လူတစ်ယောက်နဲ့ပင်လယ်တစ်ကောင် - ၁၁
လူနဲ့ပင်လယ်
အအေးဆိုင်အမှောင်ဒေါင့်မှာ တိတ်ဆိတ်လို့
နားကြပ်တစ်ဖက်စီ
ဖျော်ရည်တစ်ခွက်စီ
ပြီးတော့ ဒဏ်ရာတစ်ချက်စီ။
သူတို့မောပန်းခဲ့ပါပြီ
သူတို့အိုမင်းခဲ့ပါပြီ။
အေးစက်ခြင်းဟာ ငါတို့ဆီတစ်လှမ်းချင်းလာနေလို့
ကမ္ဘာကိုပင်လယ်ထဲဖြတ်သယ်ပြေးပြီး ဘုရားသခင်ဆီပို့ဆောင်ဖို့
၎င်းအတွက်လိုအပ်သော
လှော်တက်ကို ရှာဖွေဖို့
လူနဲ့ပင်လယ်ဟာ တီးတိုးတိုင်ပင်လို့။
နေရောင်မကုန်ခင်ဆက်ရမယ့်ခရီးများ
အားတင်းရုန်းကြွလာသော ပင်လယ်လှိုင်းခုံးနဲ့
လူရဲ့ကျောကုန်းတို့ မျဉ်းပြိုင်ကွေးများသဏ္ဍာန်ပေါင်းစပ်သွား
ဒါဟာ နောက်ဆုံးသောသက်တံ့ရောင်များလား။
မှူးနေဝန်း

4 April
2015
No comments:
Post a Comment