စ်န္ရ ရေသ့တစ္ဦး၏ေလထီး
ဝိုင်းစက်သောတိမ်ဟု
အဘိုးအိုရေရွတ်ချိန်မှာ
တဲအိမ်ငယ်သည် လူတွေဆီမှဝေးရာ
လေးဖက်ကျအသော့နှင် ပြေးလာ၏။
အဘိုးအိုရေရွတ်ချိန်မှာ
တဲအိမ်ငယ်သည် လူတွေဆီမှဝေးရာ
လေးဖက်ကျအသော့နှင် ပြေးလာ၏။
ဝါးရွက်ကြွေပုံသည်
ရုပ်ရှင်ဆန်လွန်းစွာ
ကနွဲ့ကလျ တဖွဲ့တနွဲ့
လိုရင်းသို့ မရောက်အရောက် အတင်းအကြပ် သွားဟန်။
ရုပ်ရှင်ဆန်လွန်းစွာ
ကနွဲ့ကလျ တဖွဲ့တနွဲ့
လိုရင်းသို့ မရောက်အရောက် အတင်းအကြပ် သွားဟန်။
ချဉ်ဆားအလို့ငှာ မှသည်
အိမ်သာဟောင်း စက်ပျော်ရာဆီသို့ အလာ/အလား
ယက်ကန်းသည်မ၏ ချည်မျှင်ကြား
ညိုမောင်းရှုပ်ထွေး မုတ်ဆိတ်မွေးများ။
အိမ်သာဟောင်း စက်ပျော်ရာဆီသို့ အလာ/အလား
ယက်ကန်းသည်မ၏ ချည်မျှင်ကြား
ညိုမောင်းရှုပ်ထွေး မုတ်ဆိတ်မွေးများ။
ကျည်ဆံသည် ပျံလာသော်လည်း
သံ၏အရည်ပျော်မှတ်ကိုတွေးတောနေသော နားထင်အား
အရှုံးပေး ငိုယို။
သံ၏အရည်ပျော်မှတ်ကိုတွေးတောနေသော နားထင်အား
အရှုံးပေး ငိုယို။
မီးကိုဖွက်သော ဇု ကို တွေ့သည်နှင့်
ဟဲ့ - အကျင့်ပျက် သူခိုးဟု ဆူဆဲကာ
ရွာသားတို့ ရိုက်နှက်ကြလေသည်
ဖိုးမောင်သည် ရွာမှထွက်သွားပြီး
ဘယ်တော့မှ ပြန်မလာတော့။
ဟဲ့ - အကျင့်ပျက် သူခိုးဟု ဆူဆဲကာ
ရွာသားတို့ ရိုက်နှက်ကြလေသည်
ဖိုးမောင်သည် ရွာမှထွက်သွားပြီး
ဘယ်တော့မှ ပြန်မလာတော့။
လျှပ်စီးလက်၏
ကျဉ်ကြောကို ထိသွားသည်
အူကို ဖိမိသောအခိုက်။
ကျဉ်ကြောကို ထိသွားသည်
အူကို ဖိမိသောအခိုက်။
မှူးနေဝန်း
No comments:
Post a Comment