Sunday, June 14, 2015
လူတစ်ယောက်နဲ့ပင်လယ်တစ်ကောင်(၄)
လူတစ်ယောက်နဲ့ပင်လယ်တစ်ကောင်(၄)
-ဟိုးတစ်ခါတုန်းက လူတစ်ယောက်ရှိတယ်
သူ့ကို သူ့အဘိုးကဆိုခဲ့ဖူးတယ်
ပင်လယ်ကို ပုံပြင်တွေပြောပြရင်
ပုံပြင်တစ်ပုဒ်ဆုံးတိုင်း
ပင်လယ်က ပုလဲတစ်လုံးပြန်ပေးသတဲ့
ဒါကြောင့်သူဟာ ပင်လယ်ဆီနေ့တိုင်းသွား
ပုံပြင်တွေပြောပြခဲ့သတဲ့
ဒါပေမယ့် ပုလဲတစ်လုံးမှမရခဲ့
အသက်တွေ ကြီးလာတယ်
ပုံပြင်တွေကြီးလာတယ်
မျိုးရိုးအဆက်ဆက် ခေတ်အဆက်ဆက်
ယုံကြည်မှုကို ဖက်တွယ်ဖို့
ဆုပ်ကိုင်ဖို့ အသုံးချဖို့
မှာတမ်းများစွာ
နေ့ပေါင်းများစွာ ပုံပြင်ပေါင်းများစွာ
ဘ၀ပေါင်းများစွာ
ပုလဲတွေကတော့ ရမလာခဲ့ -
ပုံပြင်ကားပြီးချေပြီ
နားထောင်သူ ပင်လယ် သမ်းဝေလျှက်
ပြောပြသူ လူတစ်ယောက် လှိုင်းထန်လျှက်
ပုံပြင်ကားပြီးချေပြီ
ပုံပြင်ကားမပြီးသေး။
မှူးနေဝန်း
22 October 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment