လူတစ်ယောက်နဲ့ ပင်လယ်တစ်ကောင်
အူလှိုက်သည်းလှိုက်အော်ရယ်လိုက်တယ်
ကျောက်ဆောင်အချို့က သံယောင်လိုက်
ပင်လယ်လှိုင်းတွေက ရုန်းထ ကခုန်ကြတယ်။
ကျောက်ဆောင်အချို့က သံယောင်လိုက်
ပင်လယ်လှိုင်းတွေက ရုန်းထ ကခုန်ကြတယ်။
သက်ပြင်းတွေ
လေးလေးပေပေမှုတ်ထုတ်လိုက်တယ်
ကျောက်ဆောင်တွေလည်း
မျက်နှာသေကြီးနဲ့ငေးမော
ပင်လယ်လှိုင်းတွေလည်း နိမ့်ဆင်းပြေလျောသွားတယ်။
ကျောက်ဆောင်တွေလည်း
မျက်နှာသေကြီးနဲ့ငေးမော
ပင်လယ်လှိုင်းတွေလည်း နိမ့်ဆင်းပြေလျောသွားတယ်။
ခဲတစ်လုံးပစ်ချလိုက်တယ်
ဝမ်းသာအားရ
ပင်လယ်ကမြိုချသွားတယ်...(ပလုံ)။
ဝမ်းသာအားရ
ပင်လယ်ကမြိုချသွားတယ်...(ပလုံ)။
ရေတစ်ခွက်လောက်ပြန်တိုက်စမ်းပါဆိုတော့
ဆားတွေကိုဖယ်နိုင်ရင်သောက်ပေါ့... တဲ့။
ဆားတွေကိုဖယ်နိုင်ရင်သောက်ပေါ့... တဲ့။
သူကညစ်ကျယ်ကျယ် လုပ်နေမှန်းသိပေမယ့်
မတတ်နိုင်တော့လည်း
သောင်ပြင်မှာလှဲအိပ်ရင်း
ဘယ်အချိန်ရွာမယ်မှန်းမသိတဲ့
တိမ်ယောင်တိမ်ရိပ်ကိုမျှော်နေရတာပဲ.......။
မတတ်နိုင်တော့လည်း
သောင်ပြင်မှာလှဲအိပ်ရင်း
ဘယ်အချိန်ရွာမယ်မှန်းမသိတဲ့
တိမ်ယောင်တိမ်ရိပ်ကိုမျှော်နေရတာပဲ.......။
မှူးနေဝန်း
2010
No comments:
Post a Comment