သင်္ကဿနဂိုရ်
သင်္ကဿနဂိုရ်
ဗုံတိုသံများ
ပုလွေသံများ
လက်ခေါက်မှုတ်သံများ။
လူတွေ
အနည်းငယ်အသိနဲ့ပျော်ရွှင်နေ
အနည်းငယ်မျှသောအသိနဲ့ ဆူညံနေ။
ခေါင်းပေါင်းများ
ပစ်မြှောက်ကြ
ပြုတ်ကျသောခေါင်းပေါင်းကို ပြန်ကောက်ကြ။
တိတ်ဆိတ်သူဗုဒ္ဓ
မျက်လွှာချလျှက်
ပြုံးလျှက်
လူအုပ်ကြီးကိုအထက်စီးကကြည့်ပြီး
လက်သီးလက်မောင်းမဆန့်တန်း
`I did it ! ´ ဟု မကြွေးကြော်။
မှူးနေဝန်း
No comments:
Post a Comment