Sunday, June 14, 2015

လူတစ်ယောက်နဲ့ ပင်လယ်တစ်ကောင် - ၈


လူတစ်ယောက်နဲ့ ပင်လယ်တစ်ကောင် - ၈

 
ခပ်သောက်လိုက်တော့ ချိုနေတယ်
ဒါဘယ်လို ပင်လယ်မျိုးလဲ။
လှိုင်းမထန် လေမပြင်း
ကြမ်းပြင်ထိ ကြည်လင်ဖောက်ထွင်း
သင်္ဘောပျက်မရှိ ၊ ရတနာသိုက်မရှိ
မိခင်လောင်းရဲ့ ၀မ်းပျဉ်းလို
မို့မောက်ညီညာ ရှင်းလင်း
ဒါဟာ ဘာပင်လယ်လဲ။

ကမ္ဘာကြီးမတိမ်းစောင်းခင်က ပင်လယ်ပါ တဲ့
၂၃.၄ ဒီဂရီ မရွဲ့စောင်းခင်က ပင်လယ်ပါ တဲ့
သူဖြေတယ်။
ကလေးငယ်ရဲ့မျက်လွှာချသံလို
နူးညံ့စွာသူဖြေတယ်။
လူသားရဲ့ အံ့သြမှုကို လျစ်လျူရှုထားရင်း
တည်ငြိမ်စွာသူဖြေတယ်။
အရင်တုန်းက သူ့ရင်ခွင်ထဲမှကျွန်းစုများ
ယခုအခါ မွှေးသက်သောပန်းပွင့်တောင်ကုန်းများ
၎င်းတို့ကိုလည်း
လွမ်းဆွတ်စွာသူဖြေကြားခဲ့ပါတယ်။


မှူးနေ၀န်း

6 October 2014

No comments:

Post a Comment