတယ်။
မှူးနေဝန်း
ပေါင်မုန့်မှို
ပေါင်မုန့်မှို
မှိုတက်နေတဲ့ ပေါင်မုန့်တစ်ပိုင်းကိုလွှင့်ပစ်လိုက်တယ်
ကြွက်တစ်ကောင်စားမိတယ်
အဆိပ်သင့်ကြွက်ဟာ ရေထဲပြုတ်ကျသေတယ်
ချောင်းရေသောက်မိတဲ့ရွာသားတွေ အော့အန်ဖျားနာကုန်တယ်
ကောက်ရိတ်သိမ်းပွဲ ခေတ္တရွှေ့ဆိုင်းထားတုန်း မိုးကြီးရွာတယ်
ဂျုံအထွက်နှုန်းကျတော့ မြို့တော်မှာပေါင်မုန့်ရှားလာတယ်
အလက်ဇန်းဒါးဖလင်းမင်းဟာ မနက်စာကို ကော်ဖီကြမ်းတစ်ခွက်နဲ့ပြီးလိုက်ရတယ်
ပင်နီဆလင်ဟာ အခြားနာမည်တစ်မျိုးနဲ့ ပေါ်ပေါက်လာပြီး
ဖလင်းမင်းဟာ မထင်မရှားသေဆုံးသွားခဲ့တယ်။

သက္ကရာဇ်များ
သက္ကရာဇ်များ
မှုတ်ထုတ်တဲ့ ဆေးတံအငွေ့တွေက တိမ်တွေဖြစ်သွားတယ်
တိမ်တိုက်ဟာ ရိုးမဒီဘက်ခြမ်းမှာ ရွာချတယ်
နောက်ထပ် ဆေးတံတစ်ဆုံထပ်ဖွာတယ်
ဒါပေမယ့် တိမ်တိုက်အသစ်ဟာလည်း
တောင်တန်းဟိုးတစ်ဖက်ကိုမရောက်ခဲ့ပြန်ဘူး
- ဒီတောင်ကိုမကျော်နိုင်တော့ဘူးလား -လို့
မိုးနတ်မင်းက ညည်းညူတော့
လက်ပျဉ်းတော်ရော့တွဲကျနေတာကိုမြင်ပြီး
နတ်သူငယ်ဟာ ရယ်ခိုးလိုက်ပါတယ်။

အစာ
အစာ
လူသေဟာ မြေကြီးထဲက ထလာတယ်
မြင်လိုက်တဲ့လူတွေသွေးပျက်ကုန်တယ်
အားလုံးထွက်ပြေးသွားချိန်မှာမှ
အိမ်မွေးခွေးလေးက လူသေဆီရောက်လာတယ်
ရိရွဲနေတဲ့သခင်ကို ခွေးလေးကလျှာနဲ့လျက်နှုတ်ဆက်တယ်
အဲ့ဒီ့နောက် သခင်ရဲ့အရိုးတစ်ချောင်းကို
ဂျွတ်ဂျွတ်ဝါးစားပြီးအိပ်ပျော်သွားတယ်
ခွေးလေးရဲ့နဖူးပြင်ကိုပွတ်သပ်ပြီး အလောင်းကောင်ဟာပြုံးနေတယ်။

ပလပ်စတစ်စေတီ
ပလပ်စတစ်စေတီ
မုန်တိုင်းနဲ့အတူ
ပလပ်စတစ်စေတီတော် ဈန်ပျံလာတယ်
အုတ်သားပုထိုးတော်တွေပေါ်က
ဝေ့ကာဝဲကာ ကြွချီသွားတယ်။
ဖူးမြော်မိသူ ရွာသားအားလုံး
နောက်နေ့မှာ ငါးတွေပိုပြီးဖမ်းလို့ရတယ်။
အမွှေးတိုင်ရနံ့များက
ငါးညှီနံ့ကို ဖုံးသွားတယ်။
မှူးနေဝန်း
မုန်တိုင်းနဲ့အတူ
ပလပ်စတစ်စေတီတော် ဈန်ပျံလာတယ်
အုတ်သားပုထိုးတော်တွေပေါ်က
ဝေ့ကာဝဲကာ ကြွချီသွားတယ်။
ဖူးမြော်မိသူ ရွာသားအားလုံး
နောက်နေ့မှာ ငါးတွေပိုပြီးဖမ်းလို့ရတယ်။
အမွှေးတိုင်ရနံ့များက
ငါးညှီနံ့ကို ဖုံးသွားတယ်။
မှူးနေဝန်း
မျက်နှာကျက်အနိမ့်
မျက်နှာကျက်အနိမ့်
(ပျမ်းမျှအရပ် ၅ပေ ၆လက်မ ကိုအခြေပြု၍)
အဆင့် ၁
အပေါ်သို့လက်ဆန့်တန်း၍
ခုန်ကြည့်ရုံဖြင့် ထိနိုင်သောမျက်နှာကျက်
အဆင့် ၂
ခုန်စရာမလို
အပေါ်သို့လက်ဆန့်တန်း
ခြေဖျားထောက်ရုံဖြင့် ထိနိုင်သောမျက်နှာကျက်
အဆင့် ၃
ခြေဖျားထောက်ရန်မလို
အပေါ်သို့လက်ဆန့်တန်း
လက်ဝါးဖြင့်ထိနိုင်သောမျက်နှာကျက်
အဆင့် ၎
ခြေဖျားထောက်ရုံဖြင့်
ခေါင်းနှင့်ထိသောမျက်နှာကျက်
အဆင့် ၅
ခေါင်းမလွတ်
ငုံ့ဝင်ရသောမျက်နှာကျက်
အဆင့် ၆
မတ်တပ်ရပ်မရ
ကုလားထိုင်ဖြင့်ထိုင်ရုံသာလွတ်သော မျက်နှာကျက်
အဆင့် ၇
ကုလားထိုင်မပါ
ခါးမတ်မတ်ထိုင်ရုံသာလွတ်သောမျက်နှာကျက်
အဆင့် ၈
ခါးကွေး
ဒူးပေါ်မျက်နှာမှောက်ငိုကြွေးရုံသာ လုံလောက်သောမျက်နှာကျက်
အဆင့် ၉
ဘေးတစောင်းလှဲ
တံတောင်ထောက်ခေါင်းတင်
စဉ်းစားခန်းဝင်ရုံ မျက်နှာကျက်
အဆင့် ၁၀
ပက်လက်လန်လှဲ
မျက်နှာအထက်ဝဲနေသော မျက်နှာကျက်
(သို့မဟုတ်)
ခေါင်းတလားအဖုံး
အထူးအဆင့်
သင့်အပေါ် တဖြည်းဖြည်းနိမ့်ဆင်းလာသော
ဖိအားပြင်းမျက်နှာကျက်

ဗုဒ္ဓမျက်လုံးတော်မှယူဇနာ ၅၀၀
ဗုဒ္ဓမျက်လုံးတော်မှယူဇနာ ၅၀၀
မျက်လွှာချပြီး မျက်လွှာပြန်ဖွင့်လိုက်ချိန်မှာ
အသင်္ချေ၎ချီ ကြာသွားတယ်
မတုန်မလှုပ်ဗုဒ္ဓမျက်လုံးတည့်တည့်ရှုချိန်
သိမ်ငယ်မာရ်နတ်ဟာ ရင်ဘတ်ထုအော်တယ်
ဟိမဝန္တာတောင်ထွဋ်တစ်ခုပေါ် ငါစိုက်ခဲ့တဲ့အလံ
ဗုဒ္ဓဟာမြင်ပေမယ့် အကြည့်ကိုလွှဲတယ်
အလံဟာ မသိကျိုးကျွံမျက်နှာထားနဲ့ တစ်ဖက်လှည့်ပြီးတဖျတ်ဖျတ်လွင့်တယ်
တောင်ပေါ်ကနှင်းလုံးလှိမ့်သလို ငါ့တစ်သိုက်တစ်မြုံလုံးပြိုဆင်းတယ်
လက်ဖဝါးပေါ်တင်ကြည့်သော လောကမြေမှုန်ထဲ ငါမပါ
ဗုဒ္ဓအကြည့်မှဝေးရာ ဖဝါးတော်အောက်မှာ ငါကပ်နေတယ်
လာမည့်နှစ်မှာ ဗုဒ္ဓဆင်မြန်းခဲ့သော သင်္ကန်းတော်တစ်စဟာ
လေလံဈေးကွက်ထက်ရောက်လာမယ်
ရှင်သီဝလိနဲ့ ရှင်ဥပဂုတ်ရုပ်ထုတွေဟာ
လက်ယာရံလက်ဝဲရံကိုယ်တော်နှစ်ပါးထက် ပိုများတယ်
စီးပွားတွက်ဘာသာရေးကို ဗုဒ္ဓဟာမြင်တော်မူခဲ့ပေမယ့် ပြုံးရုံသာပြုံးတယ်
ထိုအပြုံးကို အာနန္ဒာကားမမြင်
အဘယ်ကြောင့်ပြုံးသနည်း မမေးဖြစ်
အာနန္ဒာမငိုလေနဲ့ လို့နောက်ဆုံးစကားထဲကတစ်ခွန်းဟာ
ထင်တာထက်ပိုမိုကျယ်ပြန့်သွားတယ်
အနူမြူစွမ်းအားကိုအံတုမယ့်ရောင်ခြည်လက်နက်အတွက်
ဘူရိဒတ်ဘဝက မျက်လုံးကို စူပါပါဝါနိုင်ငံတွေပြန်လည်တူးဖော်တယ်
ဆေးခပ်ပြီးဖောက်ထုတ်လှူခဲ့တဲ့မျက်လုံးတွေကတော့
တဝီဝီရယ်သံလိုသံမြည်
စက်ရဟတ်လည်မြေကိုဖောက်မွှေနှောက်ဆဲ
တုန်ခါမြေသားနဲ့အတူ ငါတစ်သိုက်ယိမ်းယိုင်ချော်လဲပြီး
ဗုဒ္ဓခြေရင်းကိုတစ်ဖန်ပြန်ရောက်လာတယ်
မြစ်ရေနဲ့အတူ မျောခဲ့တာပဲလို့ ဗုဒ္ဓကမိန့်တယ်
ဘဝများစွာ ငိုခဲ့တဲ့မျက်ရည်မြစ်ပေါ့ - ထပ်ဆင့်ရှင်းလင်းတယ်
ငါတို့ဟာ ရွှံဗွက်ကိုသုတ်သင်စဉ်
ကြာပန်းတွေကို ဗုဒ္ဓကကြည့်တော်မူနေတယ်
ကျွန်ုပ်တို့ကား ကြာပန်းတွေမဟုတ်ပါဘုရား လို့ မဝံ့မရဲလျှောက်တော့
ဗုဒ္ဓဟာ ပြုံးပြီးမျက်လွှာချတယ်
တေဇောဓာတ်လောင်လျှံအပြီး ဗုဒ္ဓမျက်လုံးတော်ကို ငါတို့ခိုးခဲ့တယ်
တစ်ခုသော တောင်ထိပ်မှာတင်ပြီးပူဇော်တယ်
မဖွင့်သောမှိတ်ခြင်းဖြင့်ငြိမ်းခဲ့သောမျက်လုံးတော်ဟာ
အလံလွှင့်ရာတောင်ကုန်းမှ ယူဇနာ၅၀၀ ဝေးပါတယ်။

မျောက်များ
မျောက်များ
ဟာနုမာန် နဲ့ စွန်းဝူခုန်းချရင် ဘယ်သူနိုင်မလဲတွေးတယ်
ကျွန်တော် တိရစ္ဆာန်ဥယျာဉ်ရောက်ခဲ့တုန်းက ခေါင်းစဉ်နဲ့စာစီစာကုံးမှာ
မျောက်တွေကို အစာကျွေးခြင်းနဲ့ လှလှပပနိဂုံးချုပ်ခဲ့တယ်
မျောက်တစ်ကောင် လွှင့်ပစ်တဲ့ငှက်ပျောသီးခွံတက်နင်းမိတာ
နှစ်ပေါင်းများစွာ လျှောတိုက်ရွေ့လျားနေရတယ်
ငှက်ပျောခွံစကိတ်မှာ ဘရိတ်မပါ
မျက်နှာလေတဟူးဟူး တို့ရွှင်မြူး ဆိုတဲ့စာချိုးဟာ အတော်ပေါက်
လေတိုးမျက်နှာအတွန့်အခေါက် မျောက်အဖြစ်သက်ရောက်
ပြောင်းပြန်ဒါဝင် သီအိုရီ
ဇနပဒကလျာနီဟာ နံ့သာဘယ်လိုလိမ်းလိမ်း
post နတ်ပြည်အသိဝင်နန္ဒမင်းသားမျက်စိထဲ
တုံးတိုမီးစွဲမျောက်အိုမပဲ ပေါ့
မျောက်ဟာ နဖူးပေါ်နားတဲ့ယင်ကောင်ကို တူနဲ့ထုသတ်တယ်
ဆေးတံဖွာတယ်၊ ငြင်းမရတဲ့ကမ်းလှမ်းမှုမျိုးလုပ်တယ်
ငှက်ပျောသီးခိုင်ကိုစီးပြီး အသက်ကယ်လှေဆီကူးလာတယ်
ကျည်ဆန်တန်းလန်းမှန်ရင်း ကလေးကိုနို့တိုက်တယ် ဝါယာကြမ်းပတ်မျောက်ရုပ်နို့ကိုစို့သူမျောက်ကလေးများက
တုန်လှုပ်မှုကို ဖြေဖျောက်ရန် နူးညံ့မိခင်ကိုရှာမတွေ့
မျောက်မျိုးအဆက်ဆက် အိပ်ရာဝင်ပုံပြင်က
မျောက်ခေါင်းကိုထုပြီးမှ
သွေးစက်နောက်လိုက် အိမ်ပြန်လမ်းရှာတဲ့ပုဏ္ဏားအကြောင်း
ဂျွန်လရဲ့မိုးရေတွေလို ဘိုးဘေးမျောက်ကြီးရဲ့သွေးစက်တွေတဖွဲဖွဲ
ဒါဟာသစ်ရွက်အကြွေပေါ်က ရက်စက်တဲ့ဂီတပေါ့ကွာ ဘာညာ
ဝါဒဖြန့်ချိရေး ဒရာမာ ဟိတ်စပိခ်ျတွေ လွှတ်တယ်
HIV ပိုးကိုထုတ်လုပ်ပြီး လူတွေဆီပို့တယ်
အကောင်နည်းနည်းကြီးတယ်ဆိုရင်
Naomi Watts တစ်ကိုယ်လုံးကို ဆုပ်ကိုင်အသားယူတယ်
ကချေသည်မျောက်၊ ခါးပိုက်နှုက်မျောက်၊ မျက်လှည့်မျောက်
တာဇံရဲ့မွေးစားအဖေမျောက်၊ ဗီလိန်မျောက်
အို . . . သင်တို့၏ ကမ္ဘာမြေကို ခိုစီးယမ်းခါသောမျောက်
တဲအိမ်မီးရှို့မျောက်၊
ခါးစည်းကြိုးတန်း တံတားသွယ်အလောင်းအလျာမျောက်
ဂန္ထဝင်မြောက် ဂန္ထဝင်မျောက်
အရက်သောက်မူးမှောက် အတုခိုးမှားမျောက်
လှောင်ချိုင့်ကိုဆွဲဆောင့်အော်ဟစ် အုပ်စုဖွဲ့ အကျင့်ပုတ်မျောက်
မျောက်၏နာကျင်မှု မျောက်၏အတ္တဘဝအမှန်
မျောက်၏ အဆက်မပြတ်ဂဏာမငြိမ်ခြင်း
မျောက်၏မာယာ မျောက်၏အပြောင်အပျက်
ပြိုးပြက်အရှိန်အဝါကြီး မျောက်၏တည်ကြည်မှု နှုတ်ခမ်းတင်းတင်းစေ့
အမြီးနဲ့ချိတ် လက်ဆွဲယမ်း ကျားကိုစ
မြွေဖမ်း သန်းတုတ် ငုတ်တုတ်ငူ ရင်ဘတ်ထု
မျက်ရည်ယို ခေါင်းကုတ် သွားဖြီး ကြိုးခွေကြိုးခွေ
အမြီးဆောင့်ဆွဲ တင်းပုတ်ထမ်း သိုင်းချ နှုတ်ခမ်းစူ
မိမိကိုယ်ကိုဗဟိုချက်ပြုမြှောက်ပစ် မျောက်ဖြစ်
တောက်စားသာ မှောက်မှားသော
ထောက်ထားသော လျှောက်ကြွားသော
အမြောက်အမြား မျောက်များ။

လူတစ်ယောက်နဲ့ပင်လယ်တစ်ကောင် - ၁၅
လူတစ်ယောက်နဲ့ပင်လယ်တစ်ကောင် - ၁၅
အရာအားလုံး တစ်ခါသုံးဖြစ်သွားတယ်
တစ်ခါသုံးချစ်သူ
တစ်ခါသုံးဘုရား
တစ်ခါသုံးလွမ်းမောဖွယ် စီဒီပြား။
မုန်တိုင်းကိုလွန်ဆန်ပြီးနောက်
သူရဲကောင်းဘွဲ့ခံသူဟာ
သူ့ရဲ့ တစ်ခါသုံးပင်လယ်ကို လွှင့်ပစ်လိုက်တယ်။
- ဟေ့ ပြီးပြီလား ပြီးပြီလား ၊ ငါ့ကိစ္စပြီးပြီလား -
အမှိုက်ပုံးထဲက ပင်လယ်ကလှမ်းအော်တယ်
- ငါ့ဝဲဂယက်ကို မင်းယူသွားပြီလား -
ပင်လယ်ဟာ ပျော်ပျော်ကြီးသေသွားတယ်။
တစ်ခါသုံးသီချင်းသံကြောင့် လူကမကြား
တစ်ခါသုံးအမှိုက်ပုံ ကမ္ဘာထဲမှာ
လူဟာ သူ့ကိုယ်သူလွှင့်ပစ်ဖို့မေ့နေတာ
ကျောက်တောင်တန်းကိုပါးလျကုတ်ခြစ်ခဲ့သော
မာန်နတ်၏ လက်သည်းချွန်များပမာ။

လူတစ်ယောက်နဲ့ပင်လယ်တစ်ကောင် - ၁၄
လူတစ်ယောက်နဲ့ပင်လယ်တစ်ကောင် - ၁၄
သဲသောင်ကို ခြေနှင့်ခတ်ကျောက်၏။
-သည်ဟာ ပင်လယ်လော . .
-မဟုတ်ပါ အရှင်။
လှိုင်းခေါင်းဖြူကို လှော်တက်နှင့်ရိုက်ခွဲ၏
-သည်ဟာ ပင်လယ်လော . .
-မဟုတ်ပါအရှင်။
စင်ရော်ငယ်ကို လေးနှင့်ပစ်ခွင်းပြန်၏
-သည်ဟာ ပင်လယ်လော . .
-မဟုတ်ပါ အရှင်။
မုန်တိုင်းတိမ်ညိုကို မန္တာန်စုပ်၍ ရှဲခွာစေပြန်၏
-သည်ဟာ ပင်လယ်လော . .
-မဟုတ်ပါ အရှင်။
-အသို့ဆိုလျှင် ပင်လယ်ဟူသည် အဘယ်နည်း
ပင်လယ်ကိုရှာမရပါတကား
ပင်လယ်သည်မရှိပါတကား
ထိုအခါ
ဆည်းဆာ၏ညိုမောင်းသောအရောင်ဖြင့်တင့်တယ်နေသောပင်လယ်သည်
မျက်လွှာကို ဖြည်းညှင်းစွာပင့်တင်လိုက်သည်။
-နစ်မြုပ်ရာအရပ်သည် ပင်လယ်မည်၏
ရင်ကိုဝင့်၍မော်ကြွားချိန် နောက်ကျော၌ပျော့ဖတ်ဝေ့ဝဲကျသောအရိပ်သည်
ပင်လယ်ရေစို၍ ညိုခဲ့ပြီမဟုတ်လော
နန်းတော်လှေကားထစ်များသည် သင့်ဖဝါးကို နူးမြည့်ပွယောင်းစေပြီ
လျှောင်းရာမှထသောအခါ အိပ်မက်၏ရေမှော်ပင်များကြား
အသင်ရုန်းထနိုင်ပါရဲ့လား
သင်ခုတ်ပိုင်းခဲ့သော ရန်သူ၏လည်မြိုသည်
ဒီရေတက်ချိန်ရောက်လျှင် သင့်ဝေါယာဉ်၏ကြမ်းပြင်ကို ထိလတ္တံ့
တပ်မက်ခြင်းအပြည့်ဖြင့်ပြုသော သင်၏အနမ်းတို့မှာလည်း
ရေပူဖောင်းသို့ပလုံစီကာ တဖျစ်ဖျစ်ပေါက်ကွဲကုန်ပြီမဟုတ်ပါလော။
ပင်လယ်၏ ပြန်လည်တိတ်ဆိတ်ခြင်းသည်
အပြန်လမ်းဘက်သို့ ဦးကိုလှည့်စေပြီ
ရွာသောမိုးအောက်တွင် ခြေရာတို့ပျောက်ခဲ့၏
မိလိန္ဒသည် ပင်လယ်ဆီမှ ပင်လယ်ဆီသို့ ပြန်ခဲ့သည်။

Thursday, November 26, 2015
လှိုင်းတက်ရာဗေဒါတက် လှိုင်းသက်ရာဆင်း
လှိုင်းတက်ရာဗေဒါတက် လှိုင်းသက်ရာဆင်း
“ပန်းပွင့်လေးရေ
ငါ့ကိုမင်းရင်ခွင်ထဲထွေးပွေ့ထားလိုက်စမ်းပါကွာ”
မိုးစက်လေးကဆို၏။
သက်ပြင်းချရင်း
စံပယ်ပွင့်လေးကြွေ၏။
(ရာဘင်ဒြာနသ်တဂိုး)
၇ တန်းလောက်က ဖတ်ခဲ့ရတဲ့ တဂိုးကဗျာစာအုပ်ထဲက မှတ်မိသလောက်စာပိုဒ်လေးတစ်ပိုဒ်ပါ။ ကိုယ်မသိလိုက် ဘဲ ကိုယ့်အတွက်နဲ့ တိတ်တိတ်ဆိတ်ဆိတ်အနစ်နာခံခဲ့ရသူတွေ အများကြီးရှိနေနိုင်တယ်။ ကိုယ့်အလိုဆန္ဒက အပြစ်ကင်း ပြီး ဖြူစင်တယ်လို့ယူဆနိုင်ရင်တောင် အဲ့အလိုဆန္ဒအတွက်ပေးဆပ်မှုဟာ မထင်မှတ်ဘဲကြီးသွားတတ်ပါတယ်။ တကယ် ပေးဆပ်တဲ့သူဟာ အသံကျယ်ကျယ်လောင်လောင်မမြည်တတ်တာ သဘာဝပဲလား။ မပေးဆပ်တာထက်စာရင် ပေးလိုက် တာကောင်းတာပေါ့။ အသံကျယ်ကျယ်လောင်လောင်နဲ့ ပေးတာထက်စာရင် တိတ်တိတ်ဆိတ်ဆိတ်ပေးတာက ကောင်း တာပေါ့။ ဦးဝင်းဖေရဲ့ မျက်မှန်ဝတ္ထုထဲကလူတွေ အများကြီး။ သင့်မျက်မှန်ကို ကိုယ်တိုင်ရိုက်ချိုးပစ်ချင်စိတ် ဖြစ်ဖူးသလား။ အသံတိတ်တိတ်ဆိတ်ဆိတ်ပေးတာတောင် စိတ်ထဲမှာအသံတွေကျယ်လောင်နေရင် ငြိမ်းချမ်းဦးမယ်မထင်ဘူး။ ပေးဆပ် တယ်လို့မခံစားတဲ့ ပေးလိုက်ခြင်းမျိုးက သိပ်ကျက်သရေရှိတယ်။ စိတ်ထဲမှာ လုပ်ရပ်အပေါ်ကျေနပ်မှုကလွဲရင် တခြားဘာမှ မကျန်ခဲ့တဲ့ စွန့်လွှတ်မှုပေါ့။ နောက်ဆုံးကျတော့ သက်ရှိတွေပျားပန်းခတ်နေတဲ့ လောကကြီးထဲမှာ တကယ်အဆက်အဆံ လုပ်နေရတာ ကိုယ့်ကိုယ်ကိုယ် ဆိုတာမြင်လာရတာပဲ။ တစ်ယောက်ချင်းလာခဲ့ရတာပါပဲ။
ပေးသူတွေက ငါပေးနေတယ် ဆိုတဲ့ အတ္တအခြေခံသဘာဝကို မကြေငြာသင့်ပေမယ့် ယူသူတွေဘက်က သူပေးခဲ့ တယ်ဆိုတာကို မေ့လျော့တာကျတော့လည်းမမျှတပြန်ဘူး။ တစ်ခွန်းထဲပြောရရင်တော့ “ကျေးဇူး” ပါပဲ။ သူ့ကျေးဇူးကို သိပါ လို့ ရေးရင် အဖန်တစ်ရာထပ်နေတဲ့စကားကြီးမို့ပျင်းစရာကောင်းနေလိမ့်မယ်။ တကယ်တော့ တော်တော်တွေးစရာကောင်း ပါတယ်။ ကျေးဇူးဆိုတာ ကိုယ့်ကိုသူများကကူညီမှု ဆိုတာလောက်ပဲတွေးထားရင် သိပ်ကိုဘောင်ကျဉ်းသွားမှာပါ။ ကျေးဇူး ဆိုတာ အကျိုးကိုဖြစ်စေသော အကြောင်းပါပဲ။ ရေနွေးနှင့် ကော်ဖီမှုန့်တို့ပြုသောကျေးဇူးဖြင့် ကော်ဖီတစ်ခွက်ကိုရ၏။ ကော်ဖီတစ်ခွက်ပြုသောကျေးဇူးဖြင့် အစာအာဟာရကိုရ၏။ အစာအာဟာရ၏ ကျေးဇူးဖြင့် ပြုမှုလှုပ်ရှားသွားလာ စသဖြင့်။ ကျေးဇူးဆိုတာ အကြောင်းအရင်းအထာက်အပံ့ပါပဲ။ ကျေးဇူးကိုသိခြင်းဟာ အကျိုးနှင့်ဆက်စပ်သော အကြောင်းကိုသိခြင်း ပါပဲ။ အကြောင်းအကျိုးကို သိခြင်းဟာ ပညာဉာဏ်သဘောပါပဲ။ မသိမှုရဲ့ဆန့်ကျင်ဘက်ပါပဲ။ မောဟကိုလွန်မြောက်ခြင်းပဲ။ အဖန်တလဲလဲဆင်ခြင်အပ်သော သတိဖြင့်နေထိုင်ခြင်းပဲ။ ကျေးဇူးကိုသိခြင်းရဲ့သဘောဟာ အဲ့လိုကျယ်ပြန့်သွားပါတယ်။ ဘာဆက်လုပ်ရမလဲဆိုတာ ပြတ်သားသွားစေနိုင်ပါတယ်။ နောင်တနဲ့ ဝေဝါးခြင်းကို အနိုင်ယူသွားနိုင်တယ်။ မိုးစက်လေး ဟာ စံပယ်ပွင့်လေးပေါ် လက်လွတ်ခြေလွတ်ခုန်ဆင်းတော့မှာမဟုတ်ဘူး။
ဆိုတော့ကာ ကျေးဇူးကိုသိခြင်းဟာ ပညာဉာဏ်ရဲ့သဘောဆိုပေမယ့် လူအန္ဓတွေရဲ့သဘာဝအရ မကြုံဖူး မဖြစ်ဖူးတဲ့ကိစ္စကို ထိုးထွင်းသိမြင်ဖို့ဆိုတာခက်ပြန်တယ်။ ရေခဲမုန့်မစားဖူးသူကို ရေခဲမုန့်အရသာဘယ်လိုရှင်းပြရှင်းပြ နားမလည်နိုင် မသိနိုင်ပါဘူး။ ကိုယ်တိုင်ကြုံခဲ့ရတဲ့အဖြစ်အပျက်လေးတောင်မှတ်မိပါသေးရဲ့။ သူငယ်ချင်းတစ်ဦးရဲ့မောင် တစ်ယောက်ကို ဆယ်တန်းအင်္ဂလိပ်စာသင်ပေးရင်း Unit 11 ကိုရောက်တော့ ခြင်တွေအကြောင်းသင်ရတာပေါ့။ ခြင်ရဲ့ သားလောင်းပိုးလောက်လန်းတွေဟာ ရေထဲမှာနေတယ်ကွ။ သူတို့စားတာက အကောင်ငယ်လေးတွေ ရေညှိပင်လေးတွေတဲ့ကွ။ အဲ့မှာ microscopic ဆိုတဲ့စာလုံးက အရမ်းသေးတယ်လို့ဆိုလိုတာကွ။ သာမန်မျက်စိနဲ့မမြင်နိုင်ဘူး။ အဏု ကြည့်မှန်ပြောင်းနဲ့ကြည့်မှမြင်နိုင်တာမျိုးပေါ့ကွ။ ဒီလိုအာဘောင်အာရင်းသန်သန်ပြောနေမိတယ်။ ပြီးရင် ထုံးစံအတိုင်း ကြီးတဲ့အကောင်ကငယ်တဲ့အကောင်ကိုစားတယ်ဆိုတာသဘာဝပဲကွ။ လောကကြီးရဲ့တကယ့်သရုပ်သကန်က ကြီးနိုင်ငယ်ညှင်းဝါဒပဲကွ။ အဲ့သလို ကလေးကိုစကားလုံးအကြီးကြီးတွေနဲ့ ပစ်ပေါက်ဖို့လမ်းကြောင်းကိုရွေးနေတုန်း သူပြန်မေးတဲ့ စကားကြောင့် လန့်နိုးသွားရတယ်။ သူမေးတာက အဲ့အကောင်လေးတွေအပင်လေးတွေကို ကျနော်တို့က သာမန်အတိုင်း မမြင်နိုင်ဘူးလားတဲ့။ ဟုတ်တယ်လေကွာ လို့ပြန်ဖြေတော့ ဒါဆိုအဲ့ဒီ့ပိုးလောက်လန်းတွေက ရောမြင်နိုင်ရဲ့လားတဲ့။ သူတို့ဘယ်လိုမြင်လဲတဲ့။ ကိုယ့်မှာ ဘာဖြေရမှန်းမသိတော့ဘူး။ သူတို့ကအနီးကပ်နေလို့မြင်ရတာပါလို့ဖြေလိုက်ရင်လည်း ဒါဆိုကျနော်တို့ရေထဲငုံ့ကြည့်ရင်ရော မြင်ရမှာလားလို့ ဒီအကောင်လေးကမေးတော့မှာသိနေတယ်။ နောက်ဆုံးမှ အကောင်အရွယ်ချင်း သိပ်မကွာတော့မြင်ရနိုင်တယ်ကွလို့ ရွှီးလိုက်ရတယ်။ ပြီးမှပြန်တွေးမိတယ်။ ကိုယ်တို့တွေလည်း တကယ်ပဲ မနီးရိုးစွဲ နီးစပ်သူတွေသာမြင်နိုင်ကြတာပါပဲ။ ဒါတွေပဲမြင်ပြီး ဒါတွေနဲ့ပဲနှိုင်းယှဉ်ဆုံးဖြတ်နေရတာပါပဲ။ ဆရာအောင်သင်းရဲ့ သူတောင်းစားတစ်ယောက်ဟာ ရှင်ဘုရင်ကိုဘယ်တော့မှ မနာလိုမဖြစ်ဘူးဆိုတဲ့ စကားကြီးပြန်ကြားယောင်ပြီး ရယ်နေမိပါတော့တယ်။
တကယ်တော့ လောကဟာမျက်လှည့်ပွဲဖြစ်ပြီး ကိုယ်တိုင်ကအဲ့ပွဲကိုလာကြည့်သူနဲ့တူပါတယ်။ မြင်ဖူးတဲ့အကွက် တွေကိုလည်း ဘာကြောင့်အဲ့လိုဖြစ်သွားပါလိမ့်ဆိုတဲ့လျှို့ဝှက်ချက်ကိုမသိတော့ ခဏခဏပြန်ကြည့်နေရတာပဲ။ ထပ်ကာ ထပ်ကာကျေကျေနပ်နပ်အလှည့်စားခံနေကြတာပါ။ မမြင်ဖူးတဲ့ပြကွက်တွေကျတော့ အံ့သြထိတ်လန့်မှုနဲ့ ကြည့်ကြပြန်ရော။ မသိမှုဟာ မျက်လှည့်ပွဲမှာစီးမျောနေဖို့တစ်ခုထဲသောလိုအပ်ချက်ပဲ။ အတွေ့အကြုံဟာ ရှည်လျားတဲ့ပွဲခင်းကာလအတွင်း အရေးမပါလှပါဘူး။ လူဟာလွယ်လွယ်မေ့ကြတယ်။ မေ့တတ်တယ်ဆိုတာကိုတောင် မေ့ကြတယ်။ မျက်လှည့်ပြကွက်တွေ ဟာ လှည့်စားနေမှန်းသိနေရင်တောင် ပွဲထဲကရုန်းထွက်ဖို့မလွယ်သေးဘူး။ ဘေးမှာအဖော်တွေရှိနေသေးတယ်မလား။ ပြကွက်တွေဟာ လှည့်စားခြင်းမျှပဲဆိုတာလည်း သတိထားမိလာတယ်၊ အဲ့ပြကွက်ကိုဘယ်လိုဘယ်ပုံပြုလုပ်သလဲဆိုတာ ကိုလည်း သိသွားတယ်ဆိုရင်တော့ ပွဲခင်းထဲကထွက်ဖို့သေချာသလောက်ရှိသွားပြီ။ လှည့်စားမှုကိုလုံးဝမလိုချင်တော့ဘူး ဆိုရင်တော့ သင်ဟာမျက်လှည့်ပွဲအပြင်ဘက်ကိုရောက်သွားလောက်ပါပြီ။ စာသိ၊ ငါသိ၊ ပညာသိ ဆိုတာ အဲ့လိုကွာသွား တာဖြစ်ပါတယ်။ မသိတာထက်စာရင် သိတာကတော့ကောင်းပါတယ်။ အချက်အလက်စုဆောင်းတာမဟုတ်ပါဘူး။ သိမှု ဖြစ်ပါတယ်။ Knowledge မဟုတ်ပါဘူး Realization ဖြစ်ပါတယ်။ Knowledge ကတော့ အကိုင်အတွယ်မတတ်ရင် အန္တရာယ်တစ်ခုတောင်ပြန်ဖြစ်သွားနိုင်တာကိုး။ Knowledge ကို မှန်ကန်စွာကိုင်တွယ်အသုံးချတတ်မှသာ ပညာလို့ဆိုလို့ရ မှာပေါ့။ ပညာနဲ့အထပ်ထပ်အဖန်ဖန်ပွားများနေထိုင်ခြင်းကသာ ဉာဏ်အလင်းပွင့်မှု Enlightment အထိဦးတည်သွားမှာပါ။ အဲ့ဒီ့အခါမှာတော့ မျက်လှည့်ပွဲရဲ့အပြင်ဘက်မှာ အေးအေးလူလူလမ်းလျှောက်နေလို့ရပါပြီ။ ဘယ်သူက ငါတို့ကိုမျက်လှည့် ပြနေသလဲ လို့တော့မမေးပါနဲ့။ မျက်လှည့်ဆရာဟာ ကိုယ့်ကြောင့်ဖြစ်လာတာပါ။ ကိုယ်တိုင်ပိုက်ဆံအကုန်ခံဝယ်ခဲ့တဲ့ ပွဲလက်မှတ်တွေ အိပ်ခန်းဒေါင့်မှာပုံနေပါလိမ့်မယ်။
မျက်လှည့်ပွဲကိုစဉ်းစားမိတော့ ဆရာတစ်ယောက်ပြောဖူးတဲ့စကားကိုပြန်သတိရလာပြန်ပါတယ်။ မှတ်မှတ်ရရ ကိုယ်သင်ခဲ့ရတဲ့ဆရာတွေထဲမှာ 2nd year တုန်းက ဆရာတစ်ယောက်ပြောတဲ့ စကားတစ်ခွန်းကိုအရမ်းနှစ်သက်ပြီးမှတ်မိနေတယ်။ Biochemistry သင်ရင်း မော်လီကျူးတွေရဲ့ အသေးစိတ်အလုပ်လုပ်ရာမှတဆင့် ဆဲတစ်လုံးချင်း၊ ဆဲတစ်လုံးချင်း ကနေကြွက်သားတစ်မျှင်ချင်း အဲဒီကမှ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုရဲ့လှုပ်ရှားမှု ၊ အဲဒီ့လှုပ်ရှားမှုတွေကို အစီအစဉ်တကျ တွဲစပ်လိုက်မှ ကိုယ်တို့ရဲ့ အမူအရာတွေ ၊ ကိုင်တွယ်သွားလာမှုတွေ၊ သိမြင်ခံစားမှုတွေ . . ဒီလိုဖြစ်လာတာကိုး။ အသေးဆုံးလေးတွေက စပြီးမှ ကြီးကြီးမားမားတွေဖြစ်လာတာကိုး။ ဆရာက ဥပမာတစ်ခုပြောပါတယ်။ နီယွန်မီးလုံးတွေနဲ့စီထားတဲ့ဆိုင်းဘုတ်တွေကိုကြည့်လိုက်တဲ့။ ဆိုကြပါစို့ မင်္ဂလာပါ ဆိုတဲ့စာလုံးလေးရွေ့လျားနေတဲ့ LED ဆိုင်းဘုတ်တစ်ခုပေါ့လေ။ ခြုံငုံကြည့်တဲ့ အမြင်အရတော့ မင်္ဂလာဆိုတဲ့စကားလုံးလေး ရွေ့လျားနေတာပါပဲ။ တကယ်တမ်းမီးလုံးတစ်ခုခြင်း လိုက်ကြည့်ရင် မီးပွင့်နေတာနဲ့ မီးပိတ်နေတာပဲ။ ဒီသဘော၂မျိုးပဲရှိတယ်တဲ့။ ဆိုတော့ကာ ခန္ဓာကိုယ်ကြီးကိုဘယ်လိုကြည့် ကြည့် ဖြစ်ခြင်းနဲ့ပျက်ခြင်းပဲတဲ့။ Anabolism နဲ့ Catabolism ပဲတဲ့။ ကွန်ပြူတာစနစ်မှာ Code အရ 1 နဲ့ 0 ပဲထားသလိုမျိုးပဲပေါ့တဲ့။ တကယ်တမ်းက တကိုယ်လုံးဟာ reaction မျိုးစုံနဲ့ပေါက်ကွဲနေတဲ့ ဓာတုအစိုင်အခဲကြီးပဲတဲ့။ ကိုယ့်ခေါင်းထဲ အဲ့စကားဟာ အလင်းလက်သလိုပဲပွင့်နေတာ ခုထိပဲ။ တစ်ခုချင်းကို အမှန်အတိုင်းမြင်မှုနဲ့ ခြုံငုံပြီးထင်ရဟန်အသွင်သဏ္ဍာန်ကိုတွေ့ရခြင်းက အဲ့လိုကွာတာကိုး။ မင်္ဂလာရှိသလားကြည့်လိုက်တော့ မင်္ဂလာမရှိပါပေါ့။ သည်လိုပဲဆိုရမလား။
သီတဂူဆရာတော်ကြီးတရားတစ်ပုဒ်မှာ ပညာဆိုတာဘာလဲဆိုတော့ မြန်မြန်ပြောရရင် အသေးစိတ်နိုင်ခြင်းပဲတဲ့။ ပညာကြီးလေလေအသေးစိတ်ပိုသိလေပဲတဲ့။ ယူနစ်ကိုဘယ်လောက်အထိသေးနိုင်မလဲ။ ကျနော်တို့ကြိုးစားကြည့်ကြမယ်။ ထုထည်တစ်ခုဆို 3D ပေါ့။ ဧရိယာတစ်ခုဆို 2D ပေါ့။ မျဉ်းတစ်ကြောင်းဆို 1D ပေါ့။ ဒါဆိုပွိုင့်လေး တစ်စက်ဆိုရင် zero dimension ပေါ့။ ဒါဆို zero dimension က ကျန်တဲ့ဒိုင်မန်းရှင်းတွေပေါက်ဖွားလာသလား။ သုညကိုဘယ်လိုပဲ ပွားပွား သုညကတက်လာစရာမရှိပါဘူး။ အမှန်တော့ သုညက လောကအလွန်မှာရှိတဲ့ဖြစ်တည်ချက် တစ်ခုပါပဲ။ လောကဝန်းကျင်ကိုတော့ အနုတ်တွေ အပေါင်းတွေ ယူနစ်အကြီးအသေးတွေနဲ့ တည်ဆောက်ရပါတယ်။ အမျိုးမျိုးသော သိပ္ပံနယ်ပယ်တွေမှာ ယူနစ်မျိုးစုံပါနေပါတယ်။ ယူနစ်ဆိုတာ ကိုယ့်မျက်စိတစ်ဆုံး ဉာဏ်တစ်ဆုံး မှန်းဆ တွက်ချက်ရတဲ့ကိစ္စပါ။ အသေးဆုံးပမာဏဆိုတာ မရှိသလို အကြီးဆုံးပမာဏဆိုတာလည်းမရှိပြန်ဘူး။ လက်တွေ့အသုံးချ နယ်ပယ်မှာလည်း သိဖို့မလိုဘူးကိုး။ ဒီတော့မသိကျိုးကျွံပြုပြီး ပုစ္ဆာတွေကို ခပ်တည်တည်တွက်နေကြရတာပါပဲ။ တကယ့် တကယ်ပြီးပြည့်စုံအောင်ရှင်းပြဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ယူနစ်တွေရဲ့အဆုံးမရှိခြင်းဟာ သံသရာရဲ့အစမထင်ခြင်းသဘော နဲ့ ဆင်တူပါတယ်။ သံသရာဟာ သုညကပေါက်ဖွားလာခဲ့တာမဟုတ်ပါဘူး။ Law of conservation of energy အရ သုည ကနေ ဘယ်လိုမှထပ်ပွားလာစရာအကြောင်းမရှိပါဘူး။ အဘိုးတို့ခေတ်တုန်းက ဓာတ်ပြားစက်ကြီးပေါ်မှာ အပ်တုံးတုံးကြီး ဟာ တဂျစ်ဂျစ်ခြစ်နေဆဲပဲပေါ့။ သံသရာရဲ့သီချင်းဟာ တိုးလိုက်ကျယ်လိုက်ဖြစ်နေခဲ့ပါတယ်။
ဒီတော့ နေထိုင်ရှင်သန်ရခြင်းဆိုတာ ရုပ်ရှင်ပိတ်ကားပေါ်ကလှုပ်ရှားနေတဲ့ရုပ်ပုံလွှာတွေနဲ့ သဘောတရားတူနေ ရပြီပေါ့။ ရုပ်သေဖလင်တစ်ကွက်ခြင်းကိုခပ်မြန်မြန်ရစ်လိုက်တဲ့အခါမှာ ပုံရိပ်တွေဟာလှုပ်ရှားလာသယောင်ဖြစ်ပြီပေါ့။ အဲ့ဒီ့ ပုံရိပ်တွေက သူ့ကိုယ်သူအစစ်အမှန်ထင်လာတဲ့အခါ ရုပ်ရှင်ဆိုတာကိုမေ့သွားပြီး ကျည်ဆံအစစ်ထည့်ထားတဲ့ သေနတ်နဲ့ ချိန်ချင်လည်းချိန်လာကြမယ်။ ဒါရိုက်တာရဲ့စည်းမျဉ်းကိုလွန်ဆန်ပြီး စိတ်လိုက်မာန်ပါတွေလုပ်လာကြမယ်။ ဇာတ်ကွက်တွေ ကကြမ်းတမ်းခက်ထန်လာမယ်။ အကုန်လုံးမင်းသားတွေချည်းဖြစ်ချင်လာမယ်။ မေ့လျော့ခြင်း ကျေးဇူးအထောက်အပံ့ကို မသိခြင်းရဲ့နောက်ဆက်တွဲအဖြစ် နေပျော်စရာမကောင်းတဲ့အရပ်ဒေသတစ်ခုဖြစ်အောင် ဖန်တီးလိုက်ကြပါလိမ့်မယ်။ ပျော်စရာဆိုတာဘာလဲလို့အချင်းချင်းလက်တို့မေးလာရမယ်။ ပျော်စရာလို့ထင်တာတွေကိုစမ်းသပ်လာကြမယ်။ ဒီလိုနဲ့ လူတွေမှာ အလုပ်အပိုတွေများလာကြပြန်တယ်။ အဖွဲ့အစည်းနဲ့နေရခြင်းရဲ့နောက်ဆက်တွဲကိစ္စတွေပေါ့။ သက်သာချင် တယ် ဇိမ်ကျချင်တယ် အောင်မြင်ချင်တယ် လောကဓံရှစ်ပါးရဲ့ အဆိုး၎ပါးကိုဖယ်ပြီးအကောင်း ၄ ပါးကိုပဲလိုချင်တော့ တယ်။ ဆန္ဒနောက်ကိုလိုက်ရင်း အထပ်ထပ်တီထွင်ရတယ် ငြီးငွေ့မှုကိုဖြေဖျောက်ရတယ်။ မဆုံးနိုင်တော့ပါဘူး။ ကိုယ်တို့ကြည့်နေတဲ့ရုပ်ရှင်ကားတော်တော်များများမှာတော့ အခက်အခဲရဲ့အထွတ်အထိပ်ကိုလွန်ပြီး ပြန်လည်ပြေလျော့ သွားတဲ့အခါ Happy ending တွေနဲ့ ဆုံးလေ့ရှိပါတယ်။ ယုတ္တိတန်သည် မတန်သည်ဖြစ်စေ အနည်းဆုံးတော့ ရုပ်ရှင် ကြည့်သူကိုစိတ်သက်သာရာရစေတာပေါ့လေ။ အဲ့ဒီ့အတွက် သရုပ်ဆောင်တွေရဲ့ပျော်ရွှင်မှုကို အမူအရာအမျိုးမျိုး နဲ့ဖော်ပြကြပါတယ်။ သူတို့ပျော်သွားပုံကိုကြည့်ရင်း ကိုယ်ပါလှိုက်လှိုက်လှဲလှဲကြည်နူးရပါတယ်။ အဲ့လို ပျော်ရွှင်ပုံအမူအရာ တွေမျိုးစုံထဲမှာ The pursuit of happyness ထဲက Will Smith ရဲ့ ပျော်ရွှင်မှုအမူအရာဟာ မျက်လုံးထဲစွဲနေခဲ့တာပါပဲ။ အလွန်အမင်းဒုက္ခရောက်ပြီးနောက် မဆိုစလောက်အဆင်ပြေမယ့်လမ်းစလေးမြင်လိုက်ရချိန်မှာ မရယ်နိုင်မပြုံးနိုင်ဘဲ မျက်ရည်တွေလည်အံကြိတ်ပြီးပြန်လာရတဲ့ပုံစံလေးပေါ့။ ခဏခဏအရိုက်ခံခဲ့ရတဲ့ကလေးဟာ မရိုက်တော့ပါဘူးပြောလည်း စိတ်မချနိုင်သေးဘူး။ ကိုင်ထားတဲ့ တုတ်ကိုမဝံ့မရဲကြည့်နေရသလိုပေါ့။ ဒီသရုပ်ဆောင်ချက်ဟာ လွန်ခဲ့တဲ့ ၄နှစ်လောက်ထဲက Facebookပေါ်မှာဖတ်ဖူးတဲ့ကွန်မန့်လေးတစ်ခုကိုလည်း သတိရစေပါတယ်။ အပူချိန်ဆိုတာပဲရှိတယ်တဲ့ . . အအေးချိန်ဆိုတာမရှိဘူးတဲ့ . . အပူချိန်နည်းသွားတာကို အေးတယ်လို့ခေါ်တာပဲတဲ့ . . အဲ့လိုပဲ ဒုက္ခတရားလေး နည်းသွားချိန်ကို သုခလို့ခေါ်ရတာပဲတဲ့ . .။ ပျော်ရွှင်မှုကို သုခ လို့ အကြမ်းဖျင်းဘာသာပြန်မယ်ဆို ဝီလ်စမစ်ရဲ့ သရုပ်ဆောင်မှုဟာ အဲ့အယူအဆ မှန် မမှန် ကို သက်သေပြသွားတာပါ။ ဒီသဘောတရားလေးကို သေချာလက်ခံနိုင်ပြီ ဆိုရင်ကို ဘဝအပေါ်မကျေမနပ်ဖြစ်မှုတွေအတော်လျော့သွားနိုင်စရာရှိမယ်။ တခါတလေသတိလွတ်သွားချိန်ကလွဲရင် ကျန်တဲ့အချိန်တော်တော်များများ နေတတ်လာမယ်ထင်တာပဲ။
တကယ်လိုအပ်တာကတော့ ပထမသိဖို့ပေါ့၊ ကျေးဇူးအထောက်အပံ့ကိုသိရမယ်။ ဆက်စပ်မှုကိုသိရမယ်။ အမှန် အတိုင်းသိရမယ်။ ဒုတိယလိုအပ်တာက ဆန္ဒစွဲမပါဘဲ အမှန်အတိုင်းလက်ခံဖို့ပေါ့။ လက်မခံနိုင်သရွေ့စိုးစင်းမျှသော ငြိမ်းချမ်းမှုကိုတောင် ရမယ်မထင်ဘူး။ Attitude ကိုပြောင်းလဲပစ်ဖို့ဆိုတာ တကယ်တော့လည်းမလွယ်ဘူးကိုး။ ဗုဒ္ဓလက် ထက်က ဗုဒ္ဓနဲ့အယူဝါဒရင်ဆိုင်ယှဉ်ပြိုင်ခဲ့တဲ့သူတွေအများကြီး။ အတော်များများကသူတို့ဝါဒကိုမစွန့်လွှတ်ခဲ့ကြဘူး။ သူ့ ဂိုဏ်းသူ့အဖွဲ့နဲ့ဆက်ပြီးသွားကြတယ်။ ပါရမီမရင့်သန်သေးလို့ လို့တွေးရင်လည်းရပေမယ့် အဲ့ကိစ္စကိုခဏမေ့ပြီးစဉ်းစား ကြည့်ရင် သူတို့ရဲ့အမြင်ကိုမပြောင်းလဲချင်ကြတဲ့အချက်ပါပဲ။ တစ်နည်းလက်မခံနိုင်တာပါပဲ။ ပိဋကတ်စာပေတွေထဲမှာ တော်တော်သဘောကျဖို့ကောင်းတဲ့ လူ့ဂွစာကြီးတွေကို ခဏခဏတွေ့ရပါတယ်။ အမှတ်မိဆုံးကတော့ ဥပတိဿ နဲ့ ကောလိတ (နောင် လက်ယာတော်ရံနဲ့ လက်ဝဲတော်ရံဖြစ်လာမယ့် ကိုယ်တော်နှစ်ပါး) ရဲ့ ပရဗိုဇ်ဆရာကြီးပဲ။ တပည့်နှစ်ယောက်က သစ္စာတရားအမှန်ကိုဟောပြမယ့်သူတွေ့ပြီ ၊ဗုဒ္ဓဆီတပည့်ခံတော့မယ် ၊ ဆရာကြီးလည်း လိုက်ခဲ့ပါ လို့ခေါ်တယ်။ ဆရာကြီးကမလိုက်ဘူးတဲ့။ သူ့အရှိန်အဝါနဲ့ ဒီလိုလုပ်ရမှာမသင့်ဘူးတဲ့။ မာနခံနေတယ်။ ဒီတော့ တပည့်နှစ်ယောက်က ငတုံးတွေကြားထဲပျော်မနေပါနဲ့ လို့ ပြောတာပေါ့လေ။ အဲ့အခါ ဆရာကြီးဆိုသူပြန်ပေးတဲ့ ဆင်ခြေကို သိပ်သဘောကျတယ်။ တပည့်တို့ လောကမှာ ငတုံးများလား ပညာရှိများလား လို့မေးတော့ ငတုံးတွေများပါတယ်ပေါ့။ အေး ငတုံးတွေအများကြီး ငါ့ဆီကျန်ခဲ့လိမ့်မယ်။စိတ်မပူနဲ့တဲ့။ မင်းတို့ဘာသာသွား ဆိုပြီး နေခဲ့ပါတယ်။ အဲ့လူကြီးတွေဟာ လမ်းလွဲကိုလိုက်ခဲ့ကြပေမယ့် လောကသဘာကိုတော့ တော်တော်နောကြေတဲ့ အတွေးအခေါ်သမားတွေပဲ။ လွဲလို့သာလွဲတာ ခပ်အအတွေတော့ မဟုတ်တာသေချာတယ်။ နောက်တစ်နည်းပြောရရင်တော့ မအ ဘူးဆိုတာ အမျိုးမျိုး သောအကြားအမြင်တွေကိုစုဆောင်းထားနိုင်တယ် ဗဟုသုတရှိတယ်လို့ဆိုရပါမယ်။ ဗဟုသုတကိုအသုံးမချတတ်ရင် ကြောက်စရာကောင်းတယ်ဆိုတာ ဒါမျိုးကိုဆိုလိုတာပါ။ ဟာမန်းဟက်စ်ရဲ့ သိဒ္ဓတ္ထ ဝတ္ထုထဲမှာလည်း ဒီသဘောကိုရေးထား ပါတယ်။ သိဒ္ဓတ္ထ (ဘုရားလောင်းနဲ့နာမည်တူသတို့သား/ဝတ္ထုဇာတ်ကောင်)ဟာ ဗုဒ္ဓတရားကိုနာအပြီး သူ့လမ်းသူလျှောက် ဖို့ဆုံးဖြတ်ပြီးထွက်လာတဲ့နေရမှာ ဗုဒ္ဓက သိဒ္ဓတ္ထကို သင်သာပါးနပ်လိမ္မာသူတစ်ယောက်ပဲ၊ သတိထားပါ ၊ သင့်ရဲ့ ပါးနပ် လိမ္မာမှုဟာ အန္တရာယ်ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။ တော်တော်တွေးစရာကောင်းတဲ့အချက်ပါ။
မိုးဆိုတာကတော့ ရွာမှာပါပဲ။ တဂိုးကဗျာထဲက စံပယ်ပွင့်တွေလည်း မိုးရေကြောင့်ကြွေသွားနိုင်သလို ပုရွက်ဆိတ် လေးတွေလည်း သေသွားနိုင်ပါတယ်။ ဒါပေမယ့် မိုးမရွာလို့မဖြစ်ပါဘူး။ နေရာတကာကို ကိုယ့်ကြောင့်များထိခိုက်ပျက်စီး သွားမလားလို့တွေးနေရင် မိုးတိမ်တွေလည်း မရွာဘဲအိပ်နေရပါလိမ့်မယ်။ သူတစ်ပါးနဲ့ကိုယ်နဲ့ကြားကဆက်စပ်မှုကို လိုတာထက်ပိုတွေးနေခြင်းကလည်း အစွန်းတစ်ဖက်ဖြစ်လာပါလိမ့်မယ်။ ဘယ်သူ့ကိုယ်မှဂရုမစိုက်ဘဲ ထင်ရာစိုင်းခြင်းဆို တဲ့အစွန်းနဲ့ဆန့်ကျင်ဘက် အခြားအစွန်းတစ်ဖက်ပါပဲ။ ဒီကိစ္စကတော့ သိခြင်း၊ လက်ခံခြင်း၊ ရဲ့နောက်မှာ ကပ်လိုက်လာရ မယ့် သတိတရားဖြစ်ပါလိမ့်မယ်။ ၅၅၀ လာဇာတ်တော်တစ်ပုဒ်ပဲ။ နာမည်တွေဘာတွေတော့မမှတ်မိ။ သဘောလောက်လေးပြောကြည့်ချင်သေးတယ်။ ဘုရားအလောင်းတော်ဟာ တိုင်းပြည်တစ်ခုကမင်းကျင့်တရားနဲ့ညီတဲ့ရှင်ဘုရင်။ သူ့ညီတော်ကအပြင်မှာလူစုပြီး နန်းလုတယ်။ တိုင်းပြည်ပေးမည်လော စစ်ပြုမည်လောပေါ့။ ဘုရားလောင်းဘုရင်က တိုင်းသူပြည်သားတွေ ဒုက္ခရောက်မယ်ဆိုပြီး စစ်မတိုက်။ နန်းကိုပေးပြီး တောထဲဝင် တရားကျင့်ကြံတယ်။ နန်းလုဘုရင်က စိတ်ထဲမလုံဘူးပေါ့။မတရားရထားတာဆိုတော့ပိုင်းရှင်အစစ်အသက်ရှင် နေသ၍ရန်မအေးဘူးလို့ သူဆုံးဖြတ်တယ်။ ဒီလိုနဲ့ ဘုရင်ဟောင်းရဲ့ဦးခေါင်းကို ဖြတ်ပေးနိုင်သူ အသပြာ တစ်ထောင်ပေးမယ်ဆိုပြီးအမိန့်ထုတ်ပါလေရော။ ဒီလိုနဲ့ တစ်နေ့ကျ တောထဲပန်းခူးထွက်လာတဲ့ပန်းသည်ဟာ ဘုရင်ဟောင်းယောဂီကိုတွေ့တော့ ၀ပ်တွားသမှုပြုတာပေါ့လေ။ ပန်းသည်က ဘုရင်ဟောင်းယောဂီမှန်းမသိပါဘူး။ သာမန်ယောဂီလို့ပဲထင်တာပေါ့။ ဘုရင်ဟောင်းက တိုင်းပြည်အကြောင်းမသိမသာစနည်းနာတဲ့အခါ သူ့ခေါင်းကိုဖြတ်ပေးရင် ငွေတစ်ထောင်ရမယ့်အမိန့်အကြောင်းလည်းကြားရော ဒီပန်းသည်ဟာနွမ်းပါးရှာတယ်။ အသပြာတစ်ထောင်ကိုသူရပါစေဆိုပြီးခေါင်းကိုဖြတ်လှူဖို့ကြံသတဲ့။ ဒါနဲ့ပန်းသည်ကိုဖြစ်ကြောင်းကုန်စင်ပြောပြပြီး သူ့ခေါင်းကိုအလှူခံဖို့ပန်ကြားသတဲ့။ ပန်းသည်ကမယူပါရစေနဲ့တောင်းပန်ပေမယ့် ဘုရားဆုအတွက်ပါရမီဖြည့် ဖို့ရန်အလို့ငှါ အလှူခံခိုင်းသတဲ့။ ဒီလိုနဲ့ ဘုရင်ဟောင်းသေ။ ပန်းသည်က ခေါင်းပြတ်ကိုဘုရင်သစ်ကိုဆက်ရင်း အကြောင်း စုံရှင်းပြ။ နန်းလုဘုရင်နောင်တရ ။ ဇာတ်ကြောင်းက ဒါပါပဲ။ ဗုဒ္ဓဇာတကတွေဟာ ဗုဒ္ဓကိုယ်တိုင်ဟောမဟုတ်ဘူးတို့ နှောင်း အဌကထာဆရာတွေဖြည့်ထားတာတို့ အသံမျိုးစုံကြားရပါတယ်။ သေချာလည်းမလေ့လာနိုင်တော့သလို ငြင်းခုံမှုလည်း မပြုလုပ်လိုပါဘူး။ ဒီဇာတ်လမ်းတွေ အဟုတ်ဖြစ်ခဲ့သည်ဖြစ်စေ မဖြစ်ခဲ့သည်ဖြစ်စေ ဒီသဘောတရားကနေ ကျနော်တို့ယူငင်သုံးစွဲလို့ရတဲ့ အသိတရားတွေအများကြီးပါလာပါတယ်။ ဘယ်လိုယူငင်မလဲ။ တစ်နည်းဘယ်လိုအကျိုးရှိအောင်ကြည့်မလဲ။ ဒါကပိုအရေးကြီးတယ်လို့ထင်ပါတယ်။ ဒီဇာတ်တော်မှာ မပြောဘဲတမင်ချန်ခဲ့တဲ့ အပိုင်းရှိပါတယ်။ ဘုရားလောင်းဘုရင်ဟာ သူ့ခေါင်းကိုဖြတ်တဲ့အခါ အဓိဌာန်ပါသတဲ့။ ငါ့ခေါင်းကိုလက်နဲ့ဆွဲမ ရုံဖြင့် တိတိရိရိပြတ်ပါလာပါစေ။ ထိုခေါင်းကို ပေးလှူပြီး သာဓုအနုမောဒနာ ပြုပြီးခါမှ အသိစိတ်ပြတ်စဲပြီး သေဆုံးပါစေလို့အဓိဌာန်ပါတယ်။ ယုတ္တိ ရှိတယ် မရှိဘူးတွေငြင်းမယ့် အစား မြင်မိတာကတော့ ပညာရှိပုဂ္ဂိုလ်တွေဟာ အလဟသအဆုံးရှုံးခံမှုမျိုးကို ဘယ်တော့မှမလုပ်ဘူးဆိုတဲ့ အသိတစ်ခုပါပဲ။ အသက်အသေခံပေမယ့် ၀မ်းမြောက်ကြည်နူးသောသဒ္ဓါစိတ်နဲ့ ဘ၀ကိုသေချာပေါက်အဆုံးသတ်ပစ်နိုင်ခဲ့တယ်။ ပါရမီရှင်တွေ ပညာရှိတွေဟာ လောကကိုဘယ်တော့မှအရှုံးမပေးပါဘူး။ သူတို့ပေးဆပ်မှုနဲ့ထိုက်တန်တဲ့ ရလဒ်ကိုတရားမျှတစွာ ရယူနိုင်ကြပါတယ်။ စွန့်လွှတ်စွန့်စားမှုတိုင်းမှာ ပညာနဲ့ယှဉ်သော စိတ်ထားတစ်ခုတော့ လိုက်နိုင်ဖို့တကယ်အရေးကြီးပါတယ်။ သေချာမှဖြစ်ပါမယ်။ အဲ့ဒါဟာ သတိပါပဲ။ ဒီလိုမှမဟုတ်ရင် ကိုယ်တို့ရှုံးပါလိမ့်မယ်။ အချို့သောအရှုံးတွေဟာ အရမ်း နစ်နာလွန်းပါတယ်။
တဂိုးကဗျာနဲ့စမိတော့ တဂိုးကဗျာကိုပဲ ထပ်သတိရမိပြန်ပါတယ်။
မြေမီးခွက်က
သူနှင့်ဆွေမျိုးတော်စပ်ပါသည်ဟုလျှောက်ပြောနေသဖြင့်
စိတ်ဆိုးနေသောဖန်မီးအိမ်သည်
လမင်းထွက်ပေါ်လာသောအခါ
အို...ငါ၏ချစ်လှစွာသောအစ်မတော်ဟု
နှုတ်ဆက်လိုက်လေသည်။
(ရာဘင်ဒြာနသ်တဂိုး)
ကိုယ်တွေဟာ သံသရာတစ်လျှောက်စုံခဲ့ပါပြီ။ ရှင်ကြီးဝမ်းရှင်ငယ်ဝမ်း အကုန်ဝင်ခဲ့ပြီးပါပြီ။ မြေမီးခွက်နေရာလည်း ရောက်ခဲ့ဖူးသလို ဖန်မီးအိမ်အဖြစ်လည်းတည်ငြိမ်ခဲ့ဖူးပါပြီ။ လမင်းအဖြစ်လည်း ဝင်းပခဲ့ဖူးပါပြီ။ ကဗျာထဲကလို နှိမ့်ချခံရခြင်း မြှောက်ပင့်ခံရခြင်းလို လောကသဘာဝရေလှိုင်းတွေရဲ့ရိုက်ပုတ်မှုမျိုးစုံလည်းကြုံခဲ့ရပါပြီ။ နေဝင်နေထွက်အောက်မှာ ထူးဆန်းတာ ကျန်သေးရဲ့လား။ ဘာတွေများစိတ်ဆိုးနေပါသလဲ ဘာတွေများလိုချင်နေပါသလဲ။ ပြောရတာလွယ်ပါတယ် ရေးရတာလွယ်ပါတယ်။ သဘောတရားစာသိတွေ ငါသိတွေ လွယ်ပါသေးတယ်။ အကုန်လုံးနီးပါးကတော့ သုညဖြစ်ချင် လား လမင်းဖြစ်ချင်လားလို့မေးရင် မဖြစ်ဖူးသေးတဲ့ သုညထက် ဖြစ်ဖူးခဲ့တဲ့လမင်းကိုသာ ပြန်လည်တမ်းတနေကြဦးမယ် ထင်တာပါပဲ။

Friday, October 23, 2015
အချစ်၏တွန့်ခေါက်သွားသောအရေပြားများ
အချစ်၏တွန့်ခေါက်သွားသောအရေပြားများ
ငယ်ရွယ်ချောမောတဲ့မုဆိုးမလေး အက်ဒလိုင်းဘိုးမန်းတစ်ယောက် သူမမိဘတွေရှိရာ ကယ်လီဖိုးနီးရား ပြည်နယ်ကို တစ်ယောက်ထဲကားမောင်းရင်းပြန်လာခဲ့တယ်။ ၁၉၃၇ ရဲ့နှောင်းပိုင်းကာလတစ်ခုမှာပေါ့။ ဆီနိုမာ ဆိုတဲ့မြို့လေးကိုအဝင်မှာ ရုတ်တရက်ပဲနှင်းတွေကျလာခဲ့တယ်။ မသဲကွဲတဲ့လမ်းကို စူးစိုက်မောင်းနှင်ရင်း လမ်းအချိုးအကွေ့တစ်ခုကိုမမြင်နိုင်တော့ဘဲ အက်ဒလိုင်းရဲ့ကားလေးဟာ ချောက်နက်တစ်ခုထဲ ထိုးကျသွား တော့တယ်။ ပြီးတော့ အလွန်အေးစက်တဲ့ ရေပြင်ထဲနစ်မြုပ်သွားတယ်။ အလွန်အေးတဲ့ရေနဲ့ရုတ်တရက်ထိလိုက် ရတဲ့အချိန်မှာ ခန္ဓာကိုယ်ရဲ့ Reflex သဘောတရားအရ အသက်ရှူရုတ်တရက် ရပ်သွားပြီးနှလုံးခုန်နှုန်းလည်း နှေးသွားတယ်။ နှစ်မိနစ်အတွင်းမှာပဲ ခန္ဓာကိုယ်တွင်းအပူချိန်ဟာ ၈၇ ဒီဂရီဖာရင်ဟိုက်ပဲရှိပါတော့တယ်။ နှလုံးခုန်လည်းရပ်သွားပါပြီ။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ သူမရဲ့ကားကို မိုးကြိုးပစ်ချခြင်းခံလိုက်ရပါတယ်။ အလွန်ပြင်းထန်တဲ့ လျှပ်စစ်ဗို့အားဟာ အက်ဒလိုင်းရဲ့နှလုံးကိုပြန်နှိုးပေးလိုက်တယ်။ သူမ အသက်ပြန်ရှူလာ တယ်။ အထူခြားဆုံးကတော့ အဲ့အချိန်ကစပြီး အက်ဒလိုင်းဟာ ဆက်လက်အိုမင်းရင့်ရော်ခြင်းမရှိတော့တာပါပဲ။ ၁၉၀၈ ခုနှစ်ရဲ့ နှစ်သစ်ကူးညမှာမွေးခဲ့တဲ့ အက်ဒလိုင်းရဲ့ဘဝဟာ အသက် ၂၉နှစ်အရွယ်မှာ ရပ်တန့်လို့သွားပါ တော့တယ်။
The age of adaline ဇာတ်ကားဟာ ၂၀၃၅ ခုနှစ်မှရှာတွေ့မယ့် မှန်းဆသိပ္ပံသီအိုရီတစ်ခုကို အခြေခံထားတဲ့ စိတ်ကူးယဉ်ဆန်ဆန် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ အဓိကဇာတ်ဆောင် Adaline Bowman နေရာမှာ မင်းသမီးချောလေး Blake Lively ကသရုပ်ဆောင်ထားပါတယ်။ Blake Lively ရဲ့အရင်ဇာတ်ကား တွေမှာ သူမရဲ့သရုပ်ဆောင်မှုကို ထူးထူးခြားခြားပြောင်မြောက်တယ်လို့မဆိုနိုင်ခဲ့ပေမယ့် ဒီကားမှာတော့ သူမဇာတ်ရုပ်နဲ့လိုက်လျောပြေပြစ်မှုရှိတာကို မြင်ရပါတယ်။ ပြီးတော့ ဇာတ်လမ်းအလယ်လောက်မှာပေါ်လာတဲ့ ဝါရင့်မင်းသားကြီး Harrison Ford ရဲ့သရုပ်ဆောင်မှုဟာ ဇာတ်ကားကိုအထွဋ်အထိပ်ရောက်အောင် ဆွဲခေါ်နိုင် ခဲ့ပါတယ်။ ဒါပေမယ့် ကြိုကြိုတင်တင်စကားဦးသမ်းထားချင်တာက ဒီဇာတ်ကားဟာ ပြီးပြည့်စုံအောင် ကောင်း တယ်လို့တော့ မဆိုချင်ပါဘူး။ ဒါပေမယ့် တွေးစရာတွေ တပုံတပင်ချန်ထားနိုင်ခဲ့တာကတော့ ဒီဇာတ်ကားရဲ့ ထူးခြားချက်ဖြစ်မယ်ထင်ပါတယ်။
ကျနော်တို့အသက်မကြီးတော့ဘူးဆိုရင် ဆိုတဲ့ခေါင်းစဉ်တပ်ပြီးစာတစ်ပုဒ်ရေးကြပါစို့။ မအိုမင်းတော့ဘူး ဆိုတာ လူတိုင်းလိုလို ဖြစ်ချင်တဲ့ဆန္ဒပါ။ ဒီဇာတ်ကားထဲက အက်ဒလိုင်းဆိုတဲ့ကောင်မလေးဟာ ငယ်ရွယ်မှုနဲ့ ရင့်ကျက်တည်ငြိမ်မှုစုံစည်းတဲ့ ၂၉နှစ်ဝန်းကျင်မှာ အိုမင်းမှုရပ်တန့်သွားတာပါ။ မငယ်လွန်းမကြီးလွန်းတဲ့အချိန်မှာ ဒီလိုဖြစ်သွားတာ အလွန်ပျော်စရာကြီးပါ။ ဒါပေမယ့် အဲ့ဒီလိုထင်ရင်မှားသွားပါမယ်။ အက်ဒလိုင်းဟာ မအိုမင်း ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဘဝတစ်လျှောက်လုံးခံစားရပါတော့တယ်။ အစပိုင်း ဆယ်စုနှစ်လောက်တော့ ဘယ်သိသာဦးမလဲ။ ဒါပေမယ့် သူမရဲ့သူငယ်ချင်းတွေအတော်များများ ရင့်ရော်လာကြတဲ့အချိန်မှာ သူမဟာ အများရဲ့အာရုံစိုက်ခြင်းကိုခံလာရပါပြီ။ သူမအနေနဲ့ ရင်းနှီးသိကျွမ်းသူတွေထဲ သွားလာလှုပ်ရှားဖို့ခက်ခဲလာ ပါတယ်။ ဒီလိုနဲ့သူမဟာ လူ့အသိုင်းအဝိုင်းထဲက မသိမသာထွက်ပြေးလာရတယ်။ တစ်မြို့ပြီးတစ်မြို့ပြောင်းရ တယ်။ အစိုးရကသူမကို သတိထားမိသွားပြီး စမ်းသပ်မှုတွေလုပ်ဖို့ကြိုးစားတယ်။ ကံကောင်းထောက်မစွာနဲ့ သူမ ထွက်ပြေးနိုင်ခဲ့တယ်။ အက်ဒလိုင်းရဲ့ဘဝဟာ မလုံခြုံတော့ဘူး။ သူမရဲ့ဘဝအမှန်ကို အထပ်ထပ်ဖုံးကွယ်ရတော့ တယ်။ ဆယ်စုနှစ်တစ်ခုတိုင်း နာမည်အသစ်တစ်ခုနဲ့မှတ်ပုံတင်အတုတွေ လုပ်ရတော့တယ်။ နှစ်ပေါင်းများစွာ နေခဲ့ရတော့ ဘာသာစကားတွေလည်းအများကြီးတတ်လာတယ်။ ပညာရပ်အသိတွေလည်း အများကြီးတတ် လာတယ်။ ဒါပေမယ့် သူမရဲ့ဘဝဟာ အလွန်အထီးကျန်စွာနဲ့ အိမ်မွေးခွေးလေးတစ်ကောင်ကို အဖော်ပြုပြီး နေနေရတာပါ။
နောက်ထပ်တွေးစရာကိစ္စကတော့ သူမရဲ့လှပမှုကြောင့် အမျိုးသားများစွာရဲ့စိတ်ဝင်စားမှုကို ခံရတယ်။ ဒါပေမယ့် အတူနေထိုင်ပေါင်းဖက်ဖို့အထိ ကတော့ မဖြစ်နိုင်ဘူး။ သူမရဲ့ဘဝအမှန်ကို ဖွင့်ပြောဖို့အက်ဒလိုင်းဟာ ကြောက်ရွံ့နေခဲ့ပါတယ်။ သူမဟာ ဘဝတစ်လျှောက်ယောက်ျားများစွာနဲ့ဆုံဆည်းခဲ့ပေမယ့် ချန်ရစ်ထားခဲ့မိတာ ချည်းပါပဲ။ အက်ဒလိုင်းဟာ ဘဝအမှန်ကနေအမြဲကိုထွက်ပြေးနေခဲ့ရသူပေါ့။ သူမရဲ့အဖြစ်မှန်ကိုသိသွားရင် သိပ္ပံပညာအတွက်အစမ်းသပ်ခံဘဝနဲ့နေသွားရမှာကို စိုးရိမ်ကြောက်ရွံ့နေရသူပါ။ ဒါပေမယ့် တစ်ခုသောနှစ်သစ် ကူးညမှာ အဲလစ်ဂျုန်း (Michiel Huisman)ဆိုတဲ့ကောင်လေးနဲ့သိကျွမ်းဆုံဆည်းခဲ့ရတယ်။ တိုတိုပြော ရရင်တော့ အက်ဒလိုင်းဟာအဲလစ်နဲ့ချစ်သူတွေဖြစ်သွားခဲ့ပါတယ်။ အဲလစ်ကတော့ အက်ဒလိုင်းကို ဂျန်နီ အဖြစ်နဲ့သိထားခဲ့ရတာပါ။ သူမရဲ့နာမည်များစွာထဲက နောက်ဆုံးမှတ်ပုံတင်ထဲပါတဲ့ နာမည်ပေါ့လေ။ အဲလစ်က သူ့အဖေနဲ့အမေရဲ့ အနှစ်လေးဆယ်မြောက်မင်္ဂလာနှစ်ပတ်လည်အတွက် သူ့အိမ်ကိုလိုက်ခဲ့ဖို့ အက်ဒလိုင်းကို ခေါ်ပါတယ်။ အက်ဒလိုင်းကလည်း လွယ်လွယ်နဲ့လိုက်ဖို့သဘောတူလိုက်ပါတယ်။ ကမ္ဘာကြီးဟာ ကျဉ်းကျဉ်းလေးလို့ ပြောနေကျအတိုင်းပဲပြောရမှာပေါ့လေ။ အနှစ် ၄၀ မြောက်မင်္ဂလာနှစ်ပတ်လည်ကို ကျင်းပနေတဲ့ အဲလစ်ရဲ့ အဖေဟာ တစ်ချိန်တုန်းက ၊ လွန်ခဲ့တဲ့နှစ်လေးဆယ်စွန်းစွန်းတုန်းက၊ တစ်နည်းအားဖြင့် အက်ဒလိုင်း အသက် ၆၀ ကျော်အချိန်တုန်းက ဆုံဆည်းချစ်ကျွမ်းခဲ့ရတဲ့ ဝီလီယံဂျုန်း( Harrison Ford)ဆိုတဲ့ ကောင်လေးပါပဲ။ အက်ဒလိုင်းရဲ့ မပြောင်းမလဲနုပျိုဆဲရုပ်ရည်ဟာ အသည်းစွဲချစ်ခဲ့ရသူ ဝီလီယံကို ချက်ချင်းပဲ မှတ်မိသွားစေခဲ့ပါတယ်။ အက်ဒလိုင်းဟာ ဝီလီယံကိုလည်းသူမရဲ့ကြောက်ရွံ့ဖုံးကွယ်မှုတွေအတွက် ချန်ရစ်ထား ခဲ့ရဖူးတာပေါ့။ ဂျန်နီတစ်ဖြစ်လဲ အက်ဒလိုင်း ဘာလုပ်မလဲ။ “အန်ကယ်ဝီလီယံရဲ့ အက်ဒလိုင်းဘိုးမန်း ဆိုတာ ကျွန်မအမေပါပဲ။ အမေနဲ့ကျွန်မက ရုပ်ချင်းသိပ်တူတာ” လို့ ပြောရတော့တာပေါ့။ ဒါပေမယ့် သိပ်မကြာခင် မှာပဲ ဝီလီယံဟာ အဖြစ်မှန်ကိုသိသွားခဲ့ပါတယ်။ သက်သေကတော့ သူကိုယ်တိုင်ချုပ်ပေးခဲ့ရတဲ့ အက်ဒလိုင်း ရဲ့ လက်က အမာရွတ်လေးပေါ့။ အမာရွတ်ဆိုတာ ပျောက်မသွားဘူးမလား။
ဒီနေရာမှာရာမှာ ရပ်ပြီးတွေးမယ်ဆိုရင် အများကြီးကိုတွေးစရာရှိလာပါတယ်။ မေးစရာတွေလည်း ရှိလာ ပါတယ်။ လူအချင်းချင်း သတ္တဝါအချင်းချင်း ကူညီစောင့်ရှောက်ဖေးမတဲ့ အချစ်မျိုးကိုမဆိုလိုဘဲ ယောက်ျားနဲ့ မိန်းမကြားက တဏှာပေမ အချစ်မျိုးကို စဉ်းစားကြည့်မိပါတယ်။ ဝီလီယံဟာ အသက် ၆၀ ကျော်အရွယ် အက်ဒလိုင်းကိုတွေ့ဆုံချစ်ကြိုက်ခဲ့တယ်။ သို့ပေမယ့် အက်ဒလိုင်းဟာ သူမရဲ့နုပျိုတဲ့ရုပ်ရည်နဲ့မဟုတ်ဘူး အိုမင်းနေတဲ့ရုပ်ရည်ဖြစ်နေခဲ့ရင် သူတို့နှစ်ဦးကြားက အချစ်ဟာဖြစ်တည်လာနိုင်ပါ့မလား။ Yes or No အဖြေက တော့ကွဲပြားမှာပါ။ ဒါပေမယ့် လက်တွေ့ဆန်ဆန်ဖြေရရင်တော့ No ပါ။ ဝီလီယံရဲ့သားဖြစ်တဲ့ အဲလစ်ဆိုရင် အက်ဒလိုင်းနဲ့ဆုံတဲ့အချိန်မှာ သူမအသက်ဟာ ၁၀၇ နှစ်ပါ။ သူတို့နှစ်ဦးကြားမှာ ခုနကမေးခွန်းကိုပြန်မေးရင် No ဆိုတဲ့အဖြေဟာ ပိုသေချာလာပါတယ်။ ဒါဆိုရင် အချစ်ရဲ့ဖြစ်တည်ရခြင်းအကြောင်းအရင်းထဲမှာ ရုပ်ရည်လှပမှု၊ ငယ်ရွယ်နုပျိုမှုဆိုတဲ့အချက်ကို ထည့်ကိုစဉ်းစားရတော့မှာဖြစ်ပါတယ်။ ရင်းနှီးစွဲလမ်းမှုဆိုတဲ့ကိစ္စကိုတော့ အထူးတလည်ပြောနေစရာမလိုတော့ပါဘူး။ အချစ်ရဲ့အခြေခံအကြောင်းအရင်းလို့ကိုဆိုရမှာပါ။ ဆန့်ကျင်ဘက် လိင်နှစ်ခုကြားကအချစ်ဟာ စိတ်လှုပ်ရှားမှု၊ မွတ်သိပ်မှုကနေ လာခဲ့ရတာပါပဲ။ အနေကြာလာရင်းကသာ ခင်မင် ဖေးမမှု သံယောဇဉ်တရားဘက်ဆီကို ကူးသန်းသွားခဲ့ပုံပေါ်ပါတယ်။ နောက်ထပ်မေးခွန်းတစ်ခု ထပ်တွေးမိပါ သေးတယ်။ အသက် ၆၀ အက်ဒလိုင်းနဲ့ အသက် ၂၀ ကျော် ဝီလီယံအနေအထားကို အသက် ၂၀ ကျော် အက်ဒလိုင်းနဲ့ အသက် ၆၀ ဝီလီယံ အခြေအနေအဖြစ်ပြောင်းစဉ်းစားကြည့်ရအောင်ပါ။ ပြီးရင် ခုနက မေးခွန်းကို ပြန်မေးကြည့်မယ်ဆိုရင် Yes နဲ့ No အချိုးက No ဘက်ကိုတဖက်စောင်းနင်းဖြစ်ရာကနေ ကွာဟချက် ကျဉ်းမြောင်းသွားနိုင်ပါတယ်။ ယောက်ျားတစ်ယောက်အတွက်အသက်အရွယ်ကြီးရင့်မှုဟာ နုပျိုမှုကိုစွန့်ခွာခဲ့ရ ပေမယ့် ရင့်ကျက်မှုနဲ့အမျိုးသမီးတစ်ယောက်ကိုစွဲဆောင်ထားနိုင်ပါသေးတယ်။ လိင်ပိုင်းဆိုင်ရာလိုအပ်ချက်ကို လည်း အဲ့ဒီ့အရွယ်မိန်းမတစ်ယောက်ထက်စာရင်တော့ ဖြည့်ဆည်းနိုင်ပါသေးတယ်။ ဒါဟာ တဏှာပေမ အချစ် တစ်မျိုးထဲအတွက် ကွက်ပြီးစဉ်းစားကြည့်ခြင်းပဲဖြစ်ပါတယ်။ အရပ်သုံးစကားနဲ့လွယ်လွယ်ပြောရရင် ခပ်ငယ်ငယ် ကောင်လေးဟာ အသက်၆၀ အမျိုးသမီးကိုချစ်နိုင်ဖို့ခက်ပါတယ်။ အသက်ငယ်ငယ်ကောင်မလေးကတော့ အသက် ၆၀ လောက်အမျိုးသားကို စွဲလမ်းသွားဖို့ဖြစ်နိုင်ချေရှိနေပါတယ်။ ရင်ခုန်စိတ် လှုပ်ရှားမှုကို အခြေခံတဲ့ အချစ်အတွက် နုပျိုမှု၊ လှပသောအာရုံဟာ ယောကျာ်းတစ်ယောက်အတွက်စာရင် မိန်းမတစ်ယောက်မှာရှိနေဖို့ ပိုပြီးလိုအပ်နေတယ်လို့ ဆိုရမှာပါပဲ။
တစ်ဦးထဲအမြင်နဲ့ဆိုရရင်တော့ အများပြောနေသလို အချစ်ဟာသန့်စင်မြင့်မြတ်တဲ့အရာလို့ ကျနော့် အနေနဲ့မယုံကြည်ပါ။ သို့ပေမယ့် ညစ်ပတ်ရှုပ်ထွေးတဲ့အရာလို့လည်း မသတ်မှတ်ပါ။ အချစ်ဟာ ခန္ဓာကိုယ် နှစ်ခု ရဲ့ ဓာတုဗေဒလှုံ့ဆော်မှုသပ်သပ်မျှပါပဲ။ ရင်းနှီးထိပွင့်သွားတဲ့ မီးပွားလေးပါပဲ။ အသစ်အသစ်ကို အမြဲဆာလောင် နေတဲ့ ငြီးငွေ့လွယ်အာရုံတစ်မျိုးပါပဲ။ အချစ်ဟာ အလွန်လွယ်လွယ်ကူကူဖြစ်ထွန်းနိုင်တဲ့ အရာပါပဲ။ ဘဝ တစ်လျှောက်လုံးမှာ အချစ်ဟာ အကြိမ်များစွာပေါ်ပေါက်ခဲ့ ပေါ်ပေါက်ဆဲ ပေါ်ပေါက်ဦးမှာပဲ။ အချစ်ကို အရင်းတည်တဲ့ ဗဟိုချက်တွေ အရာဝတ္ထုတွေကတော့ အမြဲပြောင်းလဲနေနိုင်ပါတယ်။ ဒါပေမယ့်အချစ်တစ်ခုထဲ ရှင်သန်လို့တော့ ရမှာမဟုတ်ပါဘူး။ အချစ်နောက်မှာ ဉာဏ်ပညာပါလာရပါတယ်။ လူ့အသိုင်းအဝိုင်းထဲနေတဲ့ အတွက် စောင့်ထိန်းသင့်တဲ့ လူမှုစည်းမျဉ်းဆိုတာရှိလာရပါတယ်။ ပြီးတော့ မတူညီတဲ့အတွေ့အကြုံတွေကို အတူတကွရင်ဆိုင်ခြင်းဆိုတဲ့ မိတ်ဆွေဆန်တဲ့ဖေးမကြင်နာမှုမျိုးကို မွေးမြူလာရပါတယ်။ အချစ်ဟာ ဖျတ်ခနဲ ပေါ်လာတဲ့ မီးစကလေးဖြစ်ပြီး သတိနဲ့ဉာဏ်ပညာကို အချိန်ကိုက်အသုံးချနိုင်ပါမှ အဲ့မီးစကလေးကနေ မီးကူး ယူနိုင်ပြီး ဘဝအမှောင်ထဲ လမ်းကိုရှာဖွေနိုင်မယ့် မီးတောက်ကလေးကိုထွန်းညှိနိုင်ပါလိမ့်မယ်။ အဲဒီ့မီးတောက် လေးကတော့ တစ်ဦးအကျိုးကိုတစ်ဦးလိုလားတဲ့ မေတ္တာတရာဖြစ်လာပါလိမ့်မယ်။ မီးတောက်လေးကြီးလာလေ အလင်းပိုများများရလေ နွေးထွေးမှုပိုများများရလေပါပဲ။ ဒီလိုမှမဟုတ်ရင်တော့ မှောင်ရီတဲ့ကပွဲကြမ်းပြင်မှာ တဖွားဖွားပေါ်လာပြီး ခဏချင်းပျောက်သွားတဲ့ မီးပွားလေးတွေနဲ့အတူ ကကုန်နေရင်း မူးဝေမောပန်းလာရမှာပါ။ ဘဝဟာ တဖြည်းဖြည်းအိုမင်းလာတဲ့အခါ အိမ်မှာချိတ်ထားဖို့ မီးအိမ်လေးတစ်လုံးဟာ လိုကိုလိုလာမှာပါ။
အက်ဒလိုင်းဟာ အချစ်ကိုအကြိမ်များစွာကြုံခဲ့ရတာပဲ။ ဒါပေမယ့် မီးပွားလေးကနေ မီးတောက်တစ်ခု အဖြစ်ကူးညှိဖို့အတွက်ကျတော့ သူမရဲ့ရပ်တန့်နေတဲ့အိုမင်းမှုက ကျွန်းတစ်ခုလိုလာခံနေခဲ့ရတာပါ။ အတူအိုမင်း ကြီးပြင်းသွားဖို့ သူမတကယ်လိုချင်နေခဲ့တာပါ။ လူနှစ်ယောက်ကြားက ဆက်ဆံရေးတစ်ခုဟာ အတူတကွဖြတ် သန်းမှုကသာ အဓိပ္ပာယ်ရှိလာစေတာဖြစ်တယ်။ တစ်ယောက်ယောက်က နောက်ကျန်ရစ်ခဲ့ပြီဆိုရင် ပွိုင့်နှစ်ခု ကြားကအကွာအဝေးဟာ ကြာလေဝေးလေဆိုရင် ညှိရခက်လာပါပြီ။ အချိန်ကာလရဲ့ရပ်တန့်ခြင်း ကပြောင်းက ပြန်ဖြစ်ခြင်းကြားက ချစ်သူနှစ်ဦးဟာ အတူရပ်တည်ဖို့ဆိုတာမလွယ်လှပါဘူး။ ဒီလိုသဘောကို The Curious Case of Benjamin Button ဇာတ်ကားထဲမှာလည်း မြင်ရပါတယ်။ ကြီးပြင်းမှုရဲ့ဂရပ်မျဉ်းမှာရပ်တန့်ကျန်ရစ်ခဲ့ မယ့်သူမအဖြစ်ဟာ ဘေးကလက်တွဲဖော်ကို လက်ပြနှုတ်ဆက်ခဲ့ရဦးမှာပါ။ ဒါကြောင့်သူမဟာ အမြဲထွက်ပြေး နေခဲ့ရတာပါ။ စိတ်ပိုင်းဆိုင်ရာအရ နှစ်ပေါင်းများစွာသိခဲ့ရတဲ့လောကယန္တရားရဲ့အလှည့်အပြောင်းတွေကို ခံနိုင် ရည်ရှိခဲ့ရင်တောင် ရုပ်ပိုင်းဆိုင်ရာရပ်တန့်နေမှုဟာ ပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်မှုကိုဖျက်စီးပစ်ဦးမှာပါ။ လူတွေ နဲ့ဝေးဝေးမှာ ချစ်သူနှစ်ယောက်ထဲအတူတူနေရအောင်ဆိုတာကလည်း စိတ်ကူးယဉ်ဆန်လွန်းတဲ့ဖြေရှင်းချက် သပ်သပ်မျှပါပဲ။ အဲ့လိုနေနိုင်သည့်တိုင်အောင် တဖြည်းဖြည်းအိုမင်းလာတဲ့လက်တွဲဖော် နဲ့ မပြောင်းမလဲကျန် နေခဲ့မယ့် သူမနဲ့ကြားက အက်ကြောင်းတွေကိုဖာထေးဖို့မလွယ်လှပါဘူး။ ကိုယ့်လက်တွဲဖော်သေဆုံးသွားမယ့် အချိန်ကိုစောင့်ကြည့်နေရင်း မိမိမှာအပြစ်ရှိသလိုခံစားချက်ကိုထိန်းချုပ်ဖို့ကလည်း နာကျင်စရာပါ။ Tom Hanks ရဲ့ Green Mile ဇာတ်သိမ်းမှာလည်း သေဆုံးမှုရပ်တန့်နေတဲ့တွမ်ဟန့်တစ်ယောက် ကိုယ့်ချစ်သူတွေသေသွား တာကိုမြင်နေရတဲ့ နာကျင်မှုကို ပြသွားတာကိုလည်း သတိရမိပါတယ်။ ဒါဟာ စိတ်ကူးနဲ့မှန်းဆကြည့်လို့ရတဲ့ ဝဋ်ဒုက္ခတစ်ခုပါ။
အက်ဒလိုင်းရဲ့ ဇာတ်သိမ်းကတော့ Happy Ending လို့ပဲဆိုရမှာပေါ့။ အဲလစ်ဆီကထွက်ပြေးရင်း ကားအက်ဆီးဒန့်ဖြစ်၊ သူမ ပထမတစ်ခါ ဖြစ်တုန်းကလိုပဲ နှင်းတွေကျလာ၊ အေးစက်သေဆုံးလုဆဲဆဲမှာ လျှပ်စစ် နဲ့ ရိုက်ပြီး နှလုံးခုန်စေခဲ့၊ အက်ဒလိုင်း ပြန်လည်ရှင်သန်ခဲ့ပါပြီ။ ဒီတစ်ခါတော့ ရပ်တန့်နေတဲ့ အိုမင်းမှုကိုပါ လှုပ်နှိုးလိုက်နိုင်ပါပြီ။ ဆံပင်ဖြူလေးတစ်ပင်ထွက်လာတဲ့အခါ မျက်ရည်လည်ဝမ်းသာသွားရတဲ့ အက်ဒလိုင်းရဲ့ခံစားမှုကို ကျနော်တို့နားလည်နိုင်လောက်မယ်ထင်ပါတယ်။ သာမန်လူဖြစ်ရခြင်းရဲ့ ပျော်ရွှင်မှု ဆိုတာ ဒါပဲဖြစ်ပါလိမ့်မယ်။ အက်ဒလိုင်းရဲ့ သမီးငယ် ဖလင်းမင်း ( Ellen Burstyn) ကတော့ အဖွားကြီးအိုဖြစ်နေပြီပေါ့။ သူမရဲ့နုနယ်လှပ နေသေးတဲ့ အသက်တစ်ရာကျော်အမေနဲ့ သူမ မြေးအရွယ်လောက်ရှိမယ့် အဲလစ်တို့စုံတွဲကိုကြည့်ပြီး ပျော်နေပုံ ပါပဲ။
ဘာပဲဖြစ်ဖြစ် ဒီကားမှာရိုးရိုးလေးတွေးရင်တောင် မြင်ရတဲ့အချက်ကတော့ မအိုမမင်းဘဲအကြာကြီးနေရ တာတကယ်ရော ကောင်းရဲ့လားဆိုတဲ့အချက်ပါ။ လူတွေအားလုံးဒီလိုပဲဆိုရင်တော့ ကောင်းပါတယ်။ ပျော်ပျော် ကြီးပေါ့။ အဲလိုမဟုတ်ဘဲ ကိုယ်တစ်ယောက်ထဲထူးပြီး ဆက်လက်ပျိုမြစ်နေမယ်ဆိုရင် သင်ဟာ ကံကောင်းသူ လား ၊ ကံဆိုးသူလားဆိုတာ ဝေခွဲမရဖြစ်သွားနိုင်ပါတယ်။ The age of adaline ဟာ ဇာတ်လမ်းတစ်ခုလုံးအရ ကျေနပ်ဖွယ်ဖြစ်ပေမယ့် ဇာတ်သိမ်းကို ဒီ့ထက်ပိုပြီးစွဲဆောင်မှုရှိရှိသိမ်းလိုက်နိုင်ရင် ပိုသပ်ရပ်သွားမှာပါ။ ဇာတ် သိမ်းပိုင်းက နည်းနည်းမြန်ပြီးဖွယ်တယ်တယ်ဖြစ်သွားတယ်လို့တော့ ခံစားရတာအမှန်ပါပဲ။ ဒါပေမယ့် ဒါကတော့ တစ်ယောက်ချင်းအကြိုက်ပေါ့လေ။ အချစ်ဟာ ရင်ခုန်စရာကောင်းပါတယ်။ ချစ်သူနဲ့အတူတကွ ကြီးပြင်းရခြင်း အိုမင်းရခြင်းကတော့ အလွန်ကိုကြည်နူးစရာကောင်းတဲ့ ဘဝရဲ့အနှစ်သာရပဲဖြစ်မယ်လို့ ထင်မိပါတော့တယ်။

Subscribe to:
Posts (Atom)