လူတစ်ယောက်နဲ့ပင်လယ်တစ်ကောင်
( ၂ )
သူ့သောင်ပြင်မှာ
ကိုယ့်အိပ်မက်ကို နေပူလှမ်းရင်း
ပင်လယ်တစ်ကောင်နဲ့ စကားပြောခဲ့ဖူးတယ်။
ကိုယ့်အိပ်မက်ကို နေပူလှမ်းရင်း
ပင်လယ်တစ်ကောင်နဲ့ စကားပြောခဲ့ဖူးတယ်။
သူ့မှာ- ဇင်ယော်ရှိတယ်၊ ဆည်းဆာရှိတယ်
ကိုယ့်မှာ- မျက်မှန်ရှိတယ် ၊ ဆံပင်ဖြူရှိတယ်
သူ့မှာ- လှိုင်းတံပိုးရှိတယ်၊ ကျယ်ပြန့်ခြင်းရှိတယ်
ကိုယ့်မှာ- မာနရှိတယ် ၊ အိပ်စရာကုတင်တစ်လုံးရှိတယ်
သူ့မှာ- ဒီတက်ဒီကျရှိတယ်၊ ကမ်းခြေရှိတယ်
ကိုယ့်မှာ- လောကဓံရှိတယ်၊ ချစ်သူရှိတယ်....။
ကိုယ့်မှာ- မျက်မှန်ရှိတယ် ၊ ဆံပင်ဖြူရှိတယ်
သူ့မှာ- လှိုင်းတံပိုးရှိတယ်၊ ကျယ်ပြန့်ခြင်းရှိတယ်
ကိုယ့်မှာ- မာနရှိတယ် ၊ အိပ်စရာကုတင်တစ်လုံးရှိတယ်
သူ့မှာ- ဒီတက်ဒီကျရှိတယ်၊ ကမ်းခြေရှိတယ်
ကိုယ့်မှာ- လောကဓံရှိတယ်၊ ချစ်သူရှိတယ်....။
“မင်းမှာရှိသလောက်တော့ ငါလည်းရှိပါတယ်
ပင်လယ်ရယ်”
ကိုယ်ကပြောတော့ သူကမကျေနပ်ဘူး
ချက်ချင်းပြန်ပြောတယ်
သူ့မှာ မကုန်ခမ်းခြင်းရှိသတဲ့။
ကိုယ်ကပြောတော့ သူကမကျေနပ်ဘူး
ချက်ချင်းပြန်ပြောတယ်
သူ့မှာ မကုန်ခမ်းခြင်းရှိသတဲ့။
“အလကားပင်လယ်
ဘယ်မြစ်ကိုအဖေခေါ်ရမှန်းမသိတဲ့ကောင်”
ကိုယ့်စကားကြမ်းသွားပုံရတယ်
ရှူးရှူးရှားရှားနဲ့ စိန်လာခေါ်တယ်
တစ်ပွဲတစ်လမ်း..။
ဘယ်မြစ်ကိုအဖေခေါ်ရမှန်းမသိတဲ့ကောင်”
ကိုယ့်စကားကြမ်းသွားပုံရတယ်
ရှူးရှူးရှားရှားနဲ့ စိန်လာခေါ်တယ်
တစ်ပွဲတစ်လမ်း..။
အို .. ဒီကလည်း ကြာသလားလို့
ပင်လယ်ကို ဒိုင်ပင်ထိုးခုန်အုပ်လိုက်
ချက်ကောင်းကိုဒူးနဲ့တိုက်လိုက်တယ်..။
ပင်လယ်ကို ဒိုင်ပင်ထိုးခုန်အုပ်လိုက်
ချက်ကောင်းကိုဒူးနဲ့တိုက်လိုက်တယ်..။
အလန့်တကြားနဲ့ပါပဲ
ပင်လယ်က ကိုယ့်ကိုဖူးခနဲထွေးထုတ်လိုက်တယ်
အထိတ်တလန့်လည်းရေရွတ်လိုက်လေရဲ့
“မင်းဘယ်လိုကောင်လဲ.. ငန်လိုက်တာ” တဲ့။
ပင်လယ်က ကိုယ့်ကိုဖူးခနဲထွေးထုတ်လိုက်တယ်
အထိတ်တလန့်လည်းရေရွတ်လိုက်လေရဲ့
“မင်းဘယ်လိုကောင်လဲ.. ငန်လိုက်တာ” တဲ့။
တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ
ငြိမ်နေလိုက်ရတယ်
ကိုယ့်အရေပြားကို ကိုယ်ပြန်ပြီးကြောက်ရွံ့နေမိသလို...။
ငြိမ်နေလိုက်ရတယ်
ကိုယ့်အရေပြားကို ကိုယ်ပြန်ပြီးကြောက်ရွံ့နေမိသလို...။
မှူးနေ၀န်း
2 March 2012
2 March 2012
No comments:
Post a Comment