လူတစ်ယောက်နဲ့ပင်လယ်တစ်ကောင် (၇)
ပင်လယ်ကိုမမြင်ဖူးသူမို့
ပင်လယ်နဲ့ ဆုံချင်တယ်။
ပင်လယ်နဲ့ ဆုံချင်တယ်။
ဘ၀မှာ လိုင်းမကောင်းရတဲ့ကြားက
နတ်ဘုရားတွေထံ ဆုတောင်းခဲ့တယ်။
နတ်ဘုရားတွေထံ ဆုတောင်းခဲ့တယ်။
သိကြားမင်းကြီးက ကျောက်ဖျာပေါ်မှာနှပ်နေ
သူရဿတီမယ်တော်က စာကြည့်တိုက်ဖွင့်ပွဲမှာဥက္ကဌလုပ်နေရ
အသူရာက ခေါင်ရေမူးနေတော့ ဆုတောင်းသံမကြား
ဇု နတ်မင်းကတော့ ဘာသာစကားအခက်အခဲကြောင့်
ဆုတောင်းသံကိုနားမလည်။
သူရဿတီမယ်တော်က စာကြည့်တိုက်ဖွင့်ပွဲမှာဥက္ကဌလုပ်နေရ
အသူရာက ခေါင်ရေမူးနေတော့ ဆုတောင်းသံမကြား
ဇု နတ်မင်းကတော့ ဘာသာစကားအခက်အခဲကြောင့်
ဆုတောင်းသံကိုနားမလည်။
လူတစ်ယောက်ရဲ့ဆုတောင်းသံကို
ပင်လယ်ကပဲ လှမ်းကြားရသတဲ့ . .
ဟိုးအဝေး အဝေးဆီကတောင်
လှမ်းကြားလိုက်ရသတဲ့။
ပင်လယ်ကပဲ လှမ်းကြားရသတဲ့ . .
ဟိုးအဝေး အဝေးဆီကတောင်
လှမ်းကြားလိုက်ရသတဲ့။
မေတ္တာတရားဟာ အသွားအပြန်ရှိရမယ်ပေါ့
ရဲဝံ့သောပင်လယ်ရဲ့ နှလုံးအိမ်ဟာ စိုစွတ်လာပါတယ်
ဆော်လမွန်ငါးတွေ အိမ်ပြန်သလို
ပင်လယ်ဟာ ဆန်တက်ခဲ့ပါတယ်။
ရဲဝံ့သောပင်လယ်ရဲ့ နှလုံးအိမ်ဟာ စိုစွတ်လာပါတယ်
ဆော်လမွန်ငါးတွေ အိမ်ပြန်သလို
ပင်လယ်ဟာ ဆန်တက်ခဲ့ပါတယ်။
လူတစ်ယောက်
ရေသန့်ဘူးဖွင့်သောက်ရင်းအလန့်တကြားထွေးထုတ်လိုက်ရတယ်
စိုက်ပျိုးမြေတွေထဲ ဆားတွေပွင့်နေပြီ
စိမ်ထားတဲ့စပျစ်ဝိုင်များ ငန်တူးသွား
မွေးညှင်းပေါက်ထဲက ထိုးထွက်လာတဲ့ ရေမှော်များ။
ရေသန့်ဘူးဖွင့်သောက်ရင်းအလန့်တကြားထွေးထုတ်လိုက်ရတယ်
စိုက်ပျိုးမြေတွေထဲ ဆားတွေပွင့်နေပြီ
စိမ်ထားတဲ့စပျစ်ဝိုင်များ ငန်တူးသွား
မွေးညှင်းပေါက်ထဲက ထိုးထွက်လာတဲ့ ရေမှော်များ။
လူဟာကျောက်တုံးမဟုတ်ဘူး
ချစ်ခြင်းတရားရဲ့လှိုင်းတံပိုးကို မခံနိုင်ရှာဘူး
ပင်လယ်ဟာ တောင်ထိပ်ထိလိုက်လာခဲ့လည်း
လူဟာ မြစ်လိုစီးပြေးသွားခဲ့ပြီ။
ချစ်ခြင်းတရားရဲ့လှိုင်းတံပိုးကို မခံနိုင်ရှာဘူး
ပင်လယ်ဟာ တောင်ထိပ်ထိလိုက်လာခဲ့လည်း
လူဟာ မြစ်လိုစီးပြေးသွားခဲ့ပြီ။
မှူးနေဝန်း
10 May 2014
10 May 2014
No comments:
Post a Comment